တူတူ ပုန်းတမ်းဆော့ကစားရာမှ ထူးဆန်းစွာပျောက်သွားခဲ့သည့် ကလေးမလေး

Posted on

(၁၈.၁၀.၂၀၂၀)ရက်နေ့ညနေ (၄) နာရီ‌ကျော်အချိန်ခန့်က မကျီးပေါက်ကုန်း ကျေးရွာအုပ်စု၊ ကျောက်ဖူးကျေးရွာတွင် အသက်(၄)နှစ်အရွယ် မပြည့်ပြည့်ဇွန်နှင့် ကလေးငယ် အဖော်များသည် အခြားအိမ် တစ်အိမ်တွင်အတူ တူတူပုန်းတမ်းဆော့ကစား နေရာမှ ပျောက်ဆုံး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။၎င်းကလေးမပျောက်ဆုံးနေလျက်ရှိရာ (၄)ရက်မြောက်သည် နေ့ အထိရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း ပရဟိတ နာရေးကူညီမှုအသင်းမှ ကိုဝင်းဇော်က ပြောပါတယ်။

လက်ရှိအချိန်ထိတော့ မတွေ့သေးပါဘူး၊စခန်းမှာတော့ အမှုဖွင့်ထားတယ်၊ မိဘတွေနဲ့ အတူ အားလုံးလဲ စိတ်ပူနေကြပါတယ်၊ ပျောက်တာက လေးညအိပ် ငါးရက်မြောက်ပြီ၊ ရှာနေကြတာ ကတော့ ရဲတွေကော၊ ပရဟိတ လူမှုရေး အသင်းတွေ၊ ရွာခံတွေနဲ့ အနီးအနား ပတ်ဝန်းကျင်က လူတွေကော ဆိုရင်လူအင်အား(၃၀ဝ) နီးပါးလောက် နဲ့ ပိုက်စိပ်တိုက်ရှာနေတာ မတွေ့သေးဘူးဆိုတော့ ရာဇဝတ်မှုများ ဖြစ်နေမလားပေါ့၊ ကလေးကိုတော့ အမြန်ပြန်တွေ့ချင်နေကြတယ်”ဟု၎င်းကပြောသည်။

ကျောက်ဖူးရွာသည် ရွှေတောင်ကျီးသဲလမ်းမ ကျီးပေါက်ကုန်းရွာမှ တစ်ဆင့်တစ်ရွာကျော်လျှင် ရောက်ရှိပြီ။ အိမ်ချေ (၃ဝ)ခန့်ရှိ သည် ရွာငယ်လေး ဖြစ်ကြောင်း၊ ကလေးငယ်ပျောက်ဆုံးနေမှုမှာ ညနေစောင်း အချိန်ဖြစ်ခြင်း ကြောင့် နတ်ဖွက် ထားနိုင်သည် ဟု ယူဆကာ လောကီအစီအမံများဖြင့်လည်း ရှာဖွေခြင်းများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။ ယင်းသို့ ပြုလုပ်ရခြင်းမှာ အဆိုပါဒေသ ၌ ယခင်ကလည်း လူတစ်ယောက်နှင့် ခွေးတစ်ကောင်ပျောက်ဆုံးခဲ့ဘူးခြင်းရှိခဲ့ရာ သုံးရက်မြောက် နေ့တွင် ပြန်လည်တွေ့ရှိခဲ့ခြင်း ကြောင့် ဖြစ်ကြောင်းသိရ သည်။