ရှေ့တန်းတိုက်စစ်မှူး တစ်ဦး ကိုဗစ်ကြောင့် ကျဆုံးခဲ့ရပါပြီ

Posted on

တာမွေမြို့ နယ်တွင်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေးမှူး ဦးနေလင်းဦးသည် ကိုဗစ်၁၉ ရောဂါကူး စက်ခံရ၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ၌ ကွယ်လွန် ခဲ့ကြောင်း တာဝန်ရှိသူများက အတည်ပြုပြောကြားထားပါတယ်

အဆိုပါကျန်းမာရေးမှူးသည် အသက်(၅၆)နှစ်အရွယ်ရှိပြီး တာမွေမြို့နယ် ကိုဗစ်၁၉ သံသယ လူနာရှာဖွေရေးနှင့်နေရာချထားရေး ဦးစီးဆောင်ရွက်နေ သူဖြစ်ပြီး အောက်တိုဘာ(၁၅)ရက်နေ့ တွင် ကိုဗစ် ၁၉ ကူးစက်ခံရသည် ကို တွေ့ရှိ ၍ ရန်ကုန်ဆေး ရုံကြီးသို့ ပို့ဆောင်ကုသစေခဲ့ သည်ဟုမြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာ နှင်းလဲ့ရည် က ဆိုပါတယ်။

‘သူ့ကိုဘယ်က စကူးပြီးမှန်းတော့ မသိဘူး၊ နောက်ပြီးတော့သူ့မှာ လည်းအသည်းရောဂါ အခံရှိတယ်၊ အောက်တိုဘာ(၂၅)ရက်နံနက် (၁၀)နာရီလောက် က ဆုံးသွားခဲ့တာ’ဟု ၎င်းက ပြောပါတယ်။

တာမွေမြို့နယ် ပြည့်သူ့ကျန်းမာရေးဦးစီးဌာနက လည်း ‘ရှေ့တန်းတိုက်စစ်မှူး ကိုဗစ်ရောဂါကူးစက် ခံရပြီး ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ယနေ့ မနက် ၁၀ နာရီခန့်အချိန် တွင် ကွယ်လွန်သွားပါသဖြင့် တာ မွေမြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှလေးစားစွာ ဝမ်းနည်းစွာ ဖြင့် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါ သည်။ ဆရာ ကောင်းရာသုဂတိ လားပါစေ’ ဟူ၍ ကြေညာထားပါတယ်။

ကိုဗစ်ကာကွယ် တားဆီးထိန်း ချုပ်မှုလုပ်ငန်း ဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးကူး စက်ခံရ၍ကွယ်လွန်ခြင်း သည် မြန်မာနိုင်ငံ အနေဖြင့် ပထမဆုံးဖြစ်ကြောင်းရန်ကုန်တိုင်းပြည်သူ့ ကျန်းမာရေး ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။

‘မနေ့ကပြည်ထောင်စုဝန်ကြီး ပါတဲ့ အစည်းအဝေးမှာလည်း ဝမ်းနည်းကြောင်းကြေညာ ခိုင်းတယ်။ ပြီးတော့ကျန်ခဲ့ တဲ့ မိသားစုကိုထောက်ပံ့ဖို့ညွှန် ကြား တယ်။ ဒါရန်ကုန်တိုင်းအတွက် ပထမဆုံး ဖြစ်သလိုတခြားပြည်နယ် နဲ့ တိုင်းမှာလည်းမရှိပါဘူး။ ကျွန်တော်တို့ အားလုံး လည်းဝမ်းနည်းကြရပါ တယ်’ဟု ၎င်းက ပြောပါတယ်။

Zawgyi

တာေမြၿမိဳ႕ နယ္တြင္ျပည္သူ႔ က်န္းမာေရး ဦးစီးဌာန က်န္းမာေရးမႉး ဦးေနလင္းဦးသည္ ကိုဗစ္၁၉ ေရာဂါကူး စက္ခံရ၍ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး ၌ ကြယ္လြန္ ခဲ့ေၾကာင္း တာဝန္ရွိသူမ်ားက အတည္ျပဳေျပာၾကားထားပါတယ္

အဆိုပါက်န္းမာေရးမႉးသည္ အသက္(၅၆)ႏွစ္အရြယ္ရွိၿပီး တာေမြၿမိဳ႕နယ္ ကိုဗစ္၁၉ သံသယ လူနာရွာေဖြေရးႏွင့္ေနရာခ်ထားေရး ဦးစီးေဆာင္ရြက္ေန သူျဖစ္ၿပီး ေအာက္တိုဘာ(၁၅)ရက္ေန႔ တြင္ ကိုဗစ္ ၁၉ ကူးစက္ခံရသည္ ကို ေတြ႕ရွိ ၍ ရန္ကုန္ေဆး ႐ုံႀကီးသို႔ ပို႔ေဆာင္ကုသေစခဲ့ သည္ဟုၿမိဳ႕နယ္က်န္းမာေရးဦးစီးမႉး ေဒါက္တာ ႏွင္းလဲ့ရည္ က ဆိုပါတယ္။

‘သူ႔ကိုဘယ္က စကူးၿပီးမွန္းေတာ့ မသိဘူး၊ ေနာက္ၿပီးေတာ့သူ႔မွာ လည္းအသည္းေရာဂါ အခံရွိတယ္၊ ေအာက္တိုဘာ(၂၅)ရက္နံနက္ (၁၀)နာရီေလာက္ က ဆုံးသြားခဲ့တာ’ဟု ၎က ေျပာပါတယ္။

တာေမြၿမိဳ႕နယ္ ျပည့္သူ႔က်န္းမာေရးဦးစီးဌာနက လည္း ‘ေရွ႕တန္းတိုက္စစ္မႉး ကိုဗစ္ေရာဂါကူးစက္ ခံရၿပီး ရန္ကုန္ျပည္သူ႔ ေဆး႐ုံႀကီးတြင္ ယေန႔ မနက္ ၁၀ နာရီခန္႔အခ်ိန္ တြင္ ကြယ္လြန္သြားပါသျဖင့္ တာ ေမြၿမိဳ႕နယ္ျပည္သူ႔က်န္းမာေရး ဦးစီးဌာနမွေလးစားစြာ ဝမ္းနည္းစြာ ျဖင့္ မွတ္တမ္းတင္ဂုဏ္ျပဳအပ္ပါ သည္။ ဆရာ ေကာင္းရာသုဂတိ လားပါေစ’ ဟူ၍ ေၾကညာထားပါတယ္။

ကိုဗစ္ကာကြယ္ တားဆီးထိန္း ခ်ဳပ္မႈလုပ္ငန္း ေဆာင္ရြက္ေနသည့္ က်န္းမာေရးဝန္ထမ္းတစ္ဦးကူး စက္ခံရ၍ကြယ္လြန္ျခင္း သည္ ျမန္မာနိုင္ငံ အေနျဖင့္ ပထမဆုံးျဖစ္ေၾကာင္းရန္ကုန္တိုင္းျပည္သူ႔ က်န္းမာေရး ဦးစီးဌာန တာဝန္ရွိသူ တစ္ဦးက ဆိုပါတယ္။

‘မေန႔ကျပည္ေထာင္စုဝန္ႀကီး ပါတဲ့ အစည္းအေဝးမွာလည္း ဝမ္းနည္းေၾကာင္းေၾကညာ ခိုင္းတယ္။ ၿပီးေတာ့က်န္ခဲ့ တဲ့ မိသားစုကိုေထာက္ပံ့ဖို႔ညႊန္ ၾကား တယ္။ ဒါရန္ကုန္တိုင္းအတြက္ ပထမဆုံး ျဖစ္သလိုတျခားျပည္နယ္ နဲ႔ တိုင္းမွာလည္းမရွိပါဘူး။ ကၽြန္ေတာ္တို႔ အားလုံး လည္းဝမ္းနည္းၾကရပါ တယ္’ဟု ၎က ေျပာပါတယ္။