အမေ ရိကန်ဖျက်သင်္ဘောတပ်ဖွဲ့ က ဒုက္ခရောက်နေ တဲ့ အီရန်ရေယာဉ် ကို ကူညီ

Posted on

အမေရိကန် ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘော တစ်စီးဟာ အာရေဗျ ပင်လယ်မှာဒုက္ခ ရောက်နေတဲ့ အီရန် အလံလွှင့်ထူထားတဲ့ ရေယာဉ် တစ်စီးကို ကူညီခဲ့ တယ်လို့ နိုင်ငံတကာရေ ကြောင်းညွန့်ပေါင်း အဖွဲ့က အောက်တိုဘာလ(၁၆)ရက်မှာပြောပါတယ်။ အီရန်ရေယာဉ်အဖွဲ့က သူတို့အင်ဂျင်စက်က ဘက်ထရီမကောင်း တော့လို့ စက်နှိုးလို့မရတော့တဲ့ အကြောင်းနဲ့ ရေနဲ့စားနပ်ရိက္ခတွေပြတ် နေတယ်ဆိုပြီး ဆက်သွယ်ရေးရေဒီယိုက တစ်ဆင့် အကြောင်းကြားခဲ့တာပါ”လို့ နိုင်ငံတကာရေကြောင်း အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖျက်သင်္ဘောတပ်ဖွဲ့ ဟာလေထိုးလှေတစ်စီးနဲ့ ဒုက္ခရောက်နေတဲ့ အီရန်ရေယာဉ်အဖွဲ့ဆီသွားခဲ့ပြီး ကနဦးစစ်ဆေးမှုတွေ လုပ်ပေးခဲ့ကာ ရေနဲ့စားနပ်ရိက္ခာ တွေပေးခဲ့ပါတယ်။

USS Churchill ဖျက်သင်္ဘော အဖွဲ့ဟာ အီရန်ရေယာဉ်အဖွဲ့ လိုအပ်တဲ့ ဘက်ထရီ မရှိတဲ့အတွက် အိုမန်ကမ်းခြေစောင့်တပ်ဖွဲ့ဆီက အကူအညီတောင်းခဲ့ပြီး သူတို့ကလည်း အချိန်မီရောက်လာကာ နောက်ထပ်အကူ အညီတွေ ထပ်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထား ပါတယ်။ အင်ဂျင်စက် ပျက်သွားတဲ့ အီရန်ရွက်လှေ တစ်စီး ဟာ အန္တရာယ်ကျရောက်နေတဲ့အကြောင်း USS Winston S. Churchill ဖျက်သင်္ဘောအဖွဲ့ ဆီ သတိပေးချက်လှမ်းပို့ခဲ့တယ်လို့ ပူးပေါင်းရေကြောင်း တပ်ဖွဲ့ (Combined Maritime Forces) က ပြောပါတယ်။

အမေရိကန်နဲ့ အီရန်တို့ဟာရန်သူတွေဖြစ်ကြပြီးအကြမ်းဖက်ဝါဒကျင့်သုံးသူတွေအဖြစ်အပြန်အလှန် စွပ်စွဲပြောဆိုနေကြသူတွေဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ရေကြောင်းကွန်ဗန်းရှင်း အရ သင်္ဘောတွေဟာ ဒုက္ခရောက်နေတဲ့မည်သည့် ရေယာဉ်ကိုမဆို နိုင်ငံသားကို ဂရုမထားဘဲ ကူညီရမယ်လို့ ဆိုထားပါတယ်။ ဘာရိန်းမှာကျောက်ချ ရပ်နားတဲ့ US Fifth Fleetရေယာဉ်စုဟာပင်လယ်ကွေ့ အတွင်းရေနံတင်သင်္ဘော တွေကို ကာကွယ်ပေးဖို့တာဝန် ယူထားတာဖြစ်ပါတယ်။ ပူးပေါင်းရေကြောင်း တပ်ဖွဲ့ဟာ ကမ္ဘာ့အရေးပါဆုံး ရေကြောင်းလမ်း တချို့ရှိရာ အရှေ့အလယ်ပိုင်းက အပြည်ပြည်ဆိုင်ရာရေပိုက်နက် ကို ကင်းလှည့်ဖို့ အမေရိကန်၊ တူရကီ၊ ပါကစ္စတန်နဲ့ ဥရောပအင်အားကြီး နိုင်ငံတွေပါဝင်တဲ့(၃၃)နိုင်ငံပါတဲ့ ညွန့်ပေါင်း အဖွဲ့ဖြစ်ပါတယ်။

Zawgyi

အေမရိကန္ ပဲ့ထိန္းဒုံးက်ည္တပ္ ဖ်က္သေဘၤာ တစ္စီးဟာ အာေရဗ် ပင္လယ္မွာဒုကၡ ေရာက္ေနတဲ့ အီရန္ အလံလႊင့္ထူထားတဲ့ ေရယာဥ္ တစ္စီးကို ကူညီခဲ့ တယ္လို႔ နိုင္ငံတကာေရ ေၾကာင္းညြန႔္ေပါင္း အဖြဲ႕က ေအာက္တိုဘာလ(၁၆)ရက္မွာေျပာပါတယ္။ အီရန္ေရယာဥ္အဖြဲ႕က သူတို႔အင္ဂ်င္စက္က ဘက္ထရီမေကာင္း ေတာ့လို႔ စက္ႏွိုးလို႔မရေတာ့တဲ့ အေၾကာင္းနဲ႔ ေရနဲ႔စားနပ္ရိကၡေတြျပတ္ ေနတယ္ဆိုၿပီး ဆက္သြယ္ေရးေရဒီယိုက တစ္ဆင့္ အေၾကာင္းၾကားခဲ့တာပါ”လို႔ နိုင္ငံတကာေရေၾကာင္း အဖြဲ႕ရဲ့ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဖ်က္သေဘၤာတပ္ဖြဲ႕ ဟာေလထိုးေလွတစ္စီးနဲ႔ ဒုကၡေရာက္ေနတဲ့ အီရန္ေရယာဥ္အဖြဲ႕ဆီသြားခဲ့ၿပီး ကနဦးစစ္ေဆးမႈေတြ လုပ္ေပးခဲ့ကာ ေရနဲ႔စားနပ္ရိကၡာ ေတြေပးခဲ့ပါတယ္။

USS Churchill ဖ်က္သေဘၤာ အဖြဲ႕ဟာ အီရန္ေရယာဥ္အဖြဲ႕ လိုအပ္တဲ့ ဘက္ထရီ မရွိတဲ့အတြက္ အိုမန္ကမ္းေျခေစာင့္တပ္ဖြဲ႕ဆီက အကူအညီေတာင္းခဲ့ၿပီး သူတို႔ကလည္း အခ်ိန္မီေရာက္လာကာ ေနာက္ထပ္အကူ အညီေတြ ထပ္ေပးခဲ့တယ္လို႔ ထုတ္ျပန္ခ်က္မွာေဖာ္ျပထား ပါတယ္။ အင္ဂ်င္စက္ ပ်က္သြားတဲ့ အီရန္ရြက္ေလွတစ္စီး ဟာ အႏၲရာယ္က်ေရာက္ေနတဲ့အေၾကာင္း USS Winston S. Churchill ဖ်က္သေဘၤာအဖြဲ႕ ဆီ သတိေပးခ်က္လွမ္းပို႔ခဲ့တယ္လို႔ ပူးေပါင္းေရေၾကာင္း တပ္ဖြဲ႕ (Combined Maritime Forces) က ေျပာပါတယ္။

အေမရိကန္နဲ႔ အီရန္တို႔ဟာရန္သူေတြျဖစ္ၾကၿပီးအၾကမ္းဖက္ဝါဒက်င့္သုံးသူေတြအျဖစ္အျပန္အလွန္ စြပ္စြဲေျပာဆိုေနၾကသူေတြျဖစ္ပါတယ္။

အျပည္ျပည္ဆိုင္ရာ ေရေၾကာင္းကြန္ဗန္းရွင္း အရ သေဘၤာေတြဟာ ဒုကၡေရာက္ေနတဲ့မည္သည့္ ေရယာဥ္ကိုမဆို နိုင္ငံသားကို ဂ႐ုမထားဘဲ ကူညီရမယ္လို႔ ဆိုထားပါတယ္။ ဘာရိန္းမွာေက်ာက္ခ် ရပ္နားတဲ့ US Fifth Fleetေရယာဥ္စုဟာပင္လယ္ေကြ႕ အတြင္းေရနံတင္သေဘၤာ ေတြကို ကာကြယ္ေပးဖို႔တာဝန္ ယူထားတာျဖစ္ပါတယ္။ ပူးေပါင္းေရေၾကာင္း တပ္ဖြဲ႕ဟာ ကမၻာ့အေရးပါဆုံး ေရေၾကာင္းလမ္း တခ်ိဳ႕ရွိရာ အေရွ႕အလယ္ပိုင္းက အျပည္ျပည္ဆိုင္ရာေရပိုက္နက္ ကို ကင္းလွည့္ဖို႔ အေမရိကန္၊ တူရကီ၊ ပါကစၥတန္နဲ႔ ဥေရာပအင္အားႀကီး နိုင္ငံေတြပါဝင္တဲ့ (၃၃) နိုင္ငံပါတဲ့ ညြန႔္ေပါင္း အဖြဲ႕ျဖစ္ပါတယ္။