အမတော်မြနန်းနွယ် ရဲ့ ပါးကိုနမ်းခဲ့မိလို့ မသေရုံတစ်မယ် ဖြစ်ခဲ့ရသောသူအကြောင်း (ဖြစ်ရပ်မှန်)

Posted on

တစ်ရက်တွင်စာရေး သူသည်အစ်မတော်မြနန်းနွယ် အဆောင် သို့ရောက်ရှိစဉ်ဝန်ထမ်းတစ်ဦး မှ အမတော်အားပွဲဆက်သူ တစ်ဦးအတွက် ကိုယ်စားဆုတောင်းပေး နေသည်ကို မြင်မိသည်။ အများအားဖြင့် အဆိုပါ ပုဂ္ဂိုလ်တို့ သည် အစီစဉ်တကျ ပြောဆိုပွဲအပ် ဆုတောင်း ပေးကြပါသည်။ ထိုသူသည်သုံးလေးဦးဆက် တိုက် ပြောဆိုဆုတောင်းပေးပြီး နောက် ခတ္တခဏစာရေးသူ အနီးရှိထိုင်ခုံတွင်ထိုင်၍ နားနေခိုက်တွင် စာရေးသူသိလိုသမျှ ကိုသွားရောက်မေးမြန်းရင်း စကားလက်ဆုံ ကျကာ အစ်မတော်မြနန်းနွယ် ရဲ့ ထူးခြားဆန်းပြားဖြစ် ရပ်များနဲ့ ဆုတောင်ပြည့်ပုံများ ကို မှတ်သားခဲ့ရသည်။

ထိုမှတ်သားခဲ့သည်များအထဲမှ အစ်မတော်မြနန်းနွယ်ရဲ့ပါးကို နမ်းမိ၍အသက်မသေရုံတမယ်ဖြစ်ခဲ့ရသူ တစ်ယောက်အကြောင်းကို စာဖတ်သူများ သိရှိစေရန်ရေးသား လိုက်ပါသည်။ ထိုသို့ အသက်ဆုံးရှုံးရန် သိသိလေးလို သည်အထိဖြစ်ခဲ့ရ သူမှာအခြားမဟုတ် ယခုထိုအကြောင်းကို ပြောပြသော ဝန်ထမ်းရဲ့အဖေဖြစ်သည်။၏

လုံခြုံရေးနှင့်အစ စ အရာရာ ကိစ္စများအတွက် ဘုရားဂေါပက အဖွဲ့မှ ခန့်အပ်ထားသော ဝန်ထမ်းများမှ အလှည့်ကျတာဝန်ယူရသည်။ သူ၏ အဖေမှာ ဘုရားတွင်ဝန်ထမ်းအဖြစ် လုပ်သက်(၃၅)နစ် အထိလုပ်သွား သူဖြစ်ပြီး အခုတိုင်အသက် ၉၃နှစ်ထိ အသက်ရှင်လျက်ရှိ သေးကြောင်း ရှေးဦးစွာပြေ ာပြသည်။ နာမည်မှာဦးဘချစ်ဖြစ်သည်။ ယခုအဖြစ်အ ပျက်မှာ ဦးဘချစ် အလုပ်ဝင်စကဖြစ်ပွားခဲ့ခြင်းဖြစ် သည်။ သူသည်ပျော် ပျော်နေတက် မျက်နှာပြောင်တက် သည်။

တစ်ရက် သူ၏စိတ်ထဲမှာ အစ်မတော်ရဲ့ ရုပ်ပုံသည် အရမ်းချစ်စရာ ကောင်းပြီး ချောမောလှပနေသည် ကို သာတွေးမိနေသည်။ ထိုနောက် ရုတ်တရက် အမတော်နားကို သွားပြီးအမတော် ၏ ပါးကိုနမ်းလိုက်မိသည်။

ညဘက်ရောက် သောအခါနေရင်းထိုင်ရင်း အထက်လန်အောက် လျောဖြစ်ကာ ဆေးရုံသို့ ချက်ချင်းပို့လိုက် ရသည်။ ဆေးတွေသွင်းပြီး လူလည်းမသေရုံတ မယ်သာကျန်သည်။ ထို့နောက် အစ်မတော်ကိုကန်တော့ပွဲ ပေးကာတောင်းပန်ရ သည်။ နောင်တွင်လည်း အစ်မတော်ကိုထို ကဲ့သို့မလေးမစားမလုပ်ရဲ တော့ချေ။ ဦးဘချစ်အတွက်တော့ ဘဝတွင် မမေ့နိုင်စရာအဖြစ်အပျက်တစ်ခု အဖြစ် အမှတ်ရနေမှာမလွဲပေ။

အခုလိုအချိန်ပေးပြီး ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်သောနေ့လေးကိုပိုင်ဆိုင် နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါ တယ်နော်။