ယခုနှစ် ဆယ်တန်း စာမေးပွဲ နဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီး ဌာန တရားဝင်ထုတ်ပြန်ပြီ

Posted on

တက္ကသိုလ်ဝင်တန်းစာမေးပွဲနဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနရဲ့တရားဝင်ထုတ်ပြန်ချက်အရ (၂၀၂၀-၂၀၂၁)ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသား /သူများသည် လက်ရှိစနစ်ဟောင်း စာ(သင်ရိုးဟောင်း)ကိုယခုနှစ်နောက်ဆုံး ထား၍ဖြေဆိုရမည်ဖြစ်သည်။

ယခုနှစ်ဖြေပြီး အကယ်၍ ကျရှုံးသော သူများကတော့နောက်(၂)နှစ်ထိ (၂၀၂၁–၂၀၂၂ နှင့် ၂၀၂၂–၂၀၂၃ထိ)လက်ရှိစနစ်ဟောင်းစာ(သင်ရိုးဟောင်း)ကို ဖြေဆိုခွင့်ရှိသည်ဟု တရားဝင်ထုတ်ပြန်ထားပြီး ဖြစ်သည်။

ယခုနှစ်(၂၀၂၀-၂၀၂၁)သည်(Grade10)စနစ်သစ် ဖြစ်သည်။ ၂၀၂၁–၂၀၂၂ တွင် (Grade 11)စနစ်သစ်ဖြစ်သည်။ ၂၀၂၂–၂၀၂၃တွင်(Grade 12)စနစ်သစ်ဖြစ်သည်။ ယခုအခါ(KG+12) ပညာရေးစနစ်သစ်ကို အကောင်အထည်ဖော်နေပြီဖြစ်သည်။

ယခုအခါပညာရေးဝန်ကြီးဌာနမှ ကျောင်းသား/သူများအတွက် အခွင့်အရေး မဆုံးရှုံးစေရန် စာမေးပွဲကျင်းပနိုင်ရန် ပညာရေးရုပ်သံလိုင်းများမှ သင်ခန်းစာများ ပို့ချလျှက်ရှိပါသည်။

ပညာရေးဝန်ကြီးဌာနမှ ကျောင်းများကို ယာယီပိတ်ထားပြီး ယခုအခါ ပညာရေးနှောင့်မနှေးစေရန် အခွင့်အရေး မဆုံးရှုံးစေရန် နစ်နာမှုမဖြစ်စေရန် (အထူးသဖြင့် ယခင်နှစ်က ကျရှုံးခဲ့တဲ့သုံးပုံနှစ်ပုံသော သိန်းနဲ့ချီတဲ့ ကျောင်းသား/သူများအတွက် ထပ်မံအခွင့်အရေးမဆုံးရှုံးစေရန်)စာမေးပွဲ ကျင်းပနိုင်ရေးအတွက် ပညာရေး ဝန်ကြီး ဌာနမှစီစဉ်၍ Myanmar Education Channel (ပညာရေး ရုပ်သံ)မှ

တက္ကသိုလ်ဝင်တန်းဘာသာရပ်များကို ပို့ချလျှက်ရှိပါသည်။ ပညာရေး ဝန်ကြီးဌာန ၏ အကျိုးအတွက်အဓိကမဟုတ်ဘဲ ကျောင်းသား/သူများနှင့် ၎င်းတို့၏မိဘများအတွက် အဓိကထားစီစဉ်ပေးထားခြင်းဖြစ်သည်ကို နားလည်စေချင်ပါသည်။

ကိုဗစ်ကာလကြီး မပြီးဆုံးခင်တော့ မည်သူကမှစာမေးပွဲဖြေခိုင်းမည် မဟုတ်ပါ။ တစ်နေ့တော့ကျောင်းဖွင့်၍ စာသင်ပြီး စာမေးပွဲစစ်မည်ဆိုတာကတော့ ကျိန်းသေ တဲ့အဖြေတစ်ခုပါ။ စာမေးပွဲကျင်းပနိုင်ရန် ရုပ်မြင်သံကြားပညာရေး ရုပ်သံလိုင်းများမှ ဘာသာရပ်များကို ထုတ်လွှင့်သင်ကြား ပေးလျှက်ရှိပါသည်။

ကိုဗစ်ကပ်ရောဂါ လျော့ပါးလာသည် နှင့်အမျှ ပညာရေးဝန်ကြီးဌာနဘက်မှ လည်း ကျောင်းအမြန်ဖွင့်နိုင်အောင်ကြိုးစားစီစဉ်ပေးမှာ ဖြစ်ပြီး စာမေးပွဲအမြန်ဆုံးကျင်းပနိုင်ရန် ကြိုးစားပေးကြ မည်ဖြစ်သည်။

Zawgyi

တကၠသိုလ္ဝင္တန္းစာေမးပြဲနဲ႔ ပတ္သက္ၿပီး ပညာေရးဝန္ႀကီးဌာနရဲ့တရားဝင္ထုတ္ျပန္ခ်က္အရ (၂၀၂၀-၂၀၂၁)ပညာသင္ႏွစ္ တကၠသိုလ္ဝင္တန္း ေျဖဆိုမည့္ ေက်ာင္းသား /သူမ်ားသည္ လက္ရွိစနစ္ေဟာင္း စာ(သင္ရိုးေဟာင္း)ကိုယခုႏွစ္ေနာက္ဆုံး ထား၍ေျဖဆိုရမည္ျဖစ္သည္။

ယခုႏွစ္ေျဖၿပီး အကယ္၍ က်ရႈံးေသာ သူမ်ားကေတာ့ေနာက္(၂)ႏွစ္ထိ (၂၀၂၁–၂၀၂၂ ႏွင့္ ၂၀၂၂–၂၀၂၃ထိ)လက္ရွိစနစ္ေဟာင္းစာ(သင္ရိုးေဟာင္း)ကို ေျဖဆိုခြင့္ရွိသည္ဟု တရားဝင္ထုတ္ျပန္ထားၿပီး ျဖစ္သည္။

ယခုႏွစ္(၂၀၂၀-၂၀၂၁)သည္(Grade10)စနစ္သစ္ ျဖစ္သည္။ ၂၀၂၁–၂၀၂၂ တြင္ (Grade 11)စနစ္သစ္ျဖစ္သည္။ ၂၀၂၂–၂၀၂၃တြင္(Grade 12)စနစ္သစ္ျဖစ္သည္။ ယခုအခါ(KG+12) ပညာေရးစနစ္သစ္ကို အေကာင္အထည္ေဖာ္ေနၿပီျဖစ္သည္။

ယခုအခါပညာေရးဝန္ႀကီးဌာနမွ ေက်ာင္းသား/သူမ်ားအတြက္ အခြင့္အေရး မဆုံးရႈံးေစရန္ စာေမးပြဲက်င္းပနိုင္ရန္ ပညာေရး႐ုပ္သံလိုင္းမ်ားမွ သင္ခန္းစာမ်ား ပို႔ခ်လၽွက္ရွိပါသည္။

ပညာေရးဝန္ႀကီးဌာနမွ ေက်ာင္းမ်ားကို ယာယီပိတ္ထားၿပီး ယခုအခါ ပညာေရးေႏွာင့္မေႏွးေစရန္ အခြင့္အေရး မဆုံးရႈံးေစရန္ နစ္နာမႈမျဖစ္ေစရန္ (အထူးသျဖင့္ ယခင္ႏွစ္က က်ရႈံးခဲ့တဲ့သုံးပုံႏွစ္ပုံေသာ သိန္းနဲ႔ခ်ီတဲ့ ေက်ာင္းသား/သူမ်ားအတြက္ ထပ္မံအခြင့္အေရးမဆုံးရႈံးေစရန္)စာေမးပြဲ က်င္းပနိုင္ေရးအတြက္ ပညာေရး ဝန္ႀကီး ဌာနမွစီစဥ္၍ Myanmar Education Channel (ပညာေရး ႐ုပ္သံ)မွ

တကၠသိုလ္ဝင္တန္းဘာသာရပ္မ်ားကို ပို႔ခ်လၽွက္ရွိပါသည္။ပညာေရး ဝန္ႀကီးဌာန ၏ အက်ိဳးအတြက္အဓိကမဟုတ္ဘဲ ေက်ာင္းသား/သူမ်ားႏွင့္ ၎တို႔၏မိဘမ်ားအတြက္ အဓိကထားစီစဥ္ေပးထားျခင္းျဖစ္သည္ကို နားလည္ေစခ်င္ပါသည္။

ကိုဗစ္ကာလႀကီး မၿပီးဆုံးခင္ေတာ့ မည္သူကမွစာေမးပြဲေျဖခိုင္းမည္ မဟုတ္ပါ။ တစ္ေန႔ေတာ့ေက်ာင္းဖြင့္၍ စာသင္ၿပီး စာေမးပြဲစစ္မည္ဆိုတာကေတာ့ က်ိန္းေသ တဲ့အေျဖတစ္ခုပါ။ စာေမးပြဲက်င္းပနိုင္ရန္ ႐ုပ္ျမင္သံၾကားပညာေရး ႐ုပ္သံလိုင္းမ်ားမွ ဘာသာရပ္မ်ားကို ထုတ္လႊင့္သင္ၾကား ေပးလၽွက္ရွိပါသည္။

ကိုဗစ္ကပ္ေရာဂါ ေလ်ာ့ပါးလာသည္ ႏွင့္အမၽွ ပညာေရးဝန္ႀကီးဌာနဘက္မွ လည္း ေက်ာင္းအျမန္ဖြင့္နိုင္ေအာင္ႀကိဳးစားစီစဥ္ေပးမွာ ျဖစ္ၿပီး စာေမးပြဲအျမန္ဆုံးက်င္းပနိုင္ရန္ ႀကိဳးစားေပးၾက မည္ျဖစ္သည္။