လူနာတင်ယာဥ် မလို၊ PPE မလို၊ ထမင်းကျွေးစရာလည်း မလိုတဲ့ စင်ကာပူ ကိုဗစ် စစ်နည်း

Posted on

ဇိမ်ကျနေတုန်းရှိသေး စင်္ကာပူက အမတစ်ယောက် က ဖုန်းဆက်လာတယ် ဟဲလို ဆိုပြီး အသံကိုဆွဲပြီး ဇိမ်ကျပျင်းရိနေတဲ့ အသံနဲ့ထူးလိုက်တယ် ဟဲ့တိတိနင့်တူ တယောက်ဖျားနေ တယ် ဟုတ်လား ဒါများပါရာတိုက် ချောင်းလည်းဆိုးနေတယ် ငင့် ဒေါက်တာဉာဏ် ဒန်းပေါ်မှဇိမ်ကျနေ တာကနေ ထထိုင်ရပြီအာသီးလည်း ရောင်တယ် နှာလည်းချေတယ်ဆက်ပြောတော့ ဘေးနားချထားတဲ့ နှာခေါင်း စည်းကိုတောင်ရောင်ရမ်းကောက် ကိုင်မိတယ်

ဘယ်နှစ်ရက်ရှိပြီလဲ မနေ့က ချောင်းစဆိုးတယ် ဒီနေ့ အဖျားတက်တယ် ဟု ပြန်ဖြေသည် အဲဒီမတိုင်ခင် ကျောင်းသွားလား ဘာတွေလုပ်လဲ ဆက်မေးဖြစ်သည် ကျောင်းသွား တယ် ဘက်စ်ကက်ဘောဆော့ တယ်တဲ့ဒုက္ခပဲဟု စိတ်ထဲတွေးမိသည် ဒါဆို ပါရာသောက်ပြီး ဆေးခန်းတန်းသွား တော့

ကိုဗစ် စစ်ရမယ် နှာခေါင်းစည်း လူတိုင်းတပ်ပါ အမတို့လည်းတပ်ပြီးရင် ဘာထူးလဲအကြောင်းပြန် ဗီတာမင်(C)ရေဆူ ဆေးပြား တထောင်အားလူတိုင်းသောက်ထား ဟု ပြောတော့ အေးအေးဆိုပြီး ဖုန်းချသွားသည်

ဇိမ်ပျက်ချေ၏ ညနေစောင်းဖုန်းပြန်ဆက် လာသည် ဆေးခန်းကဆရာဝန်က နင့်လိုပဲ အသေးစိတ်ထပ်မေးပြီး တို့ဖတ်ယူထား လိုက်တယ် ပြီးတော့ ငွေမရှင်းနဲ့တော့ ပြေစာအိမ်ပို့လိုက်မယ် တန်းပြန်တော့ဆိုလို့ ပြန်လာပြီ

ငါဘာဆက်လုပ်ရမလဲ ဆိုတော့ H Q ချရမယ် အခန်းခွဲထားစားစရာ ပန်းကန်ခွက်ခွဲထား နှာခေါင်း စည်းတပ်ပါလို့ အလုပ်တွေကိုလည်း အကြောင်းကြားထားပါ အိမ်မှာ PUI တယောက်ရှိနေပြီ အမတို့ပါအချိန်မရွေး လော့ဒေါင်းဖြစ်သွားနိုင်တယ် ဆိုတော့ ကိုယ့်အမအသံမထွက်တော့

နောက်မှာပို့လာတော့ Home advice စာရွက် ဖတ်ကြည့်မိသည် ရေးထားတာတို့ဖတ် ယူပြီးအိမ်တန်းပြန်ရန် မလိုက်နာလျှင်ကူးစက်ဥပဒေ အရ ဒေါ်လာ တသောင်းဒဏ်ငွေ (သို့) ထောင်(၆)လ သို့ ဒဏ်(၂)ရပ်စလုံး ပြန်လျှင်ကိုယ်ပိုင်ကားသို့ တက်ဆီသာစီးရန် အဲကွန်းပိတ် ပြတင်းပေါက်ဖွင့် စီးရန် ပြေစာယူရန် (+) ထွက်လျှင် တက်ဆီသမားပါစစ်ရမည့်ပုံ

positive ထွက်ခဲ့လျှင်(၂)ရက်အတွင်း ဘာဆက်လုပ်ရမည်ဆိုပြီး ဆရာဝန်မှ ဖုန်းဆက်လာမည်မစိုးရိမ်ရန် အဖြေကို (၅)ရက်အတွင်း sms မှပို့ပေးမည် အရေးပေါ် ဖြစ်လျှင် ဆက်ရ မည့်ဖုံး အိမ်မှာ ခွဲနေရန်ခွဲစားရန် လက်ဆေးရန် နှာခေါင်းစည်းတပ်ရန် စသည်ဖြင့် စုံစုံစေ့စေ့ရေးထားသည် အိမ်သားတွေအတွက်ဘာမှာလဲဆိုတော့ အဖြေပေါ်မူတည်ပြီး ဆက်ပြောမည်ဟုသာဖြေ၏တဲ့

အဲတော့ကိုယ့်အမကို ပြောလိုက်သည် အဲဒီအတိုင်းသာ လုပ်လေ နောက်ရက်ညနေစာပို့လာသည် ပြီးမှ ဖုန်းဆက်လာပြီးတိတိရေ (-)တဲ့ ဆိုတော့ နောက်ထပ် ဘယ်နေ့ထပ်စစ်မလဲ ဆိုတော့ ကျန်းမာရေးကောင်းနေရင်မစစ်တော့ဘူးတဲ့ လက္ခဏာတွေ ဆိုးလာရင်ဖုန်းဆက်ပါတဲ့ ဒါပဲပြောတယ်ဟုဖြေသည် ဘယ်လောက်ကျလဲဆိုတော့ မသိဘူး သူ့အဖေကုမ္ပဏီက ရှင်းပေးမယ်ပြောတယ်တဲ့ ဒီတခါအသံအတော်ကျယ်သည် ကျန်းမာရေးအာမခံကျေးဇူးတွေ

အနှစ်ချုပ်က(၁)ရက်တိတိအချိန်ကြာသွား သည် အဖျားလည်းကျအဖြေလည်း ထွက် တစ်မိသားစုလုံး အနေအစားမပျက် အားလုံးအိုကေမှာ စိုပြေ ကိုယ်ထင်တာတော့ ဒဏ်ငွေဒေါ်လာ(၁၀၀၀၀) နှင့် ထောင်ခြောက်လအတော်အစွမ်းထက် သည်

PPE လည်းမလို Q စင်တာလည်းမလို လူနာတင်ကားလည်းမလို ထမင်းကျွေးစရာ လည်းမလို ကိုဗစ်အဖြေဒေတာကလည်း ဆော့ဝဲလ်ကနေ တခါတည်းတန်းတက်သွား သည် ည(၈)နာရီ ကို အမှီရေးရန်မလို ဒေါက်တာဉာဏ်လည်းအခုမှ ဇိမ်ပြန်ကျရချေသည်

Nyan Win Phyo