မြူးဇစ်ဇုန် ကေတီဗွီ ပိုင်ရှင်နှင့် မန်နေဂျာကို အင်းစိန်ထောင်သို့ ပို့ဆောင်လိုက်ပြီ

Posted on

မြူးဇစ်ဇုန်ကေတီဗွီပိုင်ရှင် နှင့် မန်နေဂျာကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှု ဥပဒေပုဒ်မ(၂၅) ဖြင့် စတင်တရားစွဲ ဆိုပြီး အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှသိရသည်။

အောက်တိုဘာ(၁၆)ရက်နေ့ရုံးချိန်တွင် မြူးဇစ်ဇုန်ကေတီဗွီ ပိုင်ရှင် ဦးဇော်မင်းနှင့် မန်နေဂျာဖြစ်သူ မျိုးဇော်ကို ရုံးထုတ်ခဲ့ပြီး မြို့နယ်တရားရုံး က သဘာဝဘေး အန္တရာယ် ဆိုင်ရာစီမံခန့်ခွဲ မှုဥပဒေပုဒ်မ(၂၅) ဖြင့် တရားစွဲဆိုပြီးအင်းစိန်ထောင် သို့ပို့ဆောင်ခဲ့ကြောင်းနှင့်လာမည့်ရုံးချိန်း ကို စက်တင်ဘာ(၂၇)ရက်သို့ ချိန်းဆိုခဲ့ကြောင်း စွပ်စွဲခံရသူဘက်မှ တရားလွှတ်တော်ရှေ့နေကပြောကြားခဲ့သည်။

အောက်တိုဘာ(၃)ရက်နေ့ ညပိုင်းက မြူးဇစ်ဇုန် ပိုင်ရှင်နှင့်မန်နေဂျာ သင်္ဃန်းကျွန်းမြို့မရဲစခန်းတွင် လာရောက်အဖမ်းခံခဲ့ကြောင်း သင်္ဃန်း ကျွန်းမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးရွှေလှဝင်း ကပြောကြားထားသည်။

မြူးဇစ်ဇုန် ကေတီဗွီ ပိုင်ရှင်နှင့်မန်နေဂျာဖြစ် သူကို မြို့နယ်ကျန်းမာရေးဦးစီး ဌာနကတရားလိုပြုလုပ်ကာ သဘာဝဘေး အန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ(၂၅)ဖြင့် စက်တင်ဘာ(၃၀)ရက်တွင် သင်္ဃန်းကျွန်း မြို့မစခန်း တွင် အမှုဖွင့်ခဲ့ကြောင်း သိရသည်။ ဆိုင်ပိုင်ရှင်မှာ ဦးဇော်မင်းဆိုသူဖြစ်ပြီး မန်နေဂျာမှာ မျိုးဇော်ကို ခေါ်ဆိုင်နာမည် ကျော်ကျော် ဖြစ်ကြောင်း သိရသည်။

မြူးဇစ်ဇုန်ကေတီဗွီ ပိုင်ရှင်ကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲ မှုဥပဒေဖြင့် တရားစွဲရန်မြို့နယ် ကိုဗစ်ကော်မတီကဆုံးဖြတ် ခဲ့ကြောင်းသင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က စက်တင်ဘာ (၁၂) ရက်တွင် ပြောကြားထားသည်။

သင်္ဃန်းကျွန်း မြို့နယ်ရှိ မြူးဇစ်ဇုန်ကေတီဗွီ မှဆက်စပ်၍ ကိုဗစ် ၁၉ ရောဂါပိုး အတည်ပြုလူနာ (၉၀) ကျော် တွေ့ရှိခဲ့ခြင်းဖြစ်သည်

Crd.newseleven

Zawgyi

ျမဴးဇစ္ဇုန္ေကတီဗြီပိုင္ရွင္ ႏွင့္ မန္ေနဂ်ာကို သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ ခြဲမႈ ဥပေဒပုဒ္မ(၂၅) ျဖင့္ စတင္တရားစြဲ ဆိုၿပီး အင္းစိန္ေထာင္သို႔ ပို႔ေဆာင္ခဲ့ေၾကာင္း သဃၤန္းကၽြန္းၿမိဳ႕နယ္ တရား႐ုံးမွသိရသည္။

ေအာက္တိုဘာ(၁၆)ရက္ေန႔႐ုံးခ်ိန္တြင္ ျမဴးဇစ္ဇုန္ေကတီဗြီ ပိုင္ရွင္ ဦးေဇာ္မင္းႏွင့္ မန္ေနဂ်ာျဖစ္သူ မ်ိဳးေဇာ္ကို ႐ုံးထုတ္ခဲ့ၿပီး ၿမိဳ႕နယ္တရား႐ုံး က သဘာဝေဘး အႏၲရာယ္ ဆိုင္ရာစီမံခန႔္ခြဲ မႈဥပေဒပုဒ္မ(၂၅) ျဖင့္ တရားစြဲဆိုၿပီးအင္းစိန္ေထာင္ သို႔ပို႔ေဆာင္ခဲ့ေၾကာင္းႏွင့္လာမည့္႐ုံးခ်ိန္း ကို စက္တင္ဘာ(၂၇)ရက္သို႔ ခ်ိန္းဆိုခဲ့ေၾကာင္း စြပ္စြဲခံရသူဘက္မွ တရားလႊတ္ေတာ္ေရွ႕ေနကေျပာၾကားခဲ့သည္။

ေအာက္တိုဘာ(၃)ရက္ေန႔ ညပိုင္းက ျမဴးဇစ္ဇုန္ ပိုင္ရွင္ႏွင့္မန္ေနဂ်ာ သဃၤန္းကၽြန္းၿမိဳ႕မရဲစခန္းတြင္ လာေရာက္အဖမ္းခံခဲ့ေၾကာင္း သဃၤန္း ကၽြန္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ ေတာ္ကိုယ္စားလွယ္ ဦးေရႊလွဝင္း ကေျပာၾကားထားသည္။

ျမဴးဇစ္ဇုန္ ေကတီဗြီ ပိုင္ရွင္ႏွင့္မန္ေနဂ်ာျဖစ္ သူကို ၿမိဳ႕နယ္က်န္းမာေရးဦးစီးဌာနကတရားလိုျပဳ လုပ္ကာ သဘာဝေဘးအႏၲရာယ္ ဆိုင္ရာစီမံခန႔္ခြဲ မႈဥပေဒ ပုဒ္မ (၂၅) ျဖင့္ စက္တင္ဘာ(၃၀)ရက္တြင္ သဃၤန္းကၽြန္း ၿမိဳ႕မစခန္း တြင္ အမႈဖြင့္ခဲ့ေၾကာင္းသိရသည္။ဆိုင္ပိုင္ရွင္မွာ ဦးေဇာ္မင္းဆိုသူျဖစ္ၿပီး မန္ေနဂ်ာမွာ မ်ိဳးေဇာ္ကို ေခၚဆိုင္နာမည္ေက်ာ္ေက်ာ္ ျဖစ္ေၾကာင္း သိရသည္။

ျမဴးဇစ္ဇုန္ေကတီဗြီ ပိုင္ရွင္ကို သဘာဝေဘးအႏၲရာယ္ စီမံခန႔္ခြဲ မႈဥပေဒျဖင့္ တရားစြဲရန္ၿမိဳ႕နယ္ ကိုဗစ္ေကာ္မတီကဆုံးျဖတ္ ခဲ့ေၾကာင္းသဃၤန္းကၽြန္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္က စက္တင္ဘာ (၁၂) ရက္တြင္ ေျပာၾကားထားသည္။

သဃၤန္းကၽြန္း ၿမိဳ႕နယ္ရွိ ျမဴးဇစ္ဇုန္ေကတီဗြီ မွဆက္စပ္၍ ကိုဗစ္ ၁၉ ေရာဂါပိုး အတည္ျပဳလူနာ (၉၀) ေက်ာ္ ေတြ႕ရွိခဲ့ျခင္းျဖစ္သည္

Crd.newseleven