(၁၇.၁၀.၂၀၂၀)မှ (၁၄.၁၁.၂၀၂၀)ရက်နေ့အထိ သီတင်းကျွတ်လအတွက် အကောင်းဆုံးယတြာ

Posted on

သီတင်းကျွတ် လဆန်း(၁)ရက်နေ့(၁၇.၁၀.၂၀၂၀)ရက်နေ့မှ သီတင်းကျွတ်လကွယ်နေ့(၁၄.၁၁.၂၀၂၀)ရက်နေ့ အထိတစ်လတာ လုံး သရက်ရွက်(၃)ရွက်ကိုသေချာသန့်စင်အောင် ဆေးကြောပြီး ကြွေပန်းကန်ပြားတစ်ချပ် ပေါ်တွင် ဖြန့်ခင်းထားပါ။

ထို့နောက်သရက်ရွက် များပေါ်၌ နှမ်းဆီဖြင့် ဆီမီးထွန်းညှိထားသော မြေခွက်ကိုတင်တာ မိမိအိမ်ဘုရားကျောင်းဆောင်ရှိ မြတ်စွာဘုရားရှင်အားရိုသေ စွာဖြင့် ထွန်းညှိပူဇော်ပေး ရပါမယ်ခင်ဗျ.

နှမ်းဆီဖြင့်ဆီမီးပူဇော်ရာ၌ မြေဆီမီးခွက် မရှိရင်လည်းမိမိအတွက်အဆင်ပြေလွယ် ကူစေမည့် ဆီမီးခွက်ကိုအသုံးပြုနိုင်ပါတယ်။

အထူးသတိ ပြုရမည်မှာ စတီးခွက်နှင့်လုံးဝဆီမီး မပူဇော်ရပါခင်ဗျ။

စတင်လုပ်ဆောင်ရမည့် အချိန်မှာနံနက်(၆)နာရီမှ(၁၀)နာရီ အတွင်းဆီမီးထွန်းပေးပါ

အောက်တွင်ပါရှိ သောဂါထာတော်ကို ၁၆ ခေါက်တိတိရွတ်ဖတ် ပေးရပါမယ်။

‘ဥုံ ပထဗျာ အာကာသေ ပဗ္ဗတေစေဝ

ဥဒကေ ဝနေ ယံယံ ပတ္တံ ပဝါဒေမိ

သဗ္ဗ လာဘသိဒ္ဓိ ဥပေတုံမေ’ ဆုတောင်းစာ

ကျွန်ုပ်နှင့် တကွအကျွန်ုပ်၏ တစ်မိသားစုလုံးသီတင်းကျွတ်လ တစ်လတာ အတွင်းကိုယ်ရော ကျန်းမာစိတ်ရောကိုယ်ပါ ချမ်းသာစွာဖြင့် မကောင်းသော အညံ့အပ၊အတိုက်အခိုက် များ မှန်သမျှ ကင်းရှင်းစေပြီး ကောင်းခြင်းမင်္ဂလာအဖြာဖြာဖြင့် အောင်မြင်ဖြစ်ထွန်းတိုးတက်ရပါလို၏။’ သရက်ရွက်များ ညှိုးနွမ်းပျက်ဆီးလာပါက အသစ်ပြန်လည် လှဲလှယ်ပေး ရပါတယ်။

ဤယတြာကို သီတင်းကျွတ်လ တစ်လတာလုံးအတွင်း မည်သည့်နေ့ရက်မှမဆို စတင်၍လုပ်ဆောင်နိုင်သည်။ ယတြာအစီအရင်သည် အလွန်အစွမ်းထက် ထိရောက် သောကြောင့် ယုံယုံကြည်ကြည် လုပ်ပါက သီတင်းကျွတ်လတစ်လတာလုံး အခက်အခဲမှန်သမျှ ပြေလည်စေပြီး လိုအင်ဆန္ဒပြည့်ဝ စေရပါမည်။

ဗေဒင်ပညာကို ယုံကြည်အားကိုး ဆန္ဒရှိသူများ အတွက် ဗေဒင်နှင့်အထူး ယတြာပေးပညာရှင်

ဆရာပေါက်ကျိုင်း 09776478912