မြန်မာ့ကျောက်စိမ်းနယ်မြေ ဖားကန့်မှာ နောက်ထပ်ကျောက်စိမ်းတုံးကြီး ထပ်မံတွေ့ရှိ၊ နိုင်ငံတော် ကို အပ်မည်ဟုဆို

Posted on

ကျောက်စိမ်းနယ်မြေ လို့ပြောလို့ရတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ကျောက်စိမ်းလုပ်ကွက် တစ်ခုကနေ အရွယ်အစားကြီး မားတဲ့ ကျောက်စိမ်းရိုင်း တုံးတစ်တုံးအောက်တိုဘာ(၁၆)ရက်က ထပ်မံတွေ့ရှိခဲ့ တယ်လို့ ဒေသခံတွေကပြောပါတယ်။

အဆိုပါကျောက် စိမ်းရိုင်းတုံးကြီးကို ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မမုံနဲ့ဖားပြင်ကျေးရွာကြား မက်လင်ချောင်မျောချောင်းကျောက်စိမ်းလုပ်ကွက် တစ်ခုကနေ တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ဖားပြင်ကျေးရွာရပ်မိ/ရပ်ဖ ဦးနော်တောင်ကပြောပါတယ်။

လက်ရှိမှာတော့ ကျောက်စိမ်တုံးကို ကျောက်စိမ်းတူးဖော်ရေးဌာန(လုံးခင်း)ကို ရဲတပ်ဖွဲ့ဝင် တွေက လုံခြုံရေးဆောင်ရွက်ပြီးသယ်ဆောင်သွား ခဲ့ပြီဖြစ်ပြီး နိုင်ငံတော် ကို အပ်နှံသွားမှာဖြစ်ပါတယ်။

အဆိုပါ ကျောက်စိမ်းတုံး ကိုရေမဆေးကျောက်ရှာ ဖွေတူးဖော်နေသူ တွေကအောက်တိုဘာ(၁၆)ရက်နေ့လယ်ပိုင်းမှာ တွေ့ရှိခဲ့တာ ဖြစ်ပြီးရွံ့နွံတွေကြား သယ်ထုတ်ဖို့ အခက်အခဲဖြစ်နေရာ ကနေ လှည့်ကင်းလုံခြုံရေး ရဲတပ်ဖွဲ့ကတွေ့ရှိသိမ်းဆည်းခဲ့ တာလို့ကျောက်စိမ်းတုံးကို စတင်တွေ့ရှိခဲ့သူ ကိုကျော်စိုးနိုင်က ပြောပါတယ်။

ယခုမှာတော့ ကျောက်စိမ်းတုံးကို တန်ဖိုးဖြတ် အဖွဲ့က စိစစ်တန်ဖိုးဖြတ်ဖို့ ရှိပြီးကျောက်တွေ့သူနဲ့ ရေမဆေးသမားတွေ ကို ဆုကြေးပေးဖို့စီစဉ်နေတယ်လို့သိရပါတယ်။

လွန်ခဲ့သောတစ်ပတ်က ဝှေခါမှော်မှာ တွေ့ရှိခဲ့တဲ့ ကျောက်စိမ်းရိုင်းတုံးကတော့ သက်တမ်းနုပြီးကျောက် မျိုးမမှန်ဘူး လို့ ပြောကြားထားကြ ပေမယ့် အခုထပ်တွေ့တဲ့ ကျောက်စိမ်းရိုင်းတုံး ကတော့ သက်တမ်းရင့်တယ် လို့ ဒေသခံ‌ ရေမဆေးသမားတွေ က ပြောပါတယ်။