အခမဲ့ ပြည့်တန်ဆာရုံဖြစ်လာတဲ့မြန်မာပြည်မှ တစ်ချို့သော မိန်းကလေးများ အကြောင်း

Posted on

မြန်မာနိုင်ငံဆိုတာ အစဉ် အလာအရ မြန်မာ့အိန္ဒြေ ၊ မြန်မာ့ယဉ်ကျေးမှူ့ မြန်မာနိူင်ငံဆိုတာ ယဉ်ကျေးမှု အရာ မှာ ကမ္ဘာကအသိအမှတ်ပြုထား ရတာ မြန်မာအမျိုးသမီး တို့ရဲ့ ဂုဏ်ကျက်သရေ ဟန်ပန်တွေကမြန်မာအမျိုးသမီး တော်တော်များများကြောင့်ပျက်ဆီးခဲ့ရတယ် (မြန်မာ့ယဉ်ကျေးမှူ့နဲ့ အညီနေထိုင်တဲ့ မိန်းကလေးအချို့တော့ရှိပါတယ်)

ဟိုးအရင်တုန်းက ဟောလိဝုဒ်ဇာတ်ကားရိုက်ဖို့ မြန်မာမင်းသမီးကို ငှါးတဲ့အခါ ဇာတ်ကားတစ်ခုလုံးမှာ မြန်မာဝတ်စုံပဲ ဝတ်ပြသွားပီး မြန်မာ့ဂုဏ် ကျက်သရေ ကို ကမ္ဘာ့ အလယ်မှာချပြသွားခဲ့တဲ့ အဖြစ်တွေဒါတွေဟာ မြန်မာ့ယဉ်ကျေးမှူ့ကို ထိန်းသိမ်းပြသွားတာတွေ ဒီနေ့ခေတ် မှာတော့ Facebook မှာ like တစ်ခု ရဖို့အရေး.ရှိသမျှပစ္စည်းတွေ အကုန်ဖော်ပြနေကြတဲ့ မြန်မာမိန်းကလေးတွေများလာတယ် သူတို့ပိုစ့်တွေရဲ့ comment တွေကြည့်လိုက်ရင် အယုတ္တအနတ္တ စုံလင်နေအောင်ဆဲဆိုနေကြတဲ့ အဆဲ comment တွေကိုအဟုတ်မှတ်ပီးသာယာနေတယ်

ခေတ်မီတာ တိုးတက်တာက မှန်ပါတယ် ခေတ်ဆန်ပီးရှိသမျှ ဖော်ပြနေမှ ဝိုင်းပြစ်မှားခံနေရတဲ့ Facebookနာမည်ကြီး တစ်ယောက်ဖြစ်ချင်နေတာလား ဒီလိုမိန်းကလေးမျိုး တွေက အပြင်သွားလာတဲ့ အခါပတ်ဝန်းကျင်မှာရောလုံခြုံမှူ့ရှိလိမ့်မယ် ထင်ပါသလား ကွယ်ရာကလေပစ်မှားဖို့ပြစ်မှားဖို့ ချောင်းနေတဲ့ ပုရိဿယောကျာ်သားတွေဒုနဲ့ဒေး ရှိနေတယ် မြန်မာဆန်ဆန်ရိုးရိုးယဉ်ယဉ်လေး နေတဲ့ မိန်းကလေးတစ်ယောက်နဲ့ ရှိသမျှအကုန်ဖော်ခပ်ဟော့ဟော့နေတဲ့ မိန်းကလေးတစ်ယောက်ဘယ်ဟာက ပိုပြီးကျက်သရေရှိတယ် ထင်ပါသလဲ

မိမိကိုယ်ကို ပြန်ကြည့်ပါ ကိုယ့်ရဲ့ဒီလိုနေ တဲ့ပုံစံဟာအိမ်ကကိုယ့်မိဘတွေပါ ဂုဏ်ကျက်သရေမညှိးနွမ်းစေဘူး လို့ထင်သလာ ဒီလိုခပ်ဟော့ဟော့ရှိသမျှ အကုန်ဖော်ပြနေတဲ့ မိန်းကလေးတိုင်းဟာမိကောင်းဖခင်သားသမီးမဟုတ်ဘူးလို့ မပြောလိုပေမယ့်ဆိုဆုံးမမှု ရှိတဲ့မိဘတိုင်းရဲ့ သားသမီးတိုင်းဟာ ဒီလိုမဟူတ်ဘူး ဆိုတာတော့သေချာပါတယ်မိမိတစ်ယောက် အတွက်ကြောင့်မြန်မာ့ဂုဏ်ကျက်သရေ မတက်ချင်နေပါစေ ဂုဏ်ကျက်သရေတော့မညိုးနွမ်းပါ စေနဲ့

ဒီခေတ်ကြီးမှာ ယောကျာ်းလေးတွေက လုံလုံခြုံခြုံဝတ်နေပီး မိန်းကလေးတွေက ရှိသမျှအကုန်ဖော်ပြီးမျက်စိအဟာရကျွေးတဲ့ခေတ် အခြားနိုင်ငံက မင်းသား ၊ အဆိုတော် လာရင် မိန်းကလေးတွေက ထိပ်ဆုံးကသွားပီး သဲသဲလှူပ်ငမ်းငမ်းတက်ဖြစ်နေပီး ယောကျာ်းလေးတွေကကမ္ဘာကျော် အမျိုးသမီးလာတာ တောင်မသိသလို အေးဆေးနေတဲ့ ကျုပ်တို့မြန်မာနိူင်ငံခေတ် (မဟုတ်ဘူးမငြင်းနဲ့ EXO အဖွဲ့လာတုန်းက လေဆိပ်မှာ သောက်ရှက်မရှိ အုံလိုက်ကျင်းလိုက်သွားငိုပြတဲ့ မိန်းကလေး ထုကြီးနဲ့ ကမ္ဘာကျော်အနုပညာရှင် DJ Soda လာတာတောင်ဘာအသံမှ မထွက်တဲ့ယောကျာ်းလေး တွေ အဖြစ်ကိုကြည့်သိသာ တယ်)

တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ ခေတ်နဲ့အညီနေတာ မပြောလိုပေမယ့်ဟော့လွန်းလာရင် မကောင်းပါဘူး ဒီလိုပိုစ့်ကို ရေးရလို့’ သူတို့ပစ္စည်းနဲ့သူတို့ ဖော်တာ မင်းနဲ့ဘာဆိုင်သလဲ’မေးမည့်သူများ အတွက် တစ်ခါထဲဖြေပေးမယ် ဒါဟာ မြန်မာပြည်ကျနော်ကမြန်မာနိူင်ငံသား…ကျနော့်နိုင်ငံ ကျနော့်တို့ယဉ်ကျေးမှု အတွက် ကျနော်ပြောဆိုဝေဖန်ခွင့်ရှိတယ်

လုံးဝသေချာတယ် ကျနော်တို့မြန်မာပြည် ရဲ့ယဉ်ကျေးမှု ဟာအဲ့လိုမိန်းကလေးတွေကြောင့်နောက်ဆယ်စုနှစ်တစ်ခုစာဆိုရင် ယဉ်ကျေးမှူ့ဟာလက်ချိုးရေလို့ရနေလောက်ပီ မိန်းကလေးတွေကို ပြောချင်တာကတော့ ကိုယ့်ရဲ့အနေအထိုင်အပြုအမူအကြောင့်အိမ်ကမိဘမြန်မာပြည်ရဲ့ ယဉ်ကျေးမှူ မြန်မာအမျိုးသမီး တို့ရဲ့ အိန္ဒြေဆိုတာတွေ ကို မထိပါးစေဖို့ဆင်ခြင်ကြစေလိုပါတယ်။

Ref မောင်ကျန်ရစ်

Crd. BoneKhantKyaw