အာမေးနီးယား ဘက် ကို ကူညီဖို့ ပူတင်ရဲ့ ရုရှား ကတော့ စပီး ခြေလှမ်းစ လာပါဘီ

Posted on

ရုရှားတပ် တွေရဲ့ စစ်ရေးလှုပ်ရှားမှု တွေစတင်လာပြီ အာမေးနီးယား ဘက်ကို ကူညီဖို့ပူတင်ရဲ့ ရုရှားကတော့ စပီးခြေလှမ်းစ လာပါပြီ

ဆီရီးယား မှာရှိတဲ့ ရုရှားလေတပ် ကဆီရီးယားldlib ဒေသရှိ တူရကီကျောထောက် နောက်ခံပေးထားတဲ့ တိုက်ခိုက်ရေး သမားတွေရဲ့ လေ့ကျင့်ရေးစခန်း ကို မနေ့က ဗုံးကြဲခဲ့ပါ တယ်ဗျ တိုက်ခိုက်ရေးသမား ၃၀ ကျော်လောက် ကျဆုံးသွားပါတယ် ဗျ

၎င်းတိုက်ခိုက်ရေး သမားတွေဟာအ ချိန်မရွေး နာဂိုနို-ကာရာဘက်ကို ရောက်သွားနိုင်သူ တွေပါဗျအာ့တော့ ရုရှားတပ်က ကိုင်းဖျားကို မခုတ်ဘဲ ပင်စည်အရင်း ကို လာခုတ်တဲ့သဘော

ပြီးတော့ နာဂိုနို-ကာရာဘက် ထဲရုရှားတပ် တွေ ဝင်ဖို့ ခြေချဖို့က ပူတင် အတော်စဉ်းစားနေရတယ်ထင်တယ်ဗျ အဲတော့ရုရှားတပ်က သူလုပ် လို့ ရတဲ့ အပိုင်းမှာ သူပီပြင်အောင် လုပ်လိုက်တဲ့သဘော

အခုလည်း ပစ်မှတ်တွေ ကို ထပ်ရှာနေပီးတွေ့ရင် လေတပ်ကဗုံးထပ် ကြဲဦးမယ့် သဘောဗျ အာမေးနီးယား စစ်သားတွေ အပါအဝင် ရုရှား ဦးဆောင်တဲ့ CSTO မဟာ မိတ်နိုင်ငံ တွေက စစ်သားတွေဟာ ဘီလာရုဇ် နိုင်ငံမှာ စစ်ရေးလေ့ကျင့်မှုတွေ ဆက်တိုက် လုပ်ဆောင်နေတာ တွေ့ရပါတယ်ဗျ

ယနေ့မနက် ပိုင်းကစပီး အဇာဘိုင်ဂျန်ရဲ့ တစ်ခုတည်းသော ပင်လယ်ထွက် ပေါက်ဖြစ် တဲ့ ကုန်းတွင်းပင်လယ် ကက်စပီယန် ပင်လယ်ထဲမှာရုရှား ရေတပ်က စစ်ရေးလေ့ကျင့်မှု စတင်နေ ပါဘီဗျ မိုင်ရာချီ ပစ်လို့ရတဲ့ ဒုံးပျံတင် စစ်သင်္ဘောတွေပါ ပါဝင်လေ့ ကျင့်တာမို့ ရုရှားတပ်တွေ စစ်ရေးလှုပ်ရှားမှု ခပ်စိပ်စိပ် ဖြစ်လာဘီလို့ ပြောရမယ်ဗျ

အကယ်၍နာဂိုနို-ကာရာဘက်ဒေသမှာ ဆီရီးယားနဲ့လစ်ဗျားက တိုက်ခိုက်ရေးသမားတွေရောက်နေတာ သေချာဘီ ဆိုရင်ရုရှားတပ်က လုံးဝ လက်ခံလိမ့်မည် မဟုတ်ပေထိုအခါ ကက်စပီယန် ပင်လယ်ထဲ ကရုရှား စစ်သင်္ဘော တွေကသတိထား စောင့်ကြည့်တော့မှာပါ

အခန့်မသင့်ရင် ကာလီဗာဒုံး ကျည်တွေ နဲ့ပစ်ခတ် နိုင်ဖို့ အထိပါ ရုရှားရေတပ်က အသင့်ပြင် ထားနိုင်ပါတယ်ဗျ နိုင်ငံရေး နဲ့ စစ်ရေးမှာတိုက်ဆိုင် မှု ဆိုတာ မရှိပါဘူးအားလုံးဟာ စီစဉ်ထားတဲ့ အတိုင်းအချိန်ကိုက် ဖြစ်လာတာပါ

ပူတင်ကြီး ဘယ်လိုကစားမလဲ ဆိုတာစောင့်ကြည့် ကြတာပေါ့ဗျာ

လေးစားစွာဖြင့် ခရစ်ဒစ် – ရဲသီဟ