မငိုပါ နဲ့ အဖိုးနဲ့ အဖွားရယ် ဆိုတော့ဝမ်းသာလို့ ကျတဲ့ မျက်ရည်ပါတဲ့

Posted on

အပြည့်အဝ အလျှံအပယ်ကြီး မထောက်ပံ့ပေးနိုင်ပေမယ့် နှမ်းတစေ့လောက် အထောက်အကူဖစ်သွားရင် အဆင်ပြေသွားတယ်ဆိုရင် ပျော်ရွင်သွားဆိုရင် ဒါဟာ ကျနော်တို့ လိုချင် တဲ့ မက်မောတဲ့ ပီတိပါ ။ ပျော်လို့ မျက်ရည်ကျ တယ်ဆိုပေမဲ့ ဝမ်းနည်းခြင်းနဲ့ ဝမ်းသာခြင်း ကရောယှက် နေပါတယ်။ အဆင်မပြေ တဲ့ဘဝတွေကို ကြည့်ရင်းလဲ ကျနော်တို့တွေ အမြဲစိတ်မကောင်းဖြစ်ရပါတယ်။

ပုံ(၁)နဲ့(၂)ထဲက အဖိုးနဲ့အဖွားက ဒဂုံဆိပ်ကမ်း (၆၁)ရပ်ကွက်မှာနေပါတယ် မနေ့က ကျနော့်ရဲ့ မက်ဆင်ဂျာက နေ အကူညီတောင်း လာတာပါ။ ရပ်ကွက်ထဲကနေ အဖိုးနဲ့အဖွား အတွက် အကူညီလှမ်းတောင်း တာပါဆိုတော့ ကျနော် ဒီနေ့သွားကြည့် ဖြစ်ခဲ့တယ်။

အဖိုးနဲ့အဖွားက အသက်(၈ဝ)ကျော်ပါပြီ။ အဖိုးကလဲ ကျန်းမာရေး သိပ်မကောင်းသလို အဖွား ကလဲ လေဖြတ်နေတာ ကြာပါပြီ။ အဖွား ကျနော် အဖွားအတွက် ဆန် နဲ့ အခြားစားစရာတွေ လာလှူပါတယ်၊ အဖွားသုံးဖို့ ဆိုပြီး ငွေနဲနဲကန်တော့ တော့ အဖွားက မပီမသ နဲ့ ဆုတွေပေးရင်း မျက်ရည်တွေ ကျလာတယ်။မငိုပါနဲ့အဖွားရယ် ဆိုတော့ ဝမ်းသာလို့ပါ သားရယ်ဆိုပြီး

2

တုန်တုန်ရီရီနဲ့ ပြန်ပြောရင်း အဖိုးဘက်ကို လှည့်ကြည်တော့ အဖိုးကလဲ မျက်ရည်တွေနဲ့ ကျနော်ထပ်လာကြည့်ပါဦးမယ်လို့ အဖိုးနဲ့အဖွားကို ပြောရင်း အခြားအိမ်တွေဆီ ဆက်လာခဲ့ပေမဲ့ အဖိုးနဲ့အဖွား အဆင်ပြေပါစေလို့ ရင်ထဲတဖွဖွ ဆုတောင်းနေမိတယ်။

ပုံ(၃)ထဲက အဘက တောင်ဒဂုံ (၁၀၅)ရပ်ကွက်မှာနေပါတယ်။ မိန်းမက ပလုံ(ပုလင်း/ဗူး)ကောက်ရင်း ယောက်ျားဖြစ် သူကတော့ လေဖြတ်နေတာပါ။ သို့လော သို့လော အခက်အခဲဖြစ်နေတဲ့ ဝေဒနာရှင်တွေ၊ ကင်ဆာဝေဒနာ သည်တွေ၊ နလုံးအစို့ရှင် ကျယ်လို့ သွေးအန်နေ သူတွေ ၊သက်ကြီးဘိုးဘွား တွေအများကြီးရှိ ပါတယ်။

3

ကျွန်နော် တို့ရဲ့ အလှူဒါန တွေ တကယ်လိုအပ်တဲ့ သူတွေရရှိသွားတာ ဝမ်းသာ ရပါတယ်။ မိမိထက် ခက်ခဲနေတဲ့ဘဝ တွေကို သတိရပေးပါ။ ကူညီပေးကြပါ။ ကျနော် တို့ အတူတူ ဖေး မရင်းကူညီရင်း ဒီရောဂါကြီးကို ကျော်လွှားနိုင်မှာပါ ။ ယနေ့ထက် မနက်ဖြန် ပိုအကျိုးပြုနိုင်အောင်ကြိုးစားပါဦးမယ်။(ပုံများနဲ့မျက်နာဖော်ပြခွင့် ကို တောင်းခံပြီးမှ တင်ခြင်းဖြစ်သည်။)

လေးစားစွာဖြင့်
ပြည်သူသို့မျှဝေခြင်းအဖွဲ့သားများ