ခုနှစ်ရက် သား သမီးများ အတွက် ၂၀၂၀ ခု နိုဝင်ဘာလ တစ်လစာ ဟောစာတမ်း

ခုနှစ်ရက် သား သမီးများ အတွက် ၂၀၂၀ ခု နိုဝင်ဘာလ တစ်လစာ ဟောစာတမ်း

တနင်္ဂနွေသားသမီးများအတွက်

သူတစ်ပါးငွေများ ကိုင်ခြင်း အာမခံခြင်းများ မလုပ်ပါနှင့်ပြသနာ တက်ရတတ်သည်။ အိမ်ထောင်ရေးတွင်အထူးကံကောင်းကျိုးပြုလာမည်။အချစ်ရေး၌စန်းပွင့်ပြီးလူငယ်လူရွှယ်များ အနေဖြင့် နှလုံးသားရေးရာများ တွင်အထင်အမြင် လွဲမှားမှုကြောင့်စိတ်မော ရတတ်သည်။ ပညာရေး၌ရှေ့ပိုင်းကာလ တွင်မရောင်မ လည်ဖြစ်နေတတ်သော်လည်းနောက်ပိုင်းမှအဆင်ပြေအောင် မြင်နိုင်ကိန်းရှိသည်။ ကျန်းမာရေးမှာမတော်တဆထိခိုက် ဒဏ်ရာရရှိတတ်မည်။

လူမှုရေး၌ အထူးလူချစ်လူခင် ပေါ်များမည်။ မိတ်ဆွေအပေါင်းအသင်း နှင့် ဆက်ဆံရေးမပြေပြစ်စေ ကာ မူတပည့်လက်သားအလုပ်သမား တို့နှင့်အဆင်ပြေတိုးတက် ကောင်းမွန်နိုင်၏။စီးပွာ းရေးလုပ်ငန်းတွင်ဆုံးရှုံးထား သောငွေများ ပြန်လည် အဆင်ပြေလာမည်။ ကား။ကျောက်။ များအရောင်းဝယ် ကံကောင်းမည်။ယတြာ။ မိမိမွေးနေ့တွင် ဇော်စိမ်း(၉)ခက် (သို့မဟုတ်) ဇွန်(၉)ညွန့် ဘုရားမှာလှူ ပေးပါ။

တနင်္လာသားသမီးများအတွက်

စီးပွားရေးလုပ်ငန်း တိုးချဲ့ခြင်း/ဌာနနေရာ ပြောင်းရခြင်းများပြုလုပ် ဖို့လေသံများထွက်လာ တတ်သည်။ ပညာရေးကောင်းမွန်ပြီး အထက်လူကြီးများ ၏ကူညီမှုကိုရတတ် သည်။ စီးပွားရေးကံကောင်း မည်။ အချစ်ရေးတွင်စန်းပွင့်မည် ။ရပ်ဝေးခရီးထွက်ရခြင်း ဘုရားဖူးခရီးထွက်ရခြင်း များကြုံတွေ့တတ်သည်။ မောင်နှမ သားချင်းများအတွက် စိတ်သောက ရောက်တတ်သည်။ ခင်မင်ရင်းနှီးသော မိတ်ဆွေတို့၏လိမ်လည်မှုကို ခံရတတ်သည်။ ငွေချေးငှားခြင်း/စပ်တူ ရှယ်ယာလုပ်ခြင်းအထူးရှောင်ရမည်။

အိမ်ထောင်ရေး ၌ အပေါင်းအသင်း မိတ်ဆွေ တို့၏နှောင့်ယှက်မှုကြောင့် အိမ်ထောင်ရှင်နှင့်စကားများ ပြသာနာများပေါ်ပေါက်လာ တတ်သည့်ပြန်လည် အဆင်ပြေမည်။အသက်ကြီးအိုဇာတာ ရှင်များကျန်းမာရေး အညံ့ကြုံတွေ့တတ်သည်။ အထူးသဖြင့် အဆုတ်ရောဂါ/ မျက်စိ/နား/ လည်ချောင်း ဝေဒနာများခံစားရတတ်သည်။ တစ်လတာ ယတြာ ။ ။ မိမိမွေးနေ့တွင် နှင်းဆီပန်း(သို့မဟုတ်) ထန်းညွန့်(သို့မဟုတ်) ဒန်းညွန့်(၁၅) ခက် ချိုချဉ်(၁၅)လုံး ကိုဘုရားတွင်ကပ် လှူပေးပါ။

အင်္ဂါသားသမီးများအတွက်

ယခုလအတွင်း စိတ်ဖိစီးမှုများ တတ်သော်လည်း အောင်မြင်မှုရရှိတတ်သည်။ စီးပွားရေးလုပ်ငန်း များတွင်နာမည်ရ ရှိပြီးငွေကံ အဆင်မပြေဖြစ်မည်။အိမ်ပြင်အိမ်ဆောက် ပြုလုပ်ရတတ်သည်။ ပညာရေးတွင် အခွင့်အလမ်းကောင်း၍ အောင်မြင်မှုရ ရှိတတ်သည်။စာပေ/ အနုပညာ/ ဗိသုကာပညာရပ် တို့တွင်ထူးချွန်မည်။ကုသိုလ်ကောင်းမှု အလှူဒါနများပြုလုပ်ရ တတ်သည်။

အထက်ပုဂ္ဂိုလ် ဆရာသမားတို့၏ ချီးမြှင့်ခြင်းခံရတတ်သည်။ ချစ်မှုရေးရာတွင်ပြိုင် ဘက်ပေါ်တတ်သည်။အိမ်ထောင်ရေးတွင် ဆွေမျိုးတို့၏နှောင့်ယှက်မှု ကြောင့်စိတ်သောကရောက် တတ်သည်။ ကျန်းမာရေးကောင်းမည်။ စက်ပစ္စည်းဝင်ထွက် လုပ်မည်။ငွေချေးငှားခြင်းအထူးရှောင်ရမည်။ ယတြာ။ ။ မိမိမွေးနေ့တွင် သပြေ(၉)ညွန့် (သို့မဟုတ်) သီးညွန့်(၉)ညွန့် ဘုရားမှာလှူပေးပါ။ သံဃာတော်အား သစ်သီးဆွမ်းကပ် လှူပေးပါ။

ဗုဒ္ဓဟူးသားသမီးများအတွက်

ဤလသည် အတိုက်အခံ အပြိုင်အဆိုင်များ သောလပိုင်းဖြစ်ပြီး ၎င်းအတိုက်အခံ တို့ကြောင့်မိမိလုပ်ငန်း ပိုမိုအောင်မြင်တတ် သည်။ပညာရေး၌ ညံ့တတ်မည်။အပြစ်မရှိပဲ လူမုန်းခံနေရတတ်သည်။ ချစ်မှုရေးရာမှ အဆင်မပြေ၍ စိတ်ပျက်နေမည်။ ပတ်ဝန်းကျင်၏နှောက်ယှက်မှုကြောင့် အိမ်တွင်းရေး အိမ်ထောင်ရေး တွင်ပြသာနာတက်မည်။ ခရီးထွက်ခြင်းနှင့် အိုးအိမ်နေရာပြောင်းခြင်း လုပ်ငန်းပြောင်းခြင်းများ အထူးရှောင်ရမည်။

အပျော်အပါးစိတ်များ ပေါ်ပေါက်နေတတ်မည်။အပျော်ဘုရားဖူး ခရီးကံကောင်းခြင်းရှိ သည်။ မထင်မှတ်သော အခက်ခဲများလည်း ဝင်ရောက်လာတတ်သည်။ မျှော်မှန်းထားသောအရာမှာ ပြည့်မလာနိုင်ပါ။ အထူးဂရုစိုက်ပါ။ စွပ်စွဲခံနေရမည်။ မကောင်းသတင်းများ သင့်ထံရောက်လာပါ လိမ့်မည်။အပေါင်းသင်း အချင်းချင်းဖြစ်စေ ။ရန်သူဖြစ်စေ ။ သင့်နှင့် ထင်ပေါ်ရှုပ်ထွေး ပြသာနာတက်နေမည်။ ကဲ့ရဲခံနေရမည်။

ငွေကံမကောင်း၍ ဆုံးရှုံးမှုရှိသည်။ သူတစ်ပါး၏အပြစ် ပြောဆိုမှုခံရမည်။ ကျန်းမာရေးညံ့တတ် သည်အထူး သဖြင့် ဆီး/မျက်စိ၊ လိပ်ခေါင်းဝေဒနာများကို သတိထားရန်လို့အပ် သည်။ တစ်လတာ ယတြာ ။ ။ မိမိမွေးနေ့ တွင် အုန်းညွန့်(သို့မဟုတ်) အင်ကြင်းခက် (၁၇)ခက်ကို ဘုရားမှာ လှူပေးပါ။

ကြာသပတေး သားသမီးများအတွက်

ဤလထဲတွင် ငွေကုန်ကြေးကျများမည်။ မိမိလုပ်ငန်း လုပ်ရတွင် အခက်အခဲ အမျိုးမျိုးနှင့်တွေ့ကြုံရပြီး စကားအချေအတင် ပြောဆိုမှုများအမှု ကိစ္စများပေါ်ပေါက်တတ်၍ သတိနှင့်နေသွား ရန်လို့အပ်ပါသည်။ လူလိမ်ခံရ တတ်သည်။ မိတ်ဆွေကောင်းနှင့် စိတ်ဝမ်းကွဲမည်။ မိဘဆွေမျိုး တို့နှင့်ပြသာနာဖြစ် တတ်သည်။ချစ်မှုရေးရာတွင် စန်းပွင့်မည်။ပညာရေးတွင် စိတ်အပူပင်ကျနေမည်။

ငွေဆုံးရှုံးမှုများကြုံ တွေ့ရတတ်သည်။ အိမ်ထောင်ရေးတွင် နှောက်ယှက်မှုများကြုံပြီးစိတ်သောကရောက်၍ အခက်ခဲများ ကျရောက်နေတတ်မည်။ စီးပွားရေးလုပ်ငန်းတွင် လယ်ယာဥယျာဉ် ခြံထွက်ပစ္စည်းနှင့် စားသောက် ကုန်ပစ္စည်းများ ရောင်းချခြင်း အထူးအကျိုးပေးမည်။ ကျန်းမာရေးညံ့တတ်သည့် အထူးသဖြင့် အစာအိမ်နှင့် လေနာရောဂါများ ခံစားရတတ်သည်။ တစ်လတာယတြာ ။ ။မိမိမွေးနေ့တွင်မေမြို့ပန်း(၁၉)ခက်ကို ဘုရားမှာလှူပေးပါ။ သံဃာတော်အားဘယာကြော်(၁၉)ခုကပ်လှူပေးပါ။

သောကြသားသမီးများအတွက်

ယခုလသည် လုပ်ငန်းသစ်များ တိုးချဲ့လျှင်အောင်မြင် မှုကြုံမည်။စီးပွား လာဘ်လာဘ ကောင်းမည်။ပညာရေး ကောင်းမည်။ ချစ်မှုရေးရာ ကိစ္စတွင် စန်းပွင့်မည်။နိုင်ငံရပ်ခြား ခရီးထွက်ရခြင်း(သို့)ဘုရားဖူးခရီး ထွက်ရခြင်းကြုံ တွေ့မည်။စက်ပစ္စည်းဝင်မည်။ ငွေအစုပုံကိုင်းရတတ်သည် ။ခြံ မြေ အကျိုးပေး၍ ဝင်တတ်မည်။လုပ်ငန်းနှင့် ပက်သက်၍ရာထူး တိုးခြင်းဌာနနေရာ ပြောင်းရခြင်း လေသံများထွက်ပေါ် လာတတ်မည်။ လက်ထပ်မင်္ဂလာ ပြုလုပ်ရခြင်းများ ကြုံတွေ့တတ် သည်။ရွှေပစ္စည်း ဝင်တတ်သည်။

စီးပွားရေး လုပ်ငန်းတွင် ဆေးဝါးကုသမှု လုပ်ငန်း/စက်မှုလက်မှု လုပ်ငန်း/လျှပ်စစ်ပစ္စည်းနှ င့်အစုရှယ်ယာလုပ်ငန်း တို့မှအကျိုး အမြတ်ရရှိမည်။ အိမ်နီးချင်း ပတ်ဝန်းကျင်နှင့် ပြသာနာဖြစ်တတ်သည်။ ကျန်းမာရေးညံ့ ရတတ်သည်။အထူးသဖြင့် ကိုယ်လက် ရောင်လာခြင်း/သွေးတိုး သွေးကျဖြစ် ခြင်း/ဦးခေါင်း ဝေဒနာခံစားရခြင်း များကြုံတွေ့ တတ်သည်။ တစ်လတာယတြာ ။ ။ မိမိမွေးနေ့ တွင် ဝါးညွန့်(သို့မဟုတ်) ရွက်လှ(၂၁)ခက်၊ ထောပတ်ဆီမီ းခွက်(၃)ခွက် အိမ်ဘုရားစင် မှာ ထွန်းညှိပူဇော်ပေးပါ၊၊

စနေသားသမီးများအတွက်

ဤလသည် သူတစ်ပါးချီး မွမ်းခံရမည်။ ဂုဏ်သတင်းကျော်ကြားခြင်းနှင် ထင်ပေါ်စီးပွား တိုးမည်။ လာဘ်ကောင်းနှင့် အောင်မြင်တတ်သည်။ အလှူအတန်း ကိစ္စများ မုချလုပ်ရ မည်။ဤလ၌ သာမန်အခြေအနေမျိုး မှနေ၍ စီးပွားအရှိန် အဟုန် နှင့်တက်ကာ ငွေအစု လိုက် အပုံလိုက် ဝင်လာ လိမ့်မည်။လက်ရှိ အခြေအနေထက် အဆပေါင်းများ စီးပွားတက်လိမ့်မည်။ မိမိလုပ်ငန်းများ ကိုအင်နှင့်အား နှင့်တိုးချဲ့လုပ် ကိုင်သင့်သော် လည်းဖြတ်လမ်း မလိုက်ရန်သတိပေး လိုပါသည်။

မိမိအားပြဿနာ လုပ်နေသူများရှိလျှင့် အဆင်ပြေသွားမည်။ မသင့်မြတ်သူများ နှင့်ပြန်လည်သင့် မြတ်သွားမည်။ နေရာ အခြေချဖို့၊အ လုပ်သစ်စဖို့၊ ဘဝအတွက် အရေးကြီတဲ့ ဆုံးဖြတ်ချက်တွေ ချဖို့မသင့်သေး တဲ့ကာလပါပဲ။ ဘာပဲလုပ်လုပ်အထစ် အငေါ့လေးကြုံပြီးမှ အဆင်ပြေလိမ့်မည်။ မိမိလုပ်လိုက်တဲ့ ကိစ္စတစ်ခု ကမိခင်နဲ့မကြိုက်တဲ့ ကိစ္စဖြစ်နေတတ်မည်။ ကိုယ်လက် မအီမသာဖြစ်တာ အိပ်ရေး မဝတာမျိုးခံစားရလိမ့်မည်။

ကျန်းမာရေး ဂရုစိုက်ပါ။ အချစ်ရေးမှာ ဝေးနေ တဲ့ ချစ်သူတွေအဆင်ပြေ နေပေမဲ့ အနေနီးကြတဲ့ ချစ်သူချင်းက တော့ နားလည်မှုလွဲ နေတတ်သည်။မိသားစု အတွင်းကျန်းမာရေး ညံသူများကြောင့် ဗျာများ ရတတ်သည်။ ကိစ္စကြီးငယ် ရှိက ခေါင်းအေးအေး ထားပြီး ဆောင်ရွက်ပါ။ ပညာရေးမှာ တတ်မြောက် လွယ်မည်။အချစ်ရေး ၌ ဝေခွဲရခက်နေ သလို ခံစားနေရ တတ်သည်။တစ်လတာ ယတြာ ။ ။ မိမိ၏အိမ်ဘုရားစဉ် မှာ ပန်း(၁၀)ပွင့် ဖယောင်းတိုင်(၁၀)တိုင်ထွန်း ညှိပူဇော်ပေးပါ။

crd.ဆရာမင်းသုခ Ph-09440243656(viber)