ကိုယ့်ကို လုပ်တာမကြိုက်ရင် ကိုယ်လဲ သူများကို မလုပ်နဲ့ ဟု တရုတ်ကိုကနေဒါဒဲ့ပြော

Posted on

ကနေဒါ နိုင်ငံအနေနဲ့ တရုတ်ရဲ့ အနိုင်ကျင့်အင်အားသုံး အုပ်ချုပ်တဲ့ သံခင်းတမန်ခင်းဗျူဟာတွေ ဟာ မှားပြီး အကျိုးတရားမရှိ ကြောင်း သက်သေပြဖို့ အတွက် အခြားတိုင်း ပြည်တွေနဲ့ ပူးပေါင်းဆောင်ရွက် သွားမယ်လို့ ကနေဒါ ဝန်ကြီးချုပ်က နှစ်(၅၀)ပြည့် သံတမန် ဆက်ဆံရေးပွဲမှာ ရဲရဲတောက် မိန့်ခွန်း ပြောကြားခဲ့ တာ ပါ။

ဒါဟာ ကနေဒါ အနေနဲ့ ပြတ်ပြတ်သားသား အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုဖက်ကို ရပ်တည်ပြ လိုက်တာ ပါပဲ။ ဒါ့အပြင် အမေရိကန် သမ္မတထရမ့်က တိုင်ဝမ်ကို အဆင့်မြင့် နည်းပညာသုံးလက်နက် ဆန်းတွေရောင်းချဖို့ အတွက်ကွန်ဂရက် ကို တင်ပြပြီး ထောက်ခံချက် ယူလိုက်ပါပြီ။

ထိုင်ဝမ် ကို ရောင်းချပေးမယ့် လက်နက်ဆန်း တွေထဲမှာ နာမည်ကျော် (MQ-9) တိုက်ခိုက်ရေးဒရုန်း အပါအဝင် သင်္ဘောဖျက်လက်နက်၊ တိကျအောင် ပစ်နိုင်တဲ့ ပစ်မလွဲဒုံး ကျည်စနစ်နဲ့ရန်သူ့ ဒုံးလက်နက်ကာ ကွယ်ရေးစနစ်တွေ ပါဝင်နေပါတယ်။

တရုတ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်ကို တိုင်ဝမ်အား စစ်လက်နက်ပစ္စည်း ရောင်းချနေမှုကို ဖျက်သိမ်းရန်နှင့် စစ်ရေးဆက်ဆံရေး ကို အမြန်ဆုံးရပ်တန့် သွားရန် တောင်းဆိုလိုက်ပါတယ်။

Zawgyi


ကိုယ့်သူများလုပ်တာ ကိုမကြိုက်ရင်၊သူများတွေမကြိုက်တာ ကိုလည်းမလုပ်မိအောင် ထိန်းသိမ်းရမယ်ဆိုတဲ့ အခြေခံကျင့်ဝတ်ကိုတရုတ်တို့လိုက်နာဖို့လိုအပ်ပါတယ်။


ထိုင်ဝမ်ကို ရောင်းချပေးမယ့် လက်နက်ဆန်းတွေ ထဲမှာ နာမည်ေ ကျာ် MQ-9တိုက်ခိုက်ရေးဒရုန်းအပါအဝင် သင်္ဘောဖျက်လက်နက်၊ တိကျအောင်ပစ်နိုင်တဲ့ ပစ်မလွဲဒုံးကျည်စနစ်နဲ့ ရန်သူ့ဒုံးလက် နက် ကာကွယ်ရေးစနစ် တွေ ပါဝင်နေပါတယ်။

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်ကို တိုင်ဝမ်အားစစ်လက်နက်ပစ္စည်း ရောင်းချနေမှုကို ဖျက်သိမ်းရန်နှင့် စစ်ရေးဆက်ဆံရေး ကို အမြန်ဆုံးရပ်တန့် သွားရန် တောင်းဆိုလိုက်ပါတယ်။