Q ဝင်နေရင်း ဖဲဝိုင်းဆော့ရာမှ ရန်ဖြစ်ပြီး တစ်ဦး ခေါင်းပေါက်သွားခဲ့တဲ့ ဖြစ်ရပ်

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့ အထက(၃)မှာ ဖွင့်လှစ်ထားတဲ့ Q စင်တာမှာ နိုဝင်ဘာလ(၃)ရက်နေ့က Q ဝင်နေသူနှစ်ဦးသည် ဖဲဝိုင်းတွင် ကစားနေရာမှ အချေအတင် စကားများရန်ဖြစ်ပြီး တစ်ယောက်မှာ Bluetooth သီချင်းဘောက်စ်နဲ့ ထုလိုက်တဲ့ အတွက် အထုခံရသူမှာ ခေါင်းပေါက်ပြဲဒဏ်ရာ ရရှိသွားတယ် လို့ မြို့နယ်ကျန်းမာရေး အထောက်အကူပြု ကော်မတီထံ မှ ကြားသိရပါတယ်

မြို့နယ် ကိုဗစ်ကာကွယ် ထိန်းချုပ်ကုသရေး နှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ တာဝန် ရှိသူတစ်ဦးက ‘ခေါင်းကွဲသွား တဲ့သူက နိုဝင်ဘာ(၄)ရက်နေ့မှာ ရက်ပြည့် ပြီ စပီကာနဲ့ထုတဲ့သူက ဝင်တာ (၄) ရက်ပဲရှိသေး တယ်။ ဒီ ကိစ္စနဲ့ ပတ်သက်ပြီး ရဲက ဒဏ်ရာရတဲ့ သူကိုမေးတယ် ကျေအေးပါတယ် ဆိုတာနဲ့ အမှုမဖွင့်ဘူး’ လို့ ပြောပါတယ်။

အထက်ပါဖြစ်စဥ် ဖြစ်ပွားခဲ့တဲ့ ဘိုကလေးမြို့ အထက(၃) Q စင်တာမှာ အောက်တိုဘာ(၁၂)ရက်နေ့ ကလည်း စည်းကမ်း ဖောက်ဖျက်ပြီး ကော်မတီအပေါ် မဟုတ်မမှန် ပြောဆို၍ Live လွှင့်တင်ခဲ့သူ (၂)ဦးကို ဘိုကလေး မြို့နယ် ကိုဗစ် ကာကွယ် ထိန်းချုပ် ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ က အမှုဖွင့်ပြီး အရေးယူပေးရန် ဘိုကလေးမြို့မ ရဲစခန်းမှာ တိုင်ကြားထားတာလည်းရှိပါတယ်။

ဘိုကလေးမြို့နယ်တွင် Q ဝင်နေရသူ လူဦးရေ(၁၀၀) ရှိနေပြီး ကိုဗစ်အတည်ပြု(Positive) လူနာ တွေနဲ့ ထိတွေ့မှုရှိခဲ့ သူတွေကိုတော့ ဘိုကလေး ပညာရေးကောလိပ်ရှိ Q စင်တာမှာ ခွဲခြားထားရှိပေးထားကြောင်း သိရပါတယ်လက်ရှိအချိန်တွင် ဘိုကလေးမြို့နယ်မှာ ကိုဗစ် ၁၉ အတည်ပြုလူနာ (၅) ဦးရှိနေပြီး ဘိုကလေးမြို့ကုတင် (၁၀၀)ဆေးရုံမှာ ကုသပေးနေ တယ်လို့ မြို့နယ်ကျန်းမာရေး အထောက်အကူပြု ကော်မတီမှ သိရပါတယ်။

DeYe-Everbest
Zawgyi

ဧရာဝတီတိုင္းေဒသႀကီး ဘိုကေလးၿမိဳ႕ အထက(၃)မွာ ဖြင့္လွစ္ထားတဲ့ Q စင္တာမွာ နိုဝင္ဘာလ(၃)ရက္ေန႔က Q ဝင္ေနသူႏွစ္ဦးသည္ ဖဲဝိုင္းတြင္ကစားေနရာမွ အေခ်အတင္ စကားမ်ားရန္ျဖစ္ၿပီး တစ္ေယာက္မွာ Bluetooth သီခ်င္းေဘာက္စ္နဲ႔ ထုလိုက္တဲ့ အတြက္ အထုခံရသူမွာ ေခါင္းေပါက္ျပဲဒဏ္ရာ ရရွိသြားတယ္ လို႔ ၿမိဳ႕နယ္က်န္းမာေရး အေထာက္အကူျပဳ ေကာ္မတီထံ မွ ၾကားသိရပါတယ္

ၿမိဳ႕နယ္ ကိုဗစ္ကာကြယ္ ထိန္းခ်ဳပ္ကုသေရး ႏွင့္ အေရးေပၚတုံ႔ျပန္ေရး ေကာ္မတီ တာဝန္ ရွိသူတစ္ဦးက ‘ေခါင္းကြဲသြား တဲ့သူက နိုဝင္ဘာ(၄)ရက္ေန႔မွာ ရက္ျပည့္ ၿပီ စပီကာနဲ႔ထုတဲ့သူက ဝင္တာ (၄) ရက္ပဲရွိေသး တယ္။ ဒီ ကိစၥနဲ႔ ပတ္သက္ၿပီး ရဲက ဒဏ္ရာရတဲ့ သူကိုေမးတယ္ ေက်ေအးပါတယ္ ဆိုတာနဲ႔ အမႈမဖြင့္ဘူး’ လို႔ ေျပာပါတယ္။

အထက္ပါျဖစ္စဥ္ ျဖစ္ပြားခဲ့တဲ့ ဘိုကေလးၿမိဳ႕ အထက(၃) Q စင္တာမွာ ေအာက္တိုဘာ(၁၂)ရက္ေန႔ ကလည္း စည္းကမ္း ေဖာက္ဖ်က္ၿပီး ေကာ္မတီအေပၚ မဟုတ္မမွန္ ေျပာဆို၍ Live လႊင့္တင္ခဲ့သူ (၂)ဦးကို ဘိုကေလး ၿမိဳ႕နယ္ ကိုဗစ္ ကာကြယ္ ထိန္းခ်ဳပ္ ကုသေရးႏွင့္ အေရးေပၚ တုံ႔ျပန္ေရးေကာ္မတီ က အမႈဖြင့္ၿပီး အေရးယူေပးရန္ ဘိုကေလးၿမိဳ႕မ ရဲစခန္းမွာ တိုင္ၾကားထားတာလည္းရွိပါတယ္။

ဘိုကေလးၿမိဳ႕နယ္တြင္ Q ဝင္ေနရသူ လူဦးေရ(၁၀၀) ရွိေနၿပီး ကိုဗစ္အတည္ျပဳ(Positive) လူနာ ေတြနဲ႔ ထိေတြ႕မႈရွိခဲ့ သူေတြကိုေတာ့ ဘိုကေလး ပညာေရးေကာလိပ္ရွိ Q စင္တာမွာ ခြဲျခားထားရွိေပးထားေၾကာင္း သိရပါတယ္လက္ရွိအခ်ိန္တြင္ ဘိုကေလးၿမိဳ႕နယ္မွာ ကိုဗစ္ ၁၉ အတည္ျပဳလူနာ (၅) ဦးရွိေနၿပီး ဘိုကေလးၿမိဳ႕ကုတင္ (၁၀၀)ေဆး႐ုံမွာ ကုသေပးေန တယ္လို႔ ၿမိဳ႕နယ္က်န္းမာေရး အေထာက္အကူျပဳ ေကာ္မတီမွ သိရပါတယ္။