ပျဥ်တော်သိမ် အရွက်၏ ဆေးဖက်ဝင်ပုံနှင့် ပျောက်ကင်း နိုင်သော ရောဂါများ
ပျဥ်တော်သိမ် အရွက်ကို စားသုံးပေးခြင်းနှင့် အခြားအသုံးပြုခြင်းတို့ဖြင့် ရရှိလာမည့် ကျန်းမာရေး ကောင်းကျိုးများကို ဖော်ပြပေးလိုက်ပါတယ်။
ပျဉ်တော်သိမ်ရွက်အဆီကို ဦးခေါင်းမာလိမ်းရင် အဆုပ်နလုံး နဲ့ မျက်စိအမြင် ချို့ယွင်းခြင်းကိုကာကွယ်နိုင်သည်။ အရွက်ကိုကြိတ်၍ ရသောအနစ်ကိုစားခြင်းဖြင့် အဆုပ်နှလုံးနဲ့ သွေးနဲ့ပတ်သက်သော ရောဂါများကို ထိန်းချုပ်နိုင်သည်။ ဆီးချိုရောဂါ အတွက် နေ့စဉ် နံနက်အိပ်ရာထ အစာမစားမှီ လပ်ဆတ်သောပျဉ်တော်သိမ် (၁၀) ရွက်ကို (၃)လတိတိစားလျင် ရောဂါကိုထိန်းချုပ်နိုင်ပြီး ဆေးပမာဏကို ထက်ဝက်လျော့ချနိုင်သည်။ ဆီးချိုကြောင့် အဝလွန်ခြင်းသွေးထဲမှကိုလက်စထရော လျော့ချပေး,ဆက်လက်သုံးစွဲပါက ဆီးတွင်သကြား ဓာတ် ထွက်ရှိခြင်းကို လုံးဝရပ်ဆိုင်းအောင် ထိန်းချုပ်နိုင်ပါတယ်။
အစာမကြေခြင်၊ ဝမ်း ချုပ်ခြင်း၊ ဝမ်းသွားခြင်း၊ အော့အန်ခြင်း၊ရင်ပူခြင်း၊ ပျို့ခြင်း၊ကလေးများ အစာစားချင်စိတ်မရှိခြင်း တို့ကို ပျားရည်သံပုရာရည် တစ်ခုခု အနည်းငယ်နဲ့ ပျဉ်တော်သိမ်ရွက် သတ္ထုရည် ၂ ဇွန်းရောသောက်ပါ
ကိုယ်ဝန်ဆောင်သည်များ အော့အန်ပါက ပျဉ်တော်သိမ်သတ္ထု ရည် (၁) ဇွန်း ၊သံပုရာရည် (၂) ဇွန်း ၊သကြား(၁)ဇွန်းရောစပ်ပြီး မနက်တိုင်းသောက်ပေးပါ ပဋိဇီဝဆေးများတာရှည် သောက်ခံတွင်းပျက်လျင် ဂျင်း ကြက်သွန်ဖြူ မကျည်းမှည့် ငရုပ်သီး ဆားအနည်းငယ်ကို ရောကြိတ် ထမင်းနဲ့စား ခံတွင်းပြန်ကောင်း အရွက် ကြိတ်ထားတဲ့အနှစ်ထဲ သံပုရာရည်ဆမ်း ပြီး မနက် ညထမင်းဖြူနဲ့စား စိတ်ပျံ့လွင့် ခြင်းပျောက်သည်၊ ကြိတ်ရည်ကိုလည်းကောင်း အစိမ်းစားခြင်းဖြစ် ဗီတာမင် အေ များစွာ ပါလို့မျက်စိကြည်စေပါသည်
ပင်စိမ်းရွက်ရည် နဲ့အုန်းဆီရော ရေဓာတ်ကုန်သည်အထိ မီးမျှင်းမျှင်းနဲ့ကြိုချက်ပြီး အအေးခံနေ့စဉ်လိမ်းပေး ဆံပင်ဖြူခြင်းကိုကာကွယ်ပေးသည် သံ ဓာတ်ကြွယ်ဝလိုလျှင် ပျဉ်တော်သိမ်ရွက်ကိုကြိတ် ပြီးအသီးအနှံနဲ့ ရောချက် ခွဲစိတ်လူနာစားပါ ကအမြန် သွေးအားဖြည့်ပေးကျန်းမာလာပါသည် ပျဉ်တော်သိမ်ရွက်ရေနွေးကြမ်းလုပ်ပြီး ပျားရည် (၁) ဇွန်းရောသောက်လျင် ဝမ်းမှန်စေသည်။ ဒူလာ သွေးဝမ်း လိပ်ခေါင်းသွေးကျခြင်းများ အရွက်ကို စားပေးခြင်း သက်သာစေပါသည်။
ပျဉ်တော်သိမ် အရွက်ကြမ်းကို ရေနဲ့ပြုတ်အနည်း ငယ်သောက်ပေး ချိုးပေး အရွက်နုကို အတို့အမြုပ်လုပ်စား ဟင်းခါးချက်သောက် ထမင်းစားတိုင်း ကျွေးပါက ရေဖျင်းရောဂါ ပျောက်၏ ပျဉ်တော်သိမ်ရွက် ပြုတ်အရည်ကိုသောက်ပြီး ပြုတ်ဖတ်ကို ထောင်း ညအိပ်ရာဝင် ချက်ပတ်လည်မှာ အုံ အဝတ်နဲ့စည်းပေးပါက သွေးဖျဉ်း လေဖျဉ်းရေဖျဉ်းပျောက်၏။
ပျဉ်တော်သိမ်ရွက် ၌ , ဗီတာမင် အေ စီ ဘီဝမ်း ဘီတူး ထုံးဓာတ် သံဓာတ်ကစီဓာတ်အမျှင်ဓာတ် အသားဓာတ် များပါဝင် အမိုင်နိုအက်ဆစ်များစွာပါဝင်လို့ အစားအသောက်များအား မွှေးကြိုင်သောရနံ့ဖြစ် စေပြီး ရောဂါအမျိုးမျိုး ကာကွယ်ပေးပါသည်
DeYe-Everbest
Zawgyi
DeYe-Everbest