မြန်မာပြည် မှာဘယ်လိုမှ မဖြစ်နိုင်တဲ့ကိုဗစ်ကိုယ်ခံအား ရရှိမှုနည်းလမ်း

Posted on

လက်ရှိမြန်မာ အနေအထားနဲ့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိုဗစ်ကိုယ်ခံအား ရရှိမှုနည်းလမ်း

မြန်မာပြည်မှာ လက်ရှိဖြစ်ပွား နေတဲ့ ကိုဗစ်၁၉ ရောဂါ ကူးစက်မှုရပ်သွားဖို့ လူဦးရေရဲ့ (၆၀၊၇၅)ရာခိုင်နှုန်းကူးစက် ပြီးမှ ဖြစ်မယ်။ ဒါကို Herd-Immunity ရတယ်လို့ ခေါ်တယ်။ လူဦးရေ(၅၄)သန်းမှာ(၆၀၊၇၅)ရာခိုင်နှုန်းကူးစက်မှရပ် မယ့်သဘော။

ကိုဗစ်ကူးစက်မှုများ နေတဲ့ တကယ် ဖြစ်နေခဲ့တဲ့ စပိန်လိုအီတ လီလို က မြို့ကြီး တွေမှာလူဦးရေရဲ့(၁၀)ရာခိုင်နှုန်းလောက်ပဲ ကူးစက်မှုရှိ သေးတယ်။ဆက်ဖြစ်နေတုန်း။

တကယ် လို့များ မြန်မာနိုင်ငံမှာ နိုင်ငံသားတွေရဲ့ (၃)ရာခိုင်နှုန်းလောက် ပဲ ကူးစက်ခဲ့ရင် ဘယ်လိုဖြစ်မှာ လဲ စိတ်ကူးယဉ်ကြည့်ပါ။ ကူးစက်သူ စုစုပေါင်း (၁၆) သိန်း ပေါ့။ ကူးစက်သူရဲ့ (၁၅)ရာခိုင်နှုန်းကအောက်ဆီ ဂျင်လိုမယ်။

စုစုပေါင် အောက်ဆီဂျင်ပေး ရမယ့်သူက(၂၄၃၀၀၀) ယောက်။ (၁၆) သိန်းရဲ့ (၅)ရာခိုင်နှုန်း ဖြစ်တဲ့ လူနာ (၈၁၀၀၀) ဦးဟာ ICU အသည်း အသန်ဆောင်တက်ကုရမယ်။ ICUရောက်သူရဲ့ တစ်ဝက်သေတတ်တော့ လူနာ (၄၀၅၀၀)ဦးသေမယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း(WHO)ကို ပို့ထားတဲ့ မြန်မာ့ဒေတာအရ လူဦးရေ(၅၄၈၀၈၂၇၆)၊ ဆရာဝန်(၃၇၀၂၁) သူနာပြု (၃၆၅၉၈) ကုတင်အရေ အတွက် (၄၉၃၂၇) (၅သောင်းလောက်)၊ လူဦးရေ (၁၀၀၀) မှာ ကုတင်လုံးရေ (0.9) လုံး၊ ICU ကုတင်က (၂.၃၈)ရာခိုင်နှုန်း ဆိုတော့ (၁၁၇၃.၉၈)ကုတင်က ICU (တက်မယ့်လူနာက(၈၁ဝဝဝ) ဦး) Herd Immunity က ကာကွယ်ဆေး မထိုးဘဲ မဖြစ်နိုင်ဘူး။ လူတွေရဲ့အသက်အများ ကြီးကို ကျွဲနွားတွေလို စတေးဖြစ်ဖို့ မဖြစ်ဘူးလေ။

Maung Maung Oo

Zawgyi

လက္ရွိျမန္မာ အေနအထားနဲ႔ ဘယ္လိုမွ မျဖစ္နိုင္တဲ့ ကိုဗစ္ကိုယ္ခံအား ရရွိမႈနည္းလမ္း

ျမန္မာျပည္မွာ လက္ရွိျဖစ္ပြား ေနတဲ့ ကိုဗစ္၁၉ ေရာဂါ ကူးစက္မႈရပ္သြားဖို႔ လူဦးေရရဲ့ (၆၀၊၇၅)ရာခိုင္ႏႈန္းကူးစက္ ၿပီးမွ ျဖစ္မယ္။ ဒါကို Herd-Immunity ရတယ္လို႔ ေခၚတယ္။ လူဦးေရ(၅၄)သန္းမွာ(၆၀၊၇၅)ရာခိုင္ႏႈန္းကူးစက္မွရပ္ မယ့္သေဘာ။

ကိုဗစ္ကူးစက္မႈမ်ား ေနတဲ့ တကယ္ ျဖစ္ေနခဲ့တဲ့ စပိန္လိုအီတ လီလို က ၿမိဳ႕ႀကီး ေတြမွာလူဦးေရရဲ့(၁၀)ရာခိုင္ႏႈန္းေလာက္ပဲ ကူးစက္မႈရွိ ေသးတယ္။ဆက္ျဖစ္ေနတုန္း။

တကယ္ လို႔မ်ား ျမန္မာနိုင္ငံမွာ နိုင္ငံသားေတြရဲ့ (၃)ရာခိုင္ႏႈန္းေလာက္ ပဲ ကူးစက္ခဲ့ရင္ ဘယ္လိုျဖစ္မွာ လဲ စိတ္ကူးယဥ္ၾကည့္ပါ။ ကူးစက္သူ စုစုေပါင္း (၁၆) သိန္း ေပါ့။ ကူးစက္သူရဲ့ (၁၅)ရာခိုင္ႏႈန္းကေအာက္ဆီ ဂ်င္လိုမယ္။

စုစုေပါင္ ေအာက္ဆီဂ်င္ေပး ရမယ့္သူက(၂၄၃၀၀၀) ေယာက္။ (၁၆) သိန္းရဲ့ (၅)ရာခိုင္ႏႈန္း ျဖစ္တဲ့ လူနာ (၈၁၀၀၀) ဦးဟာ ICU အသည္း အသန္ေဆာင္တက္ကုရမယ္။ ICUေရာက္သူရဲ့ တစ္ဝက္ေသတတ္ေတာ့ လူနာ (၄၀၅၀၀)ဦးေသမယ္။

ကမၻာ့က်န္းမာေရး အဖြဲ႕အစည္း(WHO)ကို ပို႔ထားတဲ့ ျမန္မာ့ေဒတာအရ လူဦးေရ(၅၄၈၀၈၂၇၆)၊ ဆရာဝန္(၃၇၀၂၁) သူနာျပဳ (၃၆၅၉၈) ကုတင္အေရ အတြက္ (၄၉၃၂၇) (၅ေသာင္းေလာက္)၊ လူဦးေရ (၁၀၀၀) မွာ ကုတင္လုံးေရ (0.9) လုံး၊ ICU ကုတင္က (၂.၃၈)ရာခိုင္ႏႈန္း ဆိုေတာ့ (၁၁၇၃.၉၈)ကုတင္က ICU (တက္မယ့္လူနာက(၈၁ဝဝဝ) ဦး) Herd Immunity က ကာကြယ္ေဆး မထိုးဘဲ မျဖစ္နိုင္ဘူး။ လူေတြရဲ့အသက္အမ်ား ႀကီးကို ကၽြဲႏြားေတြလို စေတးျဖစ္ဖို႔ မျဖစ္ဘူးေလ။

Maung Maung Oo