ယောက်ျားလေးတို့ ၏ အားနည်းချက်

Posted on

ဘိုရူး သူငယ်ချင်း တစ်ယောက် ရှိတယ်။ သူ့ကိုယ်သူ မိုက်ကယ်မိုးတဲ့ နာမည်အရင်းက မိုးမင်းတဲ့ သူ့ဟာသူ မိုက်ကယ်မိုးဖြစ်ဖြစ် မိုးကောင်းကင်ပဲ ဖြစ်ဖြစ် သူငယ်ချင်းတွေ ခေါ်ကြတာက တွက်ပီပဲ။

ဘာလို့လဲ ဆိုတော့ ခေါ်မှာပေါ့ လူကြည့်တော့ အရပ်နှစ်တောင်လောက်နဲ့ ဗိုက်ပူနံပိန်လေးဟာကို။ ပြောချင်တာက သူက ဘီယာကြိုက်တယ် ကေတီဗွီ ကြိုက်တယ်။ ဒါပေမယ့်ခုတော့ ဘီယာပဲ သောက်တော့တယ်။ KTV က ပြတ်သွားပြီ…ဝါသနာကိုစွန့်လိုက်ပြီလေ။အကြောင်းရှိတယ်….အကြောင်းက ဒီလို သူကေတီဗွီကြိုက်ပေမယ့် ဒါကို သူ့မိန်းမက မကြိုက်ဘူး။ မကြိုက်လို့တားတယ်။ဘယ်လိုပဲ တားတား မရဘူး။

ဘော်ဒါစုံလာရင်လည်းသွားတာပဲ မူးလာရင်ဖြစ်ဖြစ် အဖော်ကောင်းရင် ဖြစ်ဖြစ် KTV ကို ဒိုးတော့တာ။ မိန်းမ မကြိုက်မှန်းသိတော့ ပေါ်တင်တော့ မသွားဘူးပေါ့။ ယောက်ျားတို့ တတ်အပ်တဲ့ အဌာရသ (၁၈)ရပ်ထဲက ရှောင်လင်အတတ်နဲ့ မိန်းမအလစ်ကို သွားရတာ။ဒါကို မသင်္ကါတော့သူ့မိန်းမက ချောင်းဖမ်းတယ်။ တစ်နေ့တော့ ညနေစောင်း မန်းလေး ၆၂ လမ်း အရှေ့ဘက်ကဆိုင်မှာ ကတွတ်ပီတို့ ဘီယာဂွပ်တယ်။အရှိန်လေး ရလာတော့…မျက်နှာချင်းဆိုင်က KTV ကို လမ်းကူးပြီး သွားတယ်။

သူလည်း KTV ခန်းထဲရောက်လို့ ထိုင်ကာရှိသေး …နောက်က ချောင်းလိုက်လာတဲ့ မိန်းမက ဗြုန်းဆို အခန်းထဲ ဝင်လာ ပါလေရော မိန်းမမြင်တော့ လန့်သွားတာပေါ့ “ဟာ… မိန်းမ… မင်း…မင်း.. ဟာ ဘာလို့ လိုက် လာ လာ ကျမလည်း သီချင်း ဆိုမလို့ အင်… အဲ… ဟိုလေ ဟိုဟာ…”

“ဘာလဲမဆိုရဘူးလား ဆို…ဆို ရ ရပါတယ်ဟ ဟီးဟီး” “အာ့ဆို ပီးရော… ဟေ့စာပွဲထိုးမောင်လေး ခဏလာအုံး ဟုတ်အစ်မ ဘာမှာ မလဲ ခမျ ခါတိုင်း ဒီလူကြီးလာရင် မှာနေကျ အစားအသောက်ရယ် ထိုင်နေကျ ကောင်မလေးရယ် စီစဉ်ပေး ဟုတ်ကဲ့ အစ်မ၊ သူက စားတာတော့မစားဘူး၊ ဘီယာသောက်တယ်၊ စန္ဒီနဲ့ထိုင်တယ်” “အေး…အဲ့တာ လုပ်ပေးလိုက်” “ဟာ မိန်းမ ငါသီချင်းပဲ ဆိုဆို…” “နေပါရှင် အေးဆေးပေါ့..ခါတိုင်းလိုပေါ့၊ လုပ်ပါပျော်ပျော်ပါးပါး၊ကျမရှိလို့စိတ်မကျဉ်းကြပ်ပါနဲ့၊ ကျမလည်း ရှင်နဲ့အတူတူပျော်မှာ၊ လုပ် လုပ် စိတ်မဆိုးဘူး တကယ်”

“ဟူးအေးဘာကွာ ခဏနေတော့…ဘီယာနဲ့ စန္ဒီ ရောက်လာတယ်။ကောင်မလေးကို တွတ်ပီဘေးမှာ ထိုင်ခိုင်းလိုက်ပြီး ရော့ညီမလေး… မုန့်ဖိုးအရင်ယူထား အစ်မက ချစ်လို့ ပေးတာ ဆိုပြီး ကလေးမကို တစ်သောင်းတန် လေးငါးရွက် ပေးလိုက်တယ်။

ပီးတာနဲ့…..စာပွဲထိုးကောင်လေးကိုလည်း တစ်သောင်းတန်နှစ်ရွက်ပေးပြီး ပြောတယ်“အစ်မနဲ့ သီချင်းတွဲဆိုဖို့ ကောင်လေးတစ်ယောက်လောက် စီစဉ်ပေး မောင်လေး “ဟမ်… အစ်မ အဲ့လိုတော့မရှိဘူးလေ၊ ဒီမှာကမိန်းကလေးပဲ ရှိတာ ရအောင် စီစဉ်စမ်းပါမုန့်ဖိုးများများ ပေးမှာပါ”

ကောင်လေးလည်း ခေါင်းကုပ်ပြီး ထွက်သွားတယ်။ ခဏနေတော့တခြားကောင်လေးတစ်ယောက်နဲ့ ရောက်လာတယ်။အစ်မရေ… သူက ဒီက စက်ဆရာပဲ၊ သီချင်းလည်း အဆိုကောင်း တယ် အစ်မ၊ သူကူဆိုပေးမယ်တဲ့”“အေးအေးလာ မောင်လေး”… ဆိုပီးသူ့ဘေးထိုင်းခိုင်းတယ်။

အခြေအနေတွေ အားလုံးအိုခေသွားတော့ သူ့မိန်းမရဲ့ တိုက်စစ်က စလာပြီ ဟေ့… ညီမလေး အဲ့ဦးလေးကို ဘီယာငှဲ့ပေးလေ၊ ခါတိုင်းလို အမြည်းလေးဘာလေးမှာပြီး ခွံကျွေးလေ ညီမလေးကလည်း ဟုတ်ဟုတ် အစ်မ ကလေးမကလည်း ဘာမှန်းညာမှန်း မသိဘူး၊ မုန့်ဖိုးရထားတဲ့ အရှိန်နဲ့ ခိုင်းသမျှ လုပ်ပေးနေချည်ရော… တွတ်ပီမှာတော့ အီလယ်လယ်ကြီးနဲ့ သူ့မိန်းမကို ကွက်ကြည့် ကွက်ကြည့်… …

“ခါတိုင်း ဘာစုံတွဲ သီချင်းဆိုကြလဲ ညီမလေး”“ငယ်ကျွမ်းဆွေ ဆိုပါတယ် အစ်မ”“အေး… အဲတာထည့်အေ… ဆိုအေ… ရှင်ကလည်း သူ့ ပုခုန်းဖက်လေ… ကထဲတော်… လုပ်ပါ… ဆိုပါ…”တွတ်ပီခမျာ ကြီးကြည့်ကြောင်ကြည့်နဲ့ သီချင်းက အင်ထရိုလာနေပြီ…ဆိုဖို့ အသင့်ပြင်နေပြီ…သူ့မိန်းမကို လှမ်းကြည့်တော့…

“မောင်လေး… မမကို ဘီယာ ငှဲ့ပေးလေ”“ခမျာ… ဟုတ် ဟုတ် ကဲ့”“မမကို ဖက္ထားပါအုံး”“ခညာ ညာ…”ဟာ… ကုန်တော့မယ် ဒီမိန်းမကတော့ လုပ်ပြီ…ပညာကုန်သုံးပြီးတိုက်နေတာ…ဘာလာကြည့် နေတာလဲ ဟိုမှာ ဆိုရမယ့်နေရာ ရောက်နေပြီလေ… ဆို… ခု ဆို…”

အေ့.. အေး ဘာ.ကွာ… ဘာတဲ့… ငယ်ဟယ်ဟယ် သဂျယ်ဂင်း ရေ ဂုတော့ ငယ်ဆွမ်းဂျွေ…ရှေ့မှာ ကြည့်ရ နောက်က သူ့ပစ္စည်းစိတ်မချလို့ လှည့်ကြည့်ရနဲ့ စာသားတွေလည်း ကမောက်ကမကို ဖြစ်လို့။“ကဲ… ရှင်တို့ ပီးရင် ကျမတို့ စုံတွဲ အလှည့်”ဟင့်…..ကျမတို့ စုံတွဲဆိုပါ့လား…မသာမ….”မောင်လေး … နှစ်ကိုယ်တူချစ်သမျှ ဆိုလိုက်ရအောင်”အဲလိုနဲ့…ကောင်မလေးကို တွတ်ပီအတွက် ဘီယာငှဲ့ခိုင်းပြီးရင်…ကောင်လေးကို သူ့အတွက် ဘီယာငှဲ့ခိုင်းလိုက်တယ်…ကောင်မလေးကို အမြည်းခွံ့ကျွေး ခိုင်းပြီးရင်…ကောင်လေးကိုလည်း အမြည်းခွံ့ခိုင်းတယ်….

ကောင်မလေးကို တွတ်ပီပုခုန်းဖက်ခိုင်းပြီး ကောင်လေးကိုလည်း သူ့ကို ဖက်ခိုင်းတယ်စုံတွဲသီချင်းတွေလည်း ကုန်သလောက်ရှိ ဘီယာလည်း ဆယ့်လေးငါးပုလင်းကုန်တော့ သူ့မိန်းမ အတော်မူးနေပြီ…မူးနေတော့…ဇာတ်လမ်းက စရော…“ကတွတ်ပီခါတိုင်း ကလေးမကို ပေါက်စီကိုင်တယ်မလား၊ ခုကိုင်လေ…“ဟာ… ငါ မကိုင် မကိုင်ပါဘူး”ရှင်မညာနဲ့ ခုန ညီမရေးကို မေးကြည့်ပီးဘီရှင်ကိုင်ဒယ်တဲ့၊ ဝုတ်လား ညီမရေး”

“ဟုတ် ဟုတ် ကဲ့ အစ်မ ကဲ… ကိုင်လေး… ကိုင်၊ ညီမရေး ပေးကိုင်လိုက် ဟာ… မသီ မင်းမူးနေပြီ ပြန်ရအောင် မပြန်ဘူး သချင်း ရှိူအုံးမှာ ရှင်ပြန်ချင်ပြန် ငါ မင်းမပါဘဲ ပြန်လို့ ရမလားဟ၊ မင်းနေရင် ငါလည်းနေရမှာပေါ့“အာ့ဆိုလည်း ကလေးမ ပေါက်စီကို ရှင်ကိုင်တော့၊ ကဲ မောင်လေး… မမတို့လည်း“ဟာအစ်မကျနော် မကိုင်ရဲဘူး မကိုင်မရစေနဲ့”“ကိုင်ပါဟဲ့…ဘာကြောက်စရာ ချိရဲ ကိုင်ဘာ လာဘာ… မုန့်ဖိုးပေးပါမယ် လာလာ ကိုင်”

“ဟာ… မသီ အီးဟီးဟီးငါမှားပါပြီကွာ… ငါ နောက်ကို KTV ဘယ်တော့မှ မလာတော့ပါဘူးအီး ဟီး ခု ပြန်ကြရအောင်ပါ ကြာရင် ငါ့ အရင်းထဲ ပါတော့မှာ ကွ အီး… ဟင့်… ဟိုကောင် မသာ… မင်း ငါ့မိန်းမ ပေါက်စီ ကိုင်ရဲကိုင်ကြည့် အသေဘဲ အီး ဟင့်ဟင့်… မသီပြန်ရ အောင်နော် ငါ လိမ်မာပါတော့မယ်ကတိပေးဘာတယ်ကွာ….ဒီ ငရိုးမ ကေတီဗွီကို ရီးမှမလာတော့ဘူး အဲဒီကတည်းက တွတ်ပီတို့ KTV ရှေ့ကကို ဖြတ်မလျှောက်တော့တာ။

သင်ခန်းစာပေးလို့ရတယ်နော်

ယောက်ျားဆိုသည်မှာ သူများခွက်သာ နှိုက်ချင်တာ။ကိုယ့်ခွက်တော့ နည်းနည်းမှ အထိမခံနိုင်ကြပေ။ ဤအားနည်းချက်ကို အသုံးချ၍ မိန်းမသားထုကြီး အနေဖြင့် ‘မသီက တွတ်ပီကို အောင်မြင်တော်မူသကဲ့သို့ အောင်မြင်နိုင်ကြစေရန် ‘ယောက်ျားတို့၏ လျှို့ဝှက်ချက်’ကို ဖော်ထုတ်သစ္စာဖောက်လိုက်ပါကြောင်း။

မူရင်းရေးသားသူ ခရက်ဒစ်ပါ ။photo;Fb

Credit.oraginal