၂၀၂၁ ကျမှ ပိုပြီး သိသာလာမယ့် စီးပွားရေး လူမှုရေးအကြပ် အတည်း နှင့် လော့ဒေါင်းအကျိုးဆက်

Posted on

ကိုဗစ် ၁၉ ကပ်ရောဂါနဲ့ပတ်သက်လို့ ကမ္ဘာ့နိုင်ငံများမှာ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်ကျော်လွှားနေရတာပါ။ နယူးဇီလန် လို ကျွန်းနိုင်ငံလေးက လော့ဒေါင်း လုပ်ရတာ လွယ်ပါတယ်။ နယ်နမိတ်ချင်း ကပ်နေတဲ့ နိုင်ငံမရှိဘူး။ ဒါတောင်လော့ဒေါင်းလုပ်တာ တစ် ပတ်ကို ဒေါ်လာသန်း (၅၀၀)ကုန်တယ်။ သုံးလလောက် လုပ်လိုက် တာ ဘယ်လောက်ကုန် မလဲ တွက်ကြည့်ပေါ့။ လော့ဒေါင်းနဲ့ အတူ စီးပွားရေးလုပ်ငန်းတွေ ရပ်သွားတယ်။ တချို့ပြန်မဖွင့် နိုင်တော့ဘူး။ ဒါကြောင့်လဲ နယူးဇီ လန် အစိုးရကကျမတို့နိုင်ငံဟာစီးပွားရေးကျ ဆင်းမှု (Economic Recession)ကို ရောက်သွား ပြီလို့ ကြေငြာခဲ့တယ်။ တခြားနည်းလမ်း ကို စဉ်းစားကြရတော့ တယ်။

သြစတေးလျ ကတော့ အစိုးရမှာအရံငွေအများအပြား ရှိနေ တော့ခံသာသေးတယ်လေ။ အမေရိကန်မှာနယူးယောက် ဟာ Stay Homeကြောင့် ဗိုင်းရပ်စ်ကူး တာကို တားဆီးနိုင်ခဲ့ တယ်လို့ဆိုတယ်။ ဒါပေမယ့်အခုတော့ ဘရွတ်ကလင် နဲ့ ကွင်းစ်နယ်မြေတွေမှာရောဂါပိုး ကူးတာတက်လာတယ်။ ယခုအောက်တိုဘာ မှာ ကူးစက်နှုန်း ကအရှိန်ပိုရလာ မယ်။ ဒီဇင်ဘာမှာအဆိုးဆုံးဖြစ်လာမယ်။ တနေ့ကို သုံးထောင်လောက်သေမယ့် အမေရိကား ကိုပြန်မြင်တွေ့ရမယ်လို့ဆိုတယ်။

အမေရိကန် ကပြည်နယ်(၂၁)ခုမှာ ကူးစက်နှုန်း တွေပြန်တက်နေတယ်။ တဘက်မှာတော့ခရစ်ယာန်ဝတ်ပြု ဆုတောင်းပွဲတွေ က ခြိမ့်ခြိမ့်သဲကျင်းပနေတယ်။ ဟိုတလောကလင်ကွန်း အထိမ်းအမှတ်အဆောက်အဦကြီးရှေ့မှာကျင်းပတဲ့ပွဲတော်မှာ လူငါးသောင်း ကျော်တက်ကြတယ်။ ဘားဆိုင်တွေပြန်ဖွင့်ကြတယ်။ လော့ဒေါင်းလုပ်လိုက် လို့ စီးပွားရေးကပ်ဆိုက်မှာထက် ခုခံအားကောင်းအောင်နေပြီး ရှင်သန် အောင်လုပ်ကြမယ့်သဘော။

အမေရိကန်ရဲ့ သမိုင်းကို ပြန်ကြည့်လိုက်မယ် ဆိုရင် အမေရိကန်တွေရဲ့သဘောသဘာဝ ကိုကတွန်းတွန်းတိုက် တိုက်ပဲ။ အမေရိကန်ဘောလုံးပွဲ ကိုကဒီသဘောပဲလေ။ မြန်မာပြည် မှာ ကိုဗစ်ရံပုံငွေ အတွက်ကျပ်ငွေဘီလျှံ တစ်ထောင် လျာထားတယ်တဲ့ ဒေါ်လာနဲ့ တွက်ရင် သန်း(၇၀၀) လောက်ရှိတာပေါ့ နယူးဇီလန်လို သုံးမယ်ဆိုရင် တော့ နှစ်ပတ်စာလောက်ပဲရမယ်။ တကယ်ဖြစ်လာရင်သန်း (၇၀၀) ဆိုတာ ဘာမှလုပ်မရပါဘူး။

နိုင်ငံတကာမှာတော့ကိုယ့်ရဲ့ နိုင်ငံဟာ စီးပွားရေးကျဆင်းမှု(Economic Recession)ဖြစ်သွားပြီဆိုတာ ကို တရားဝင်ကြေငြာကြတယ်။ အနာဂတ် အတွက် သတိ ပေးတဲ့သဘော။ ကြိုတင်ပြင်ဆင်ဖို့နိုးဆော်တဲ့ သဘော ဆိုပါတော့။ တကယ်တော့ စီးပွားရေးလူမှုရေး အကြပ်အတည်း တွေက ၂၀၂၁ ကျမှ ပိုပြီး သိသာလာမယ်။ နိုင်ငံအများအပြား ကတော ကြိုတင်ပြင်ဆင်နေကြ လေရဲ့

Aung Moe Win