တူရကီနှင့် ပါကစ္စတန်တို့ အဇာဘိုင်ဂျန်ဖက် က ဝင်တိုက်နေကြောင်း အာမေးနီးယားပြောပြီ

Posted on

တူရကီ ကြည်းတပ်နှင့် ပါကစ္စတန်အထူးတပ်ဖွဲ့က အဇာဘိုင်ဂျန်ဘက် က ဝင်တိုက်နေကြောင်း အာမေးနီးယားဝန်ကြီးချုပ် ပြောကြားခဲ့ပါသည်။

အာမေးနီးယား ဝန်ကြီးချုပ် ဖြစ်သူ Nikol Pashinyan က ရုရှား Sputnik အေဂျင်စီကို ပြောကြားရာ တွင် တူရကီသည် ခါရာဘတ် ဒေသ၌၎င်း၏စစ်တပ်ကို အသုံးချရုံသာ မက ပါကစ္စတန်စစ်တပ်မှ အထူးတပ်ဖွဲ့များ လည်း ပါဝင်နေကြောင်းပြောကြားခဲ့သည်။ ထို့အပြင် အချို့သောသတင်း များအရ တူရကီကြည်းတပ်သာမက တူရကီအထူးတပ်ဖွဲ့များလည်းပါဝင်တိုက်ခိုက်နေ သည်ဟုဆိုသည်။

ခါရာဘတ်တိုက်ပွဲ အတွင်း ပါကစ္စတန်အထူးတပ်ဖွဲ့များ အနေဖြင့် မည်သို့ ရောက်လာသည်ကိုမဖော်ပြလိုသော် လည်း ဆီးရီးယားမှ ကြေးစားများ လည်းပါဝင်တိုက်ခိုက်ပေးနေ ကြောင်းကို ပြောကြားခဲ့ပါသည်။ ထိုပြောကြားမှုနှင့် ပတ်သက်၍ အဇာဘိုင်ဂျန်ဘက် ကမူ ငြင်းဆိုထားသည် ဟုသိရှိရသည်။

Ref_AMN

Zawgyi

တူရကီ ၾကည္းတပ္ႏွင့္ ပါကစၥတန္အထူးတပ္ဖြဲ႕က အဇာဘိုင္ဂ်န္ဘက္ က ဝင္တိုက္ေနေၾကာင္း အာေမးနီးယားဝန္ႀကီးခ်ဳပ္ ေျပာၾကားခဲ့ပါသည္။

အာေမးနီးယား ဝန္ႀကီးခ်ဳပ္ ျဖစ္သူ Nikol Pashinyan က ႐ုရွား Sputnik ေအဂ်င္စီကို ေျပာၾကားရာ တြင္ တူရကီသည္ ခါရာဘတ္ ေဒသ၌၎၏စစ္တပ္ကို အသုံးခ်႐ုံသာ မက ပါကစၥတန္စစ္တပ္မွ အထူးတပ္ဖြဲ႕မ်ား လည္း ပါဝင္ေနေၾကာင္းေျပာၾကားခဲ့သည္။ ထို႔အျပင္ အခ်ိဳ႕ေသာသတင္း မ်ားအရ တူရကီၾကည္းတပ္သာမက တူရကီအထူးတပ္ဖြဲ႕မ်ားလည္းပါဝင္တိုက္ခိုက္ေန သည္ဟုဆိုသည္။

ခါရာဘတ္တိုက္ပြဲ အတြင္း ပါကစၥတန္အထူးတပ္ဖြဲ႕မ်ား အေနျဖင့္ မည္သို႔ ေရာက္လာသည္ကိုမေဖာ္ျပလိုေသာ္ လည္း ဆီးရီးယားမွ ေၾကးစားမ်ား လည္းပါဝင္တိုက္ခိုက္ေပးေန ေၾကာင္းကို ေျပာၾကားခဲ့ပါသည္။ ထိုေျပာၾကားမႈႏွင့္ ပတ္သက္၍ အဇာဘိုင္ဂ်န္ဘက္ ကမူ ျငင္းဆိုထားသည္ ဟုသိရွိရသည္။

Ref_AMN