ကမ္ဘာ့ အန္တရာယ်အရှိဆုံး သတ္တဝါတွေထဲက မျိုးတုန်းပျောက်ကွယ်သွားကြတဲ့ ကြောက်စရာ သတ္တဝါကြီးများ

Unicode

အခုပြောပြပေးသွား မယ့် အကောင်တွေ က အလွန်အန္တရာယ် ရှိတဲ့ သတ္တဝါတွေ မို့ သူတို့ ဒီလို မျိုးတုံးပျောက် ကွယ်သွားခြင်းဟာ လူသားတွေ နဲ့ အခြားဇီဝလောကကြီး တစ်ခုလုံး ငြိမ်းအေးစေတယ် လို့ ပညာရှင်များ က ယူဆခဲ့ကြ ပါတယ် ။ ကမ္ဘာဦး အစ က သတ္တဝါတွေထဲမှာ အခုအချိန်အထိ ကျန်ရှိနေသေးတဲ့ သတ္တဝါမျိုးစိတ်တွေလည်းရှိပြီး- အကြောင်း အမျိုးမျိုးကြောင့် မျိုးတုံးပျောက်ကွယ်သွား တဲ့ သတ္တဝါတွေ လည်း အများကြီး ရှိခဲ့ ပါတယ် ။ မျိုးတုံး ပျောက်ကွယ်သွား တဲ့ သတ္တဝါတွေထဲမှာ ဒိုင်နိုဆောလို သတ္တဝါတွေလည်းပါဝင်ပြီး အရမ်းလှပတဲ့ ငှက်တွေ-ထူးခြားတဲ့ပုံစံရှိတဲ့ အကောင်တွေလည်း ပါဝင်ခဲ့ပါတယ်။ အခုတစ်ခေါက်ကတော့ အဆိုပါ မျိုးတုံးပျောက်ကွယ် သွား တဲ့ သတ္တဝါတွေဟာ အခုအချိန် မှာ ရှိနေခဲ့သေး ရင် ဘာတွေဖြစ် မလဲ – ဘယ်လောက် အထိ ကြောက်စရာကောင်းနေနိုင်မလဲ ဆိုတာကို တင်ဆက်ပေးသွား ပါ မယ် ။


1
မြွေဘုရင်

အခုပြောပြသွားမယ့်မြွေကတော့ လူတွေမြင်ဖူးနေ တဲ့ မြွေများထက် ပိုရှည် လျားပြီး- ပိုလေးလံတဲ့ မြွေကြီးတွေပဲဖြစ် ပါတယ် ။ တစ်ချိန်ကတော့ ကမ္ဘာ ရဲ့ အကြီးဆုံး သတ္တဝါအကောင်တွေဟာ ဒိုင်နိုဆောတွေ ဖြစ်ခဲ့ပေမယ့် ဒိုင်နိုဆောတွေမျိုးတုံးသွားချိန်မှာတော့ ဒိုင်နိုဆောတွေရဲ့ ရာထူးကို အဆိုပါ မြွေကြီးတွေက ရယူခဲ့ပါတော့တယ်။ ဟုတ် ပါ တယ် ။ အဆိုပါမြွေကြီးတွေ ဟာ ကမ္ဘာပေါ် မှာ နေထိုင် ခဲ့တဲ့ ကုန်းနေသတ္တဝါတွေထဲ မှာ အရွယ်အစား အကြီးဆုံးဖြစ်ခဲ့ ပါတယ် ။ အဆိုပါ မြွေကြီးတွေကို နှောင်းလူတွေက (တိုက်တန်းနိုဘိုဝါ – Titanoboa) လို့ အမည်ခေါ်ဝေါ်ခဲ့ကြပါတယ်။ တိုက်တန်းနိုဘိုဝါ မြွေကြီးတွေက ပေ ၅၀ လောက်ရှည်လျားပြီး ပေါင်-၂၅၀၀ လောက်အလေးချိန်ရှိမယ် လို့လည်း ခန့်မှန်းခဲ့ကြပါတယ်။

သူတို့ရဲ့ အစာကတော့ မိချောင်းတွေ ပဲဖြစ်ပြီး- အံ့သြစရာကောင်းတဲ့ အချက်တစ်ချက်ကတော့ သူတို့ဟာ အစာ နည်းနည်းလေးသာစားပြီး အသက်ရှင်နေထိုင်နိုင်စွမ်းရှိကြ ပါတယ် ။ လုံလောက်တဲ့ အစာအာဟာရတစ်ခုကို စားပြီးသွားရင် တစ်နှစ်ပတ်လုံး ဘာမှ မစားဘဲ ခွေနေလေ့ရှိကြတဲ့ မြွေကြီးတွေပါ။ အဆိုပါ မြွေကြီးတွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်း အရိုးစု ကိုတော့ ၂၀၀၉ ခုနှစ် – ကိုလံဘီယာနိုင်ငံမှာရှိတဲ့ ကျောက်မီးသွေးတွင်းတစ်ခုမှာ တူးဖော်ရရှိခဲ့ပါတယ်။ တိုက်တန်းနိုဘိုဝါ မြွေကြီးတွေသာ မျိုးမတုံးဘဲ အခုအချိန် အထိသာ ရှိသေးရင်တော့ ရုပ်ရှင်ကားတွေထဲက တွေ့ရတဲ့ မြွေကြီးတွေလိုဖြစ်နေမှာကတော့ မြေကြီးလတ်ခတ်မလွဲပါပဲ။ ပေ ၅၀ လောက်ရှည်တဲ့ မြွေကြီးတွေဖြစ်ပြီး အဆိပ် ကလည်း ပြင်းထန်နေ မယ့် အကောင်ကြီးတွေ ဆိုတော့ လူသားတွေ အတွက်တော့ လန့်မယ်ဆို လန့်လောက်စရာပါပဲ။


2
ပင်လယ်ကင်းမြီးကောက်

သငေ်္ကတ ရဲ့ ပရိသတ်တွေ ကို စဉ်းစားစရာလေး တစ်ခုပေးချင် ပါတယ် ။ ကင်းမြီးကောက်တစ်ကောင်ရဲ့ ခန္ဓာကိုယ်ဟာ လှေတစ်စင်းလို အပြားလိုက်ဖြစ်နေမယ်ဆိုတာကို အရင်ဆုံးတွေးပေးစေချင် ပါတယ် ။ အဆိုပါ ခန္ဓာကိုယ် ကလည်း လူတစ်ယောက် ရဲ့ အရပ်အတိုင်း ၅ – ပေ ၊ ၆- ပေလောက် ရှည်လျားနေမယ် ဆိုတာကိုပါ တစ်ဆက်တည်း တွေးကြည့်စေချင်ပါတယ်။ ဟုတ်ပါတယ်။ အခု ပြောပြပေးသွားမယ့်အကောင်ကတော့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အရွယ်အစားအတိုင်း အတိအကျရှိခဲ့တဲ့ ပင်လယ်ကင်းမြီးကောက်အကောင်တွေပါ။

အရင်ကတော့ အဲဒီ ပင်လယ်ကင်းမြီးကောက် အကောင်တွေဟာ ပင်လယ်ထဲ မှာ ကျင်လည် ကျက်စားခဲ့ပေ မယ့် အခုအချိန်မှာတော့ မျိုးတုံးပျောက် ကွယ်သွားပါပြီ။ သူတို့ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်း အရိုးစု ကိုတော့ အိုင်အိုးဝါးမြစ်ထဲက ရေကာတာတစ်ခုအောက်မှာ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ယေးလ်တက္ကသိုလ်နဲ့ အိုင်အိုးဝါးတက္ကသိုလ်တွေက ပညာရှင်တွေကတော့ ကျောက်ဖြစ်ရုပ်ကြွင်း ကို ခွဲခြမ်းစိတ်ဖြာကြည့်ကြတဲ့ အခါ မှာ အဆိုပါ ပင်လယ်ကင်းမြီးကောင်သတ္တဝါတွေဟာ လွန်ခဲ့တဲ့နှစ်သန်း-၄၆၇နှစ်လောက်တုန်းကရှင်သန်ခဲ့တဲ့ သတ္တဝါတွေဖြစ် တယ် လို ခန့်မှန်းခဲ့ကြ ပါတယ် ။ အဆိုပါ ပင်လယ်ကင်းမြီးကောက်တွေရဲ့ လက်တံတွေက တစ်ဆင့် အဆိပ်တွေကို ထုတ်ပေးပြီး သားကောင်တွေ ကို အစာ အဖြစ် သတ်ဖြတ်ပါတယ်။

လူတစ်ယောက် ရဲ့ ခန္ဓာကိုယ် အရွယ်အစား အတိုင်း ရှိနေပေမယ့် ပင်လယ်ပျော်ကင်းမြီးကောက်တစ်ကောင်ဆိုတာ့ ကြောက်စရာကောင်းတဲ့ အကောင်တစ်ကောင်ဖြစ်နေ မှာပါ။ အခုအချိန်မှာတော့ အဆိုပါ ပင်လယ်ကင်းမြီးကောက်သတ္တဝါတွေဟာ မျိုးတုံးပျောက်ကွယ်သွားပါပြီ။ သူတို့မျိုးတုံးသွားတာဟာ လူသားတွေနဲ့ အခြားသတ္တဝါတွေအတွက်လည်း အတော်လေးကို သက်သာရာရသွားမှာ အသေအချာပါပဲ။


3
ဒိုင်နိုဆောတွေ ကိုစားတဲ့ မိချောင်း

ဒိုင်နိုဆောရုပ်ရှင်တွေ ကို ကြည့်တိုင်း ဒိုင်နိုဆောတွေ ရေကန်ဘေးရောက်သွားချိန်မှာ သူတို့ကို စောင့်နေတဲ့ အကောင်တစ်ကောင်ရှိပါတယ်။ အဲဒီအကောင်တွေဟာ မိချောင်းတွေဖြစ်ပြီး အရွယ်အစား ကလည်း အလွန်ကြီးမား ပါတယ်။ အဆိုပါ မိချောင်းတွေကို ဒိုင်နိုဆူးကပ်စ် (Deinosuchus)လို့ ခေါ်ပြီး ဂရိဘာသာစကားနဲ့ဆိုရင် ကြောက်မက်ဖွယ်မိချောင်းလို့ အဓိပ္ပာယ်ရပါတယ်။ အဆိုပါ မိချောင်းတွေဟာ အသားစားကြီးတဲ့ မိချောင်းတွေဖြစ်ပြီး ရေနေသတ္တဝါတွေဖြစ်တဲ့ ငါးတွေ -ခရုတွေယောက်သွားတွေကို စားတတ် ပါတယ်။

ဒါ့အပြင် အဆိုပါမိချောင်းတွေ ရဲ့ အစာထဲ မှာ ကုန်းနေသတ္တဝါတွေလည်း ပါဝင်ပြီး ဒိုင်နိုဆောလိုအကောင်ကြီးမျိုးတွေလည်းပါဝင်ပါတယ်။ မြောက်အမေရိကားတောအုပ်တွေထဲမှာ ကျင်လည်ကျက်စားတတ်တဲ့ မိချောင်းတွေလို့ အများက လက်ခံထားကြပါတယ်။ အဆိုပါ ဒိုင်နိုဆောတွေကိုပါမချန် စားလေ့ရှိတဲ့ မိချောင်းတွေဟာ လွန်ခဲ့တဲ့နှစ် သန်းပေါင်း ၈၀ လောက်က သတ္တဝါတွေပါ။ မိချောင်း တစ်ကောင်တစ်ကောင်ကို ပေ ၄၀ လောက် အရှည်ရှိပြီး အလေးချိန်ကလည်း ၅ တန်ကနေ – ၁၀တန်အထိလေးလံပါတယ်။

အဆိုပါ မိချောင်းတွေ ရဲ့ လက်နက်ကတော့ သူတို့ရဲ့ ပါးစပ်ထဲက အလွန်ကြီးမားတဲ့သွားနှစ်ချောင်းဖြစ်ပြီး အဆိုပါ သွားနှစ်ချောင်းနဲ့ပဲ အရာရာကို ကိုက်ဖြတ်စားသောက်ပါတယ်။ တီရက်စ်(T-Rex) လို ဒိုင်နိုဆောတွေအပါအဝင် တခြားအန္တရာယ်ရှိခဲ့တဲ့ ဒိုင်နိုဆောတွေရဲ့ကျောက်ဖြစ်ရုပ်ကြွင်းတွေကို တူးဖော်ခဲ့ရာမှာလည်းဒိုင်နိုဆောတွေရဲ့ အရိုးတွေမှာ အဆိုပါ မိချောင်းကိုက်ထားတဲ့ သွားရာတွေ ရှိခဲ့တယ်ဆိုတာကိုပါ တွေ့ရှိခဲ့ရပါတယ်။


4
ခြေထောက်ကြီး

Big Foot လို့ ခေါ်တဲ့ သတ္တဝါကြီးတွေဟာ မြောက်အမေရိကတိုက် ရဲ့ ဒဏ္ဌာရီပုံပြင်တွေ- ရိုးရာပုံပြင်တွေထဲ မှာ မကြာခဏ ပါရှိလေ့ရှိတဲ့ သတ္တဝါကြီးတွေဖြစ်ပါတယ်။ (Big foot)အကောင်ကြီးတွေဟာ အမွှေးထူ အကောင်တွေဖြစ်ပြီး လူတွေလိုမျိုး မတ်တပ်ရပ်လမ်းလျှောက်နိုင်တဲ့ သတ္တဝါတွေပဲဖြစ်ပါတယ်။ တစ်ချိန်ကတော့ သူတို့တွေဟာ ကမ္ဘာအနှံ့က နေရာတိုင်း ရှိခဲ့တဲ့ ဝံသတ္တဝါ အမျိုးအစားတစ်ခုပါ။ သူတို့ရဲ့ အရိုးစုတွေကို ကမ္ဘာရဲ့ နေရာအနံှမှာ တွေ့ရှိခဲ့ရတာကြောင့်လည်း ဒီ သတ္တဝါတွေဟာ နေရာပေါင်းစုံမှာ နေထိုင်ခဲ့တဲ့ သတ္တဝါတွေ လို့ပဲ မှတ်ယူထားကြပါတယ်။

တကယ်တော့ သူတို့ဟာ လွန်ခဲ့ တဲ့နှစ်ပေါင်း ၃သိန်းလောက်ကတည်းက မျိုးတုံးပျောက်ကွယ်သွားပြီဖြစ်တဲ့ ပိုလာဝက်ဝံတစ်ကောင်လောက်အရွယ်အစားရှိတဲ့ အကောင်ကြီးဝံတစ်ကောင်ပဲဖြ စ်ပါတယ် ။ လူ နဲ့ သိပ်တူလွန်းတဲ့ ဝံတွေဖြစ်ပြီး အရပ်အမောင်းကလည်း ၉-ပေနီးပါးလောက်ရှိပါတယ်။ သူတို့ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေနဲ့ သွားတွေဟာ အခုအချိန်အထိ ကျန်ရှိနေဆဲဖြစ်ပြီး သူတို့ရဲ့ သွားတွေ ကို ဓါတ်ခွဲစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါသေး တယ် ။ သွားတွေ ရဲ့ အတွင်းပိုင်း မှာ ရှိနေတဲ့ အရာတွေအရ သူတို့ဟာ သားသတ် လွတ်သမားတွေဖြစ်ကြပြီး မြက်တွေ – အသီးအနှံတွေ – ဝါးတွေရဲ့ ဓါတ်သတ္ထုတွေကို သွားတွေမှာတွေ့ရှိရပါတယ်။ အဆိုပါ (Bigfoot)တွေသာ တကယ်လို့ မျိုးတုံးမပျောက်ကွယ်သွား ခဲ့ရင် လူတွေနဲ့ အခုအချိန် အထိ အတူရှိနေကြဦးမှာပါ ။ 1970 ခုနှစ်တစ်ဝိုက်မှာတော့ CIA အဖွဲ့ကြီးဟာ (Big foot)လို့ ယူဆရမယ့်အကောင် တစ်ကောင် ပါတဲ့ ဓာတ်ပုံတစ်ပုံ ကို အများပြည်သူ ကို ထုတ်ပြန်ခဲ့ပါသေးတယ်။


5
ပုတက်တို့ရဲ့ ခေါင်းဆောင်

တစ်ချိန်တုန်း က ကမ္ဘာပေါ် မှာ ဒိုင်နိုဆောတွေချည်း ပဲ ကြီးစိုး ခဲ့တဲ့ ခေတ်တစ်ခေတ်ရှိ ခဲ့ပါတယ် ။ ဒိုင်နိုဆောတွေဟာ အရွယ် အစားကြီးမားပြီး အကောင်အရေ အတွက်လည်း များပြားခဲ့တာကြောင့် ကမ္ဘာပေါ်မှာ သူတို့ကပဲ အရာရာကို အနိုင်ယူခဲ့ကြတာပါ။ ကုန်းပေါ်မှာ ဖြစ်ဖြစ် – ရေထဲမှာ ဖြစ်ဖြစ် – လေထဲမှာဖြစ်ဖြစ် အဲဒီခေတ် အဲဒီအခါက နေရာတိုင်း မှာ ဒိုင်နိုဆောမျိုးစိတ်တွေချည်းပဲ ပြည့်နှက်ခဲ့ကြပါတယ်။ ဒိုင်နိုဆောတွေမျိုးတုံးပျောက်ကွယ်သွားချိန်မှာတော့ သူတို့နေရာကို ဆက်ဆံမယ့် သတ္တဝါတွေ အသီးသီးပေါ်ပေါက်လာခဲ့ကြ ပါတယ် ။မြေပြင်မှာဆိုရင် အလွန်ရှည်လျားပြီး တုတ်ခိုင်လှတဲ့ မြွေကြီးတွေ – ကောင်းကင်မှာဆိုရင်လည်း အတောင်ပံတစ်ခု ပေ -၂၀လောက်ရှိတဲ့ ကြီးမားတဲ့ငှက်ကြီးတွေ – ရေထဲမှာ ဆိုရင် မိချောင်းကြီးတွေ စသဖြင့် -အသီးသီး ထွန်းကားလာခဲ့ကြပါတယ်။

ဒိုင်နိုဆောတွေ ရှိစဉ် အခါကတော့ သူတို့ဟာ ကမ္ဘာပေါ်မှာ ဒုတိယအင်အားအကြီးဆုံးသတ္တဝါတွေသာဖြစ်ပြီး – ဒိုင်နိုဆောတွေမျိုးတုံးသွားချိန်မှာတော့ ပထမနေရာကို ရောက်ရှိလာပါတယ်။ ဒီလိုမျိုး ဒိုင်နိုဆောလွန်ခေတ်မှာ အင်အားကြီးမားလာ တဲ့ အကောင်တစ်ကောင်ရှိပါသေးတယ်။ ကုန်းနေ-ရေနေ သတ္တဝါတွေထဲမှာ မိချောင်းတွေ ပြီးရင် အခု ပုတ်သင်လို အကောင်ကြီးမျိုးတွေဟာ အင်အားကြီးသတ္တဝါတစ်ကောင်ဖြစ်လာခဲ့ပါတယ်။ အခုအချိန်မှာ တူးဖော်ရရှိထားတဲ့ အရိုးစုတွေအရေ အဆိုပါပုတ်သင်တွေရဲ့ ခန္ဓာကိုယ်ဟာ ၂၅ ပေလောက်ရှည်လျားပြီ အလေးချိန်ကလည်း ၂ တန်လောက်လေးလိမ့်မယ်လို့ ခန့်မှန်ထားကြပါတယ်။အဆိုပါ အကောင်ကြီးတွေကို မီဂါလာနီးယား (Megalania)လို့ နာမည်ပေးထားပြီ ဒဏ္ဌာရီပုံပြင်တွေထဲက မီးမှုတ်နိုင်တဲ့ နဂါးတွေသာ အပြင်မှာ တကယ်ရှိခဲ့ရင် အဆိုပါ နဂါးတွေနဲ့ အနီးစပ်ဆုံးမျိုးစိတ်ဟာ အခုပြောနေတဲ့ မီဂါလာနီးယားတွေနဲ့ တူလိမ့်မယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

6
ငါးမန်းတို့ရဲ့ အရှင်

မက်ဂါလွန်ဒွန် (Megalodon)ဆိုတဲ့ ငါးမန်းကြီးတွေ ဟာ ကမ္ဘာပေါ် မှာ တည်ရှိခဲ့ သမျှ ငါးမန်းတွေထဲမှာ အကြီးဆုံးငါးမန်းတစ်ကောင်ဖြစ်ပါတယ်။ အခုလက်ရှိအချိန်မှာ ကမ္ဘာ့အရွယ်အစားအကြီးဆုံးဆိုတဲ့ ငါးမန်းတွေတောင် မက်ဂါလွန်ဒွန် (Megalodon)ငါးမန်းတွေနဲ့ နှိုင်းယှဉ်လိုက်ရင် အမြီးပိုင်းလောက်မှာပဲ ကျန်ရစ်ခဲ့မှာပါပဲ။ မက်ဂါလွန်ဒွန် (Megalodon)ငါးမန်းကြီးတွေဟာ တစ်ချိန်က ပင်လယ်ပြင်ထဲမှာ ကျင်လည်ကျက်စားခဲ့ပြီး အရွယ်အစားကြီးမားလွန်းနေတဲ့ ငါးမန်းကြီးတွေပဲ ဖြစ်ပါတယ်။

တူးဖော်ရရှိထားတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေ – သူတို့ရဲ့ သွားကြီးတွေကို ကြည့်ပြီး မက်ဂါလွန်ဒွန် ငါးမန်းကြီးတွေ့ရဲ့ အရွယ်အစားကို ခန့်မှန်းကြည့်ရမှာတော့ အဆိုပါ မက်ဂါလွန်ဒွန် ငါးမန်းတွေရဲ့ အရှည်ဟာ ပေ ၆၀ ကနေ ၇၀ အထိ ရှိနိုင်တယ်လို့ သိပါတယ်။ အခုလက်ရှိ ကမ္ဘာ့အကြီးဆုံးငါးမန်း ဂရိတ်ဝိုက်ခ်ရှက်ခ် (Great White Shark)ကတော့ ၂၁ ပေပဲ ရှည်လားပြီး ၃ တန်လောက်ပဲ အလေးချိန်ရှိပါတယ်။ မက်ဂါလွန်ဒွန်ငါးတွေရဲ့ သွားတစ်ချောင်းစီကလည်း တစ်ချောင်းတစ်ချောင်းကို ၇ လက်မအထိ ရှည်လျားပြီး အင်မတန်ခိုင်မာတဲ့ သွားတွေပါ ။ သူတို့ရဲ့ အကြိုက်ဆုံးအစားအစာကတော့ ဝေလငါးတွေပဲဖြစ်ပါတယ်။

မက်ဂါလွန်ဒွန် (Megalodon)ငါးမန်းကြီးတွေဟာ အစောဆုံး မျိုးတုံးသွား တဲ့ သတ္တဝါတွေထဲမှာထိပ်ဆုံးကဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂.၆ သန်းလောက်မှာပဲ မျိုးတုံးသွားခဲ့တဲ့ သတ္တဝါတွေပါ။ အရပ် ၆ ပေ – ၇ ပေလောက်သာ ရှိတဲ့ လူသားတွေအတွက်တော့အဆိုပါ ငါးမန်းကြီးတွေဟာ အတော်လေးကို ကြောက်စရာကောင်းနေခဲ့မှာပါ။ မက်ဂါလွန်ဒွန် (Megalodon)ငါးမန်းကြီးတွေဟာ အခုအချိန်အထိ ကျန်ရှိနေခဲ့သေးရင်တော့ လူသားတွေနဲ့ မက်ဂါလွန်ဒွန် (Megalodon)ငါးမန်းတွေရဲ့ တိုက်ပွဲဟာ ပြင်းပြင်းထန်ထန်ရှိနေဦးမှာ အသေအချာပါပဲ။

7
သွားစင်္ကြာနဲ့ ငါးမန်း

ရေနေ-သတ္တဝါတွေထဲမှာ ငါးမန်းတွေဟာ ကမ္ဘာဦး ကတည်းက တည်ရှိခဲ့ပြီး အခုအချိန်အထိ မြင်တွေ့နေဆဲ သတ္တဝါတွေပါ။ ယခင်အချိန်မှာတော့ ငါးမန်းမျိုးစိတ်တွေဟာ ကမ္ဘာမှာ အမျိုးအစားပေါင်းစုံ-အရွယ်အစားပေါင်းစုံ ရှိခဲ့ ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ငါးမန်းတွေဟာ မျိုးတုံးမှုအန္တရာယ်တွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ငါးမန်းမျိုးစိတ်အနည်းအကျဉ်းလောက်သာ ကျန်ရှိပါတော့ တယ် ။ မျိုးတုံးပျောက်ကွယ်သွားတဲ့ ငါးမန်းတွေထဲမှာ အခုပြောပြပေးမယ့် ငါးမန်းကတော့ လုံးဝကို ထူးဆန်းတဲ့ ငါးမန်းဖြစ်ပြီး သူ့ရဲ့ ထူးခြားချက် ကတော့ သွားတွေပါ ။ ဟေလီကိုပရိုင်းယန် (Helicoprion)ငါးမန်းတွေမှာ ထူးခြားတဲ့ သွားဖွဲ့စည်းပုံတွေရှိပြီး သွားတွေဟာ ထူးဆန်းတဲ့ ပုံစံနဲ့ ရှိခဲ့ကြ ပါတယ်။

သူတို့သွားတွေ ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းပုံစံဟာ စင်္ကြာဒလက်ပုံစံရှိနေပါတယ်။ ဟေလီကိုပရိုင်းယန် (Helicoprion)ငါးမန်းတွေဟာ အပေါ်သွားမပါတဲ့ ငါးမန်းတွေဖြစ်ပြီး အစားအစာတွေ ကိုတော့ အောက်သွားကို အသုံးပြုပြီး စားသုံးကြပါတယ်။ သူ့ရဲ့ အောက်သွားတွေဟာ ထူးဆန်းတဲ့ ပုံစံရှိပြီး စင်္ကြာဒလက်တစ်ခုလို မေးရိုးကို ချိတ်ဆွဲထား ပါတယ် ။ အစားအစားတွေကို ဖမ်းယူစားသောက် ရင်တော့ အဆိုပါသွားတွေ ဟာ အသားဖြတ် တဲ့ ဒလက်ကြီး တစ်ခုလို လည်ပတ်နေမှာဖြစ်ပြီး တစ်ခါတည်း အစားတွေကို ချေနင်းပေးသွားမှာဖြစ် ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *