အနာဂါတ် ချစ်သူ ကို သိရှိ နိုင်တဲ့ သင့်လက်ဖဝါး

Posted on

ပထမပုံထဲက လို ဘယ်လက်ရဲ့ နှလုံးလမ်းကြောင်းက မြင့်ပီးညာ လက်နှလုံးလမ်းကြောင်းက နိမ့်နေသူတွေ ကတော့သတ္တိရှိတယ်၊ ထက်မြတ်တယ်။

စိန်ခေါ်မှုတွေကိုလည်းချက်ချင်းရင်ဆိုင် နိုင်သူတွေပဲဖြစ်ပါတယ်။ အချစ်ရေးမှာလည်းအစွဲ အလန်းကြီးတဲ့ သူတွေဖြစ်ပီးငယ်ရွယ်တဲ့ ကောင်လေးချောချောကောင်မလေးချောချော တွေနဲ့ဖူးစာဆုံတတ် သူများ ဖြစ်ပါတယ်

ဒုတိယပုံပါ အတိုင်း ဘယ်ဘက်လက်ဝါးရဲ့ နှလုံးလမ်းကြောင်း နဲ့ ညာဘက်လက်ဝါးရဲ့ နှလုံးလမ်းကြောင်း နှစ်ခုဟာညီညာပီးထိဆက်နေ တယ်ဆိုရင်တော့သင်ဟာ စိတ်ခံစားမှု ထက် အသိတရားကို ဦးစားပေးသူ တစ်ယောက်ဖြစ်ပါတယ်

ဒီလို လက္ခဏာ ပိုင်ရှင်တွေဟာကြင်နာ တတ်သူအတွေး အခေါ်ကောင်းသူစိတ်ခံစားမှု လွယ်ပီး ဆက်ဆက်ထိမခံတဲ့သူဟန်ဆောင်မှု တွေကို မုန်းတီးတဲ့ သူ မျိုးနဲဖူးစာဆုံတတ်ပါတယ်။

သင့်ရဲ့အချစ်ရေးဟာ ရေရှည်တည်မြဲပြီး တစ်သက်တာလုံးပေါင်းဖက်သွားရနိုင်တဲ့ အချစ်ရေးမျိုးလည်းဖြစ်နိုင်ပါတယ်သင်တို့ အချစ်ရေးဟာအေးချမ်းသာယာမယ်။ တစ်ဦးပေါ်တစ်ဦးချစ်ခင်ကြင်နာမှု ရှိကြပြီးသင့်ရဲ့ချစ်သူဟာ သင့်အပေါ်ဆုံးမသွန်သင်ပေးနိုင်မယ့် ချစ်သူကောင်းတစ်ယောက်လည်း ဖြစ်နိုင်ပါတယ်

တတိယပုံပါ အတိုင်း ညာဘက်နှလုံးလမ်း ကြောင်းက မြင့်မားပီးဘယ်ဘက် နှလုံးလမ်းကြောင်း ကနိမ့်နေတဲ့ ဒီလက္ခဏာပိုင်ရှင် တွေကတော့ အမှားတွေ ထဲကနေ အမှန်ဖြစ်အောင် ပြန်လည်ပြောင်းလဲလာ နိုင်တဲ့လူမျိုး တွေဖြစ်ကြပါတယ် လုပ်မယ်ဆိုတဲ့အလုပ်ကို လည်းမဖြစ်ဖြစ်အောင် လုပ်တတ်သူများဖြစ်ပါတယ်။ လွတ်လပ်မှု ကိုမြတ်နိုးသူများဖြစ်ပြီး ထုံးတမ်းအစဉ်အလာ တွေကိုလည်း စိတ်ဝင်စားတဲ့သူတွေမဟုတ်ကြပါဘူး။

ကိုယ်ထင်တာကိုယ် လုပ်တတ်ပြီးပတ်ဝန်း ကျင်နဲ့ အခြားသူတွေကို သိပ်ဂရုမစိုက် တတ်တဲ့သူတွေဖြစ်ပါတယ် တစ်ကိုယ်ကောင်း ဆန်သူတွေဖြစ် ကြတာများပါတယ် အသက်ကြီးတဲ့သူတွေ ရဲ့စိတ်ဝင်စားမှုကိုခံရပြီး ဖူးစာဖက်က လည်း မိမိထက်အသက်ကြီးတဲ့ သူတွေနဲ့ဆုံကြတာ များပါတယ်

Crd.kwee hein