သင်္ချိုင်းသို့နေ့စဥ် သွားပြီး မိဘနှစ်ပါးရဲ့မြေပုံရှေ့မှာ ဖေဖေ၊ မေမေ ဆိုပြီး အော်ခေါ်နေတဲ့ ကလေးငယ်လေ:

မလေးရှား နိုင်ငံက အဖြစ်အပျက် လေးတစ်ခုပါ မိဘနှစ်ပါးလုံးက ကားအက်ဆီးဒင့် တစ်ခုကြောင့် ဆုံးပါးသွားခဲ့ပြီး ကျန်ရစ်ခဲ့တဲ့ (၂)နှစ်သားအရွယ် ကလေးငယ်လေး ဟာ အမေဖြစ်သူကို အမြဲတမ်းတနေတာကြောင့် အဒေါ်ဖြစ်သူက မကြည့်ရက်နိုင်လွန်းလို့

သူ့မိဘတွေမြုပ်နှံထား တဲ့ မြေပုံရှိရာကို ခေါ်လာပေးပြီး သားမေမေက ဒီမှာရှိတယ်ဆိုပြီး ပြောပြနှစ်သိမ့်ခဲ့ရာမှ မြေပုံဘေးထိုင်ပြီး သဲတွေဆော့ကာ သူ့အမေ ကို အော်ခေါ်နေခဲ့တာပဲဖြစ်ပါတယ် ၎င်းရဲ့ အဒေါ်ဖြစ်သူဟာ ကလေးငယ်က ယခုလိုကစားနေတာကို ကြည့်ပြီးမခံစားနိုင်လို့ ၎င်းအဖြစ်အပျက်ကို လူမှုကွန်ယက် စာမျက်နှာထက်သို့ ‘ကလေးငယ် က အမေနဲ့စကားပြောချင် တယ်ဆိုလို့သူ့ရဲ့မိဘနှစ်ပါး ကို မြုပ်နှံထားတဲ့ နေရာကိုခေါ်လာပေးခဲ့တာပါ။

သူ့ရဲ့ အမေကဒီနေရာမှာရှိနေတယ်ဆိုပြီး ပြောပြလိုက်ချိန်မှာတော့ ကလေးငယ်က မေမေ ၊မေမေ ဆို ပြီးအော်ခေါ်နေခဲ့ တာပါ ။ကလေးငယ် က အိမ်ခေါ်ပြန်လို့ လည်းမရ တော့ပါဘူး ။

အိမ်မှာသဲတွေ မြေတွေနဲ့ လုံးဝကစားခြင်းမရှိတဲ့ ကလေးက ဒီမှာ ကျသဲမြေ တွေနဲ့ဆော့ကစား နေခဲ့တာပါ ။ သူ့မိဘတွေကို အတော်လေးသတိရနေပုံပါပဲ အိမ်ပြန်ဖို့ လည်း ငြင်းနေခဲ့တယ် သားသား Arfan ရေ နောက်တစ်ကြိမ်မှ ပြန်လာ လည်ရအောင်ဆိုပြီး ချော့ပြောခဲ့ရတယ်’ ဆိုပြီးတော့ ကလေးငယ်ရဲ့စိတ်မကောင်းစရာ အဖြစ်ကို ရေးသားတင်ပေးလာခဲ့တာပါ

အဆိုပါ ကလေးငယ်လေး ဟာ ယခုချိန်မှာ အဘွားဖြစ်သူနဲ့ အတူနေပြီးတော့ မိဘနှစ်ပါးရဲ့ မြေပုံ ရှိရာသို့ အမြဲသွားရောက်လည် ပတ်လေ့ရှိတယ် လို့ သိရပါတယ်။

အသက်ရှိချိန်မှာ တန်ဖိုးထားသင့်တဲ့သူတွေကို တန်ဖိုးထားကြပါနော် တမလွန်ဆိုတာ မြင်ရတာမဟုတ်ပါဘူး အချိန်မရွေး ပြောင်းလဲသွားနိုင်ကြပါတယ် သံဝေဂလည်း ရကြပါစေနော်

DeYe-Evervest

Zawgyi

မေလးရွား နိုင္ငံက အျဖစ္အပ်က္ ေလးတစ္ခုပါ မိဘႏွစ္ပါးလုံးက ကားအက္ဆီးဒင့္ တစ္ခုေၾကာင့္ ဆုံးပါးသြားခဲ့ၿပီး က်န္ရစ္ခဲ့တဲ့ (၂)ႏွစ္သားအရြယ္ ကေလးငယ္ေလး ဟာ အေမျဖစ္သူကို အျမဲတမ္းတေနတာေၾကာင့္ အေဒၚျဖစ္သူက မၾကည့္ရက္နိုင္လြန္းလို႔

သူ႔မိဘေတြျမဳပ္ႏွံထား တဲ့ ေျမပုံရွိရာကို ေခၚလာေပးၿပီး သားေမေမက ဒီမွာရွိတယ္ဆိုၿပီး ေျပာျပႏွစ္သိမ့္ခဲ့ရာမွ ေျမပုံေဘးထိုင္ၿပီး သဲေတြေဆာ့ကာ သူ႔အေမ ကို ေအာ္ေခၚေနခဲ့တာပဲျဖစ္ပါတယ္

၎ရဲ့ အေဒၚျဖစ္သူဟာ ကေလးငယ္က ယခုလိုကစားေနတာကို ၾကည့္ၿပီးမခံစားနိုင္လို႔ ၎အျဖစ္အပ်က္ကို လူမႈကြန္ယက္ စာမ်က္ႏွာထက္သို႔ ‘ကေလးငယ္ က အေမနဲ႔စကားေျပာခ်င္ တယ္ဆိုလို႔သူ႔ရဲ့မိဘႏွစ္ပါး ကို ျမဳပ္ႏွံထားတဲ့ ေနရာကိုေခၚလာေပးခဲ့တာပါ။ သူ႔ရဲ့ အေမကဒီေနရာမွာရွိေနတယ္ဆိုၿပီး ေျပာျပလိုက္ခ်ိန္မွာေတာ့ ကေလးငယ္က ေမေမ ၊ေမေမ ဆို ၿပီးေအာ္ေခၚေနခဲ့ တာပါ ။ကေလးငယ္ က အိမ္ေခၚျပန္လို႔ လည္းမရ ေတာ့ပါဘူး ။

အိမ္မွာသဲေတြ ေျမေတြနဲ႔ လုံးဝကစားျခင္းမရွိတဲ့ ကေလးက ဒီမွာ က်သဲေၿမ ေတြနဲ႔ေဆာ့ကစား ေနခဲ့တာပါ ။ သူ႔မိဘေတြကို အေတာ္ေလးသတိရေနပုံပါပဲ အိမ္ျပန္ဖို႔ လည္း ျငင္းေနခဲ့တယ္ သားသား Arfan ေရ ေနာက္တစ္ႀကိမ္မွ ျပန္လာ လည္ရေအာင္ဆိုၿပီး ေခ်ာ့ေျပာခဲ့ရတယ္’ ဆိုၿပီးေတာ့ ကေလးငယ္ရဲ့စိတ္မေကာင္းစရာ အျဖစ္ကို ေရးသားလာခဲ့တာပါ

အဆိုပါ ကေလးငယ္ေလး ဟာ ယခုခ်ိန္မွာ အဘြားျဖစ္သူနဲ႔ အတူေနၿပီးေတာ့ မိဘႏွစ္ပါးရဲ့ ေျမပုံ ရွိရာသို႔ အျမဲသြားေရာက္လည္ ပတ္ေလ့ရွိတယ္ လို႔ သိရပါတယ္။ အသက္ရွိခ်ိန္မွာ တန္ဖိုးထားသင့္တဲ့သူေတြကို တန္ဖိုးထားၾကပါေနာ္ တမလြန္ဆိုတာ ျမင္ရတာမဟုတ္ပါဘူး အခ်ိန္မေရြး ေျပာင္းလဲသြားနိုင္ၾကပါတယ္ သံေဝဂလည္း ရၾကပါေစေနာ္

DeYe-Evervest