Project K အဖွဲ့အား ဆန္ဒပြမှုတွင် ဦးဆောင်ခဲ့သည့် အမျိုးသားရေးအဖွဲ့ မှ သံဃာတော်အပါအဝင် (၇) ဦး အား လာရောက်ရှင်းလင်းရန် မင်္ဂလာဒုံ ရဲစခန်း မှခေါ်ယူ

Posted on

တောင်ကိုရီးယားနိုင်ငံမှပြန်လာသည့် Project K အဖွဲ့အား ဆန္ဒပြမှုတွင် ဦးဆောင်ပါဝင်ခဲ့ သည့် အမျိုးသားရေးအဖွဲ့ မှ သံဃာတော် အပါအဝင်(၇)ဦး အား လာရောက် ရှင်းလင်းရန် မင်္ဂလာဒုံရဲစခန်းမှ အကြောင်းကြားစာတစ်စောင်ထုတ်ပြန်ခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ၌ Project K အဖွဲ့၏ တင်ဆက်ကပြဖျော်ဖြေခဲ့သည့် ရုပ်သံဖိုင်၌ရွှေတိဂုံစေတီတော် ၏ပုံတော်ကိုနင်း၍ ကပြခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး မကျေနပ်၍ အမျိုးသားရေး အဖွဲ့ မှ ဦးဆောင်ကာ လူအင်အား(၁၂၀) ကျော်မှဆိုင်းဘုတ်များ ကိုင်ဆောင်၍ Project Kအဖွဲ့အား အောက်တိုဘာ(၁၃)ရက် နေ့ညပိုင်းအချိန်တွင် မင်္ဂလာဒုံမြို့နယ်။အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ်လမ်းဆုံ တွင် စုဝေး ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆန္ဒပြရာတွင်ပါဝင်ခဲ့သည့် ဦးမုတ်ဆိတ်(ခ) ထွန်းထွန်းဦးမှ သူတို့စွဲတယ်ဆိုတဲ့ဟာ က ဘယ်လိုသဘောမျိုးနဲ့ အစ်ကိုတို့ကိုတပ်ပြီးစွဲတာ လည်း အဲဒါလေးသိချင်တယ်။ သိခွင့်မရဘူး။ ဒီနေ့သွားမှပဲ သူတို့ဘာကြောင့် စွဲတယ်ဆိုတာသိရမယ်။ အစ်ကိုတို့ နာမည်တွေပါလာတယ် ၊ ဘာလို့ပါလာတာလဲ ၊ ဘယ်သူကထည့်တာလဲဆိုတာ သိရအောင်’ဟုပြောသည်

၎င်း ထုတ်ပြန်ချက် တွင် ဦးဆောင် ပါဝင်ဆန္ဒပြခဲ့သူများမှာ ဦးပညာဝံသ(မျိုးချစ်မြန်မာ ရဟန်းတော်များ သမဂ္ဂဗဟို အလုပ်အမှုဆောင်) ဦးနောင်တော်လေး(ခ)ဦး နိုင်ထွန်း ဝင်း ဦးဇော်ဝင်း၊ ဦးထွန်းကျော်၊ ဒေါ်အေး အေးနု၊ ဦးမုတ်ဆိတ်(ခ)ထွန်းထွန်းဦး၊ ဦးမြင့်စန်း စုစုပေါင်း (၇) ဦးအား ယနေ့နေ့လယ် ၁ နာရီအချိန် တွင် မင်္ဂလာဒုံရဲစခန်း သို့ လာရောက်ရန် ရှင်းလင်းရန် အောက်တိုဘာ (၁၄)ရက်နေ့ နေ့စွဲဖြင့် အကြောင်းကြား ခဲ့ခြင်းဖြစ်သည်

Crd.PeopleMedia

Zawgyi

ေတာင္ကိုရီးယားနိုင္ငံမွျပန္လာသည့္ Project K အဖြဲ႕အား ဆႏၵျပမႈတြင္ ဦးေဆာင္ပါဝင္ခဲ့ သည့္ အမ်ိဳးသားေရးအဖြဲ႕ မွ သံဃာေတာ္ အပါအဝင္(၇)ဦး အား လာေရာက္ ရွင္းလင္းရန္ မဂၤလာဒုံရဲစခန္းမွ အေၾကာင္းၾကားစာတစ္ေစာင္ထုတ္ျပန္ခဲ့သည္။

ေတာင္ကိုရီးယားနိုင္ငံ၌ Project K အဖြဲ႕၏ တင္ဆက္ကျပေဖ်ာ္ေျဖခဲ့သည့္ ႐ုပ္သံဖိုင္၌ေရႊတိဂုံေစတီေတာ္ ၏ပုံေတာ္ကိုနင္း၍ ကျပခဲ့သည့္ ျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး မေက်နပ္၍ အမ်ိဳးသားေရး အဖြဲ႕ မွ ဦးေဆာင္ကာ လူအင္အား(၁၂၀) ေက်ာ္မွဆိုင္းဘုတ္မ်ား ကိုင္ေဆာင္၍ Project Kအဖြဲ႕အား ေအာက္တိုဘာ(၁၃)ရက္ ေန႔ညပိုင္းအခ်ိန္တြင္ မဂၤလာဒုံၿမိဳ႕နယ္။အျပည္ျပည္ဆိုင္ရာ ေလဆိပ္၊ မဂၤလာဒုံေလတပ္စခန္း ဌာနခ်ဳပ္လမ္းဆုံ တြင္ စုေဝး ဆႏၵေဖာ္ထုတ္ခဲ့ျခင္းျဖစ္သည္။

အဆိုပါ ဆႏၵျပရာတြင္ပါဝင္ခဲ့သည့္ ဦးမုတ္ဆိတ္(ခ) ထြန္းထြန္းဦးမွ သူတို႔စြဲတယ္ဆိုတဲ့ဟာ က ဘယ္လိုသေဘာမ်ိဳးနဲ႔ အစ္ကိုတို႔ကိုတပ္ၿပီးစြဲတာ လည္း အဲဒါေလးသိခ်င္တယ္။ သိခြင့္မရဘူး။ ဒီေန႔သြားမွပဲ သူတို႔ဘာေၾကာင့္ စြဲတယ္ဆိုတာသိရမယ္။ အစ္ကိုတို႔ နာမည္ေတြပါလာတယ္ ၊ ဘာလို႔ပါလာတာလဲ ၊ ဘယ္သူကထည့္တာလဲဆိုတာ သိရေအာင္’ဟုေျပာသည္

၎ ထုတ္ျပန္ခ်က္ တြင္ ဦးေဆာင္ ပါဝင္ဆႏၵျပခဲ့သူမ်ားမွာ ဦးပညာဝံသ(မ်ိဳးခ်စ္ျမန္မာ ရဟန္းေတာ္မ်ား သမဂၢဗဟို အလုပ္အမႈေဆာင္) ဦးေနာင္ေတာ္ေလး(ခ)ဦး နိုင္ထြန္း ဝင္း ဦးေဇာ္ဝင္း၊ ဦးထြန္းေက်ာ္၊ ေဒၚေအး ေအးႏု၊ ဦးမုတ္ဆိတ္(ခ)ထြန္းထြန္းဦး၊ ဦးျမင့္စန္း စုစုေပါင္း (၇) ဦးအား ယေန႔ေန႔လယ္ ၁ နာရီအခ်ိန္ တြင္ မဂၤလာဒုံရဲစခန္း သို႔ လာေရာက္ရန္ ရွင္းလင္းရန္ ေအာက္တိုဘာ (၁၄)ရက္ေန႔ ေန႔စြဲျဖင့္ အေၾကာင္းၾကား ခဲ့ျခင္းျဖစ္သည္

Crd.PeopleMedia