နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဒီကနေ့ကြေညာ ချက်ထုတ်ပြန်

Posted on

ရွေးကောက်ပွဲကာလ အတွင်းမှာရပ် ရွာအေးချမ်းသာယာရေး ပျက်ပြားအောင်ဆူပူလှုံ့ဆော်နေ သူတွေကို ထိထိရောက်ရောက်အရေးယူဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဒီကနေ့ အမိန့်ပေးလိုက်ပါတယ်။ မဲဆွယ်ကာ လအတွင်းမှာ အကြမ်းဖက် တာ၊ ခြိမ်းခြောက်နှောင့်ယှက်တာတွေနဲ့ ဘာသာရေး လူမျိုးရေး အကြောင်းပြပြီး ဆူပူအောင်လှုံ့ဆော်နေသူ တွေကို တွေ့နေရတယ်လို့ ဒီကနေ့ပြန်တဲ့သမ္မတ ရုံးရဲ့ ကြေညာချက်ထဲမှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့် ကပြောထားပါတယ်။

ရွေးကောက်ပွဲ မှာဝင်ပြိုင်ကြမယ့်ကိုယ်စားလှယ်လောင်းတွေ အနေနဲ့လည်းရွေးကောက်ပွဲဥပဒေတွေနဲ့ အညီမဲဆွယ်စည်းရုံးဖို့လည်း သမ္မတကတိုက်တွန်းထားပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးကကြေညာချက်ထုတ်ပြန်ပြောဆိုချိန်နဲ့ တချိန်တည်းမှာပဲ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကလည်း ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ ဒေသတွေစာရင်းကိုထုတ်ပြန်ကြေညာလိုက်ပါတယ်။

ရခိုင်ပြည်နယ်က မြို့နယ်(၉)မြို့နယ်နဲ့ရှမ်းပြည်နယ်ကမြို့နယ်(၆)မြို့နယ် အပါအဝင်တိုင်းနဲ့ပြည်နယ်‌ ခြောက်ခုကနေရာအတော်များများမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ‌ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်တာ ပါ။ရွေးကောက်ပွဲကို လာမယ့်နိုဝင်ဘာလ(၈)ရက်နေ့မှကျင်းပမှာဖြစ်ပါတယ်။

ဒီကပ်ရောဂါအတွင်းကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲရုံစောင့်မည့် ရဲတပ်ဖွဲ့ဝင်တွေကို တခါသုံးဆေးစစ်ကိရိယာတွေနဲ့ စစ်ပေးနေပြီးအသက်(၆၀) အထက် လူကြီးတွေ ကို နေအိမ်မှာကနေ ကြိုတင်မဲပေးနိုင်ဖို့ စီစဉ်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အစိုးရရုပ်သံကတဆင့်ပြေ ာထားပါတယ်။လက်ရှိအချိန် ဟာကပ်ရောဂါကာ လဖြစ်တာမို့ လူစုရုံးပြီးမဲဆွယ်တာတွေမလုပ်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက တားမြစ်ထားပေမယ့်လည်း နိုင်ငံရေးပါတီတွေလူစုလူဝေးနဲ့အပြိုင်အဆိုင်မဲဆွယ်ကြပါတယ်။

ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပေါင်း ၂၀ ကျော်ပဲ လိုတော့တဲ့အချိန်မှာ နိုင်ငံရေးပါတီတွေကြား ခိုက်ရန်ဖြစ်ပွားတာတွေလည်း ပိုပိုများလာပြီး အောက်တိုဘာလ ၁၀ ရက်နေ့က ဧရာဝတီတိုင်း၊ ဟင်္သာ တမြို့နယ်မှာ NLD ပါတီဝင်တွေနဲ့ ကြံ့ခိုင်ရေးပါတီဝင် တွေကြား ခိုက်ရန်ဖြစ်ပွားခဲ့ပြီး NLD ပါတီဝင် ၁၅ ဦး နဲ့ ကြံ့ခိုင်ရေးပါတီဝင် ကိုးဦးဒဏ်ရာရခဲ့တယ်လို့ သက်ဆိုင်ရာပါတီတာဝန်ရှိ သူတွေက RFA ကို ပြောထားပါတယ်။ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ လည်း ရွေးကောက်ပွဲဝ င်မယ့် NLD အမတ်လောင်း(၃)ဦးကို လက်နက်ကိုင်လူတချို့က ဖမ်းသွားတာ ဒီနေ့ထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရသေးသလို ဘယ်အဖွဲ့ရဲ့ လက်ချက် ဆိုတာလည်း တရားဝင်ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။