မိမိ အိမ်မှာပဲ အလွယ်တကူလုပ်လို့ရတဲ့ ကုန်ကျမှု အနည်းဆုံး မျက်နှာပေါင်းတင်နည်း များ

Posted on

အလှပြင်ဆိုင် သွားမှ မဟုတ်ပါဘူး မိမိအိမ်မှာပဲ အလွယ်ကူဆုံးနဲ့ ကုန်ကျမှုအနည်း ဆုံးဖြစ်အောင် မျက်နှာပေါင်း တင်လိုက်ပါနော်။ မျက်နှာပေါ်မှာ အရေးအကြောင်း တွေ မဖြစ်အောင် ကာကွယ်ဖို့ အတွက် လိုအပ်သော ပစ္စည်းများကတော့ အက်စပရင် (၃) ပြား။သံပရိုရည် လက်ဖက်ရည်ဇွန်း (၃)ဇွန်းပါ။ပြုလုပ်ပုံ ကတော့ သံပရို ရည်ထဲ ကို အက်စပရင် မှုန့်ထည့်ပြီး ပျစ်သွားအောင်မွှေပါ။ မျက်နှာသစ် ပြီးတော့ မွှေထားတဲ့ အနှစ်တွေ ကို မျက်နှာပေါ်မှာ လိမ်းပေးပါ။ (၁၀)မိနစ်ကြာထားပါ။ ၁၀ မိနစ်ကြာ ထားပြီးရင်တော့ ရေများများသုံးပြီး မျက်နှာသစ် လို့ရပါပြီ။

အိမ်မှာနေပြီး သင့်ရဲ့ မျက်နှာကို နုပျိုလှပသွားအောင် လုပ်လို့ရမယ့် နည်းလမ်းလေးတွေ ရှိပါတယ်။မျက်နှာက အမွှေးအမြင်တွေဖယ်ရှားဖို့ အတွက် လိုအပ်သော ပစ္စည်းများ ကတော့ သံပရိုရည် (၁၀)ဂရမ်။ ရေတစ်ခွက်။ ဂျုံ ၃၀ ဂရမ်။ ပြုလုပ်ပုံကတော့ ပါဝင်ပစ္စည်းတွေကို နှံ့သွားအောင်မွှေပြီး မျက်နှာပေါ်ကို လိမ်းပေးပါ။ ခြောက်သွေ့သွားအောင် ၁၅ မိနစ်ထားပါ။ ၁၅ မိနစ်ကြာ ထားပြီးရင်တော့ မျက်နှာပေါ်က အမွှေးအမျှင်ရှိတဲ့ နေရာကို ပုဝါစနဲ့ဖိပြီး သုတ်ပေးရုံပါပဲ။

သင့်ရဲ့ မျက်နှာအသား အရေကို အားဖြည့်ဖို့အတွက် ပါဝင်ပစ္စည်းများကတော့ အက်စပရင် ၅ ပြား။ဒိန်ချဉ်စားပွဲတင်ဇွန်း ၁ ဇွန်း။ ပျားရည်စားပွဲ တင်ဇွန်း ၁ ဇွန်းပါ။ပြုလုပ်ပုံကတော့ အက်စပရင်(၅) ပြားကို ဒိန်ချဉ်၊ ပျားရည် တို့နှင့် ရောမွှေပါ။ မျက်နှာအပေါ်က ချွေးပေါက်တွေ ပွင့်သွား အောင်လို့ ရေနွေးစိမ် ထားတဲ့ ပုဝါကို မျက်နှာ အပေါ် အုပ်ထားပါ။ မျက်နှာက ခြောက်သွားပြီ ဆိုရင် မွှေထားတဲ့ အနှစ်ကို မျက်နှာပေါ်လိမ်းပေးလို့ ရပါပြီ။ မိနစ်(၃၀) ကြာ ထားပြီးရင် ကြက်သီးရေ နွေးလေးနဲ့ မျက်နှာ သစ်လိုက်ရုံပါပဲ။

သင့်ရဲ့မျက်နှာ ပေါ်ကဆဲလ်သေတွေကို ဖယ်ရှား ဖို့အတွက် ပါဝင်ပစ္စည်း များကတော့ အက်စပရင် (၃) ပြား။ကြက်သီးနွေးရေစားပွဲ တင်ဇွန်း (၃) ဇွန်းပါ။ ပြုလုပ်ပုံက တော့ ရေနွေးထဲကို အက်စပရင်ထည့်ပြီး ပျော်ဝင်သွားအောင်မွှေပါ။ မျက်နှာသစ် ပြီးရင်တော့မွှေးထားတာ လေးကို လိမ်းပေးလို့ ရပါပြီ။ မျက်နှာ ပေါ်မှာ(၁၀) မိနစ်ကြာထားပြီး မျက်နှာသစ်လို့ ရပါပြီ။

Crd.(LoveMedia)