ရန်ကုန်ကနေ မွန်ပြည်နယ်ကို ပြန်ချင်သူတွေအတွက် သတင်းကောင်းလေးတစ်ခု
ရန်ကုန်ကနေ မွန်ပြည်နယ်ပြန်ချင်သူတွေအတွက် သတင်းကောင်းလေး တစ်ခုပြောပြချင်ပါတယ်နော် ပြန်ဖို့အတွက် ဆိုရင် ကားနှစ်ဆင့်နဲ့ပြန်မှရပါမယ် အရင်ဆုံးတော့ လူနာဖြစ်ဖြစ် လူကောင်းဖြစ်ဖြစ် မွန်ပြည်နယ်က ပရဟိတအဖွဲ့တွေ ကို အရင်ချိတ်ရပါတယ် ။
မွန်ပြည်နယ် ပြန်ဖို့အတွက် တစ်ယောက်တည်း ဆိုရင် ကားငှားခ Q ဝင်​ကြေးဘာညာနဲ့ ခန့်မှန်းခြေ (၂)သိန်း ဝန်းကျင် ကုန်ပါတယ်။ လူစုပြီး ပြန်ရင်သက်သာ ပါတယ် ။ ရိုးရိုးလူတွေအတွက် ကတော့ ရန်ကုန်ကလူနာတင် ယာဉ်ကားတွေ က မပို့ပေးပါဘူး။ စစ်တောင်းတံတား အထိ ကားငှားသွားပြီး ဟိုဘက်ခြမ်းမှာ မွန်လူနာတင်ယာဉ် ကားနဲ့ ပြန်ချိတ်ပါ။ ရပ်ကွက်ထောက်ခံ စာလိုပါတယ်။ မွန်ပြည်နယ်မှတ်ပုံတင် လိုပါတယ်။
မွန်ပြည်နယ်ရောက်ရင် Q ဝင်ရပါမယ် လက်ရှိမှာတော့ Q ဝင်ဖို့ (၁၄)ရက် သတ်မှတ်ထားပေမယ့် အမှန်တကယ် ဘယ်နှစ်ရက်ဝင်ရ လဲဆိုတာ သေချာ မသိသေး ပါဘူး။ လူနာဖြစ်နေတယ်ဆိုရင် ဆေးရုံမှာ Q ဝင်လို့ ရပါတယ်။ ရိုးရိုးလူတွေကတော့ သံဖြူဇရပ်ကဆိုရင် အားကစားကွင်း မှာ ဝင်ရပါတယ်။ သံဖြူဇရပ်မှာ Q ဝင်ဖို့ အတွက်တစ်ယောက် (၅)သောင်း ပေးရပါတယ်။ Q ဝင်မယ့် ပစ္စည်းအပြည့်အစုံ မိမိအစီအစဥ်နဲ့ သယ်သွားရမှာပါ၊ Q စင်တာမှတော့ထမင်း ကျွေးပါတယ်။ ဆေးစစ်ပေးပါတယ် ။
လက်ရှိ ပြန်ရောက်သွားတဲ့ လူနာတွေပြောပြချက် အရဆိုရင် ပြန်နေတဲ့လူတွေ အများကြီးပါပဲ။ လူနာဆိုရင် လူနာတင်ယာဉ် က တံတားဟိုဘက်ခြမ်းမှာလာကြိုပေးတဲ့ ကားနား အထိ ပို့ပေးပါတယ် လူကောင်းဆိုရင်တော့ တံတားဟိုဘက်ခြမ်း ကို လမ်းလျှောက်သွားရပါတယ်။
လူနာတင်ယာဉ်တွေက တော်ရုံနဲ့ လိုက်ပို့မပေးကြပါဘူး သေချာဆက်သွယ်ဖို့ လိုပါတယ်။ လိုက်ပို့ပေးတဲ့ အဖွဲ့တွေကတော့ လူနာ ဆေးလက်မှတ်သေချာ ကြည့်ပါတယ်။ လူနာတကယ် ဟုတ်မဟုတ်။ ဆေးရုံ ဆေးခန်း ပြထားပြီးအများဆုံး(၁၀)ရက် ဝန်းကျင်လောက် ခြားထားတယ်ဆိုရင် လိုက်ပို့ပေးပါတယ် ။ ဆေးရုံချက်ခြင်း ဆင်းသူတွေဆို ပိုအဆင်ပြေပါတယ် ။ ဆေးရုံဆေးခန်း ပြထားပြီး ရက်တော်တော်ကြာနေတဲ့ လူနာတွေဆို လိုက်မပို့ပေးချင်ကြပါဘူး။ သူတို့လည်း စာရွက်စာတမ်းမစုံရင် စစ်တောင်းတံတား ဂိတ်မှာစစ်ဆေးမှုကြန့်ကြာနိုင်လို့်ပါ
ကိုယ်ပိုင်ကား ရှိတဲ့သူကတော့ ကိုယ့်ကားကို ရန်ကုန်ကနေ မွန်ပြည်နယ် အထိ ကိုယ်တိုင်မောင်းပြီး Q စင်တာတန်းသွားရုံပါပဲ။
crd:Yangonday
DeYe-Everbest
Zawgyi
DeYe-Everbest