ကျန်းမာရေးရေးနဲ့ပတ်သက်ပြီးတောင် မြန်မာပြည်ကို ဂျင်းထည့်ကြတဲ့ သာကောတို့

Posted on

လက်ရှိကိုဗစ်ဖြစ်နေတဲ့ မြန်မာပြည်မှာ ကျန်းမာရးနဲ့ပတ်သက်တဲ့ ပစ္စည်းတွေ အဝယ်လိုက်လာ တော့ အရောင်းအဝယ်နည်းနည်းပါး ပါးတတ်တဲ့သူတွေ ကျန်းမာရေး ပစ္စည်းတွေရောင်းလာကြတယ်။အခြားပစ္စည်းတွေအရည်အသွေးမမှီတာ ပြသနာမရှိပေ မယ့် ကျန်းမာရေးနဲ့ပတ်သက်တဲ့ ပစ္စည်းအရည်အသွေး မ မှီတာတွေ ရောင်းမိ ရင် အဲ့ပစ္စည်းကလူတွေရဲ့ အသက်တွေကိုသတ်သွားရင် ဘယ်လောက်ဝမ်းနည်းစရာကောင်းလဲဗျာ

ရန်ကုန်မှာ လက်ကားဒိုင်ကြီး အချို့ကိုယ်တိုင် ပတ်ဝန်းကျင်တိုင်းပြည်ကအေးဂျင့်တွေထည့်သမျှဂျင်းအဟုတ်ထင်ပြီး ရောင်းမှားဝယ်မှားတာတွေ ရှိနေတယ် တ ချို့ကမသိ လို့ မှားတယ်တချို့က အမှားမှန်းသိသိကြီးနဲ့ လုပ်တယ်) သူတို့စကားယုံပြီး တဆင့်ပြန်ရောင်းတဲ့ သူတွေ ကလည်း သူတို့စကားအတိုင်း တစ်သွေမတိမ်းထွက်တယ်ပစ္စည်းတွေက ရှေ့တန်းကဆေးရုံဆေးခန်းတွေရောက် လူတွေဒုက္ခရောက်ကြရတယ် ဟိုဘက်ကအေးဂျင့်တွေဘယ်လိုလိမ်လဲ ဆိုတာ ကျနော်အချက်အလက် တွေနဲ့ အားတဲ့အခါရေးပေးပါ့မယ်

အခုလောလောဆယ်ပြောချင်တာက အွန်လိုင်း ရှော့ပင်းလုပ်နေတဲ့ပေ့တွေ ရောင်းသူတွေအလွယ်တကူ ကျန်းမာရေး ပစ္စည်းတွေယူမရောင်းကြပါနဲ့အခြားပစ္စည်းတွေ ရောင်းကြပါ။မသိနားမလည်တဲ့ ပစ္စည်းတွေကိုယူမရောင်းကြပါနဲ့ပစ္စည်းတွေအများကြီး ယူရောင်းတဲ့သူတွေကိုတစ်ဖက် တိုင်းပြည် ကအေးဂျင့်တွေဘယ်လို လိမ်လဲ ဆိုတာကျနော် တစ်ချိန်မှာရေးပြပါ့မယ်

ဒိုင်ကြီးသမားတွေလည်း ကိုယ်ဝယ်တဲ့ အေးဂျင့်တွေကို အများကြီး စွတ်မယုံကြပါနဲ့ ပစ္စည်းQualityကောင်းတာကိုတတ်နိုင်သမျှ ရှာဖွေပြီးရောင်းချပေးကြပါလို့ အနူးအညွတ်မေတ္တာရပ်ခံ ပါတယ် ဘာမှနား မလည်တဲ့ သူတွေကတော့ ဘာကျန်းမာရေး ပစ္စည်းမှယူ မရောင်းကြ ပါနဲ့တောင်းပန်ပါတယ် ခမျာအောက် မှာ pulse oximeter အချို့ကိုပြထားပေးပါတယ်။

မှတ်ချက် ကျနော်ကျန်းမာရေးပစ္စည်းရောင်းသူ မဟုတ်ပါကျနော့်ရေးသား ချက်ကြောင့် လူအချို့စီးပွားရေးအရ ထိခိုက်တယ်ဆိုရင် ကြိုတောင်းပန်ထားပါရစေ ကျနော်မရည်ရွယ်ပါ။ မြန်မာပြည်က လူနာတွေ အန္တရာယ် ကင်းစေချင်သောဆန္ဒသာ ကျနော့်မှာ ရှိပါတယ်ခမျာ လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ

Crd.Htet Phyo Aung