စိန်ရွှေတွေ သိန်းထောင်ချီ ရောင်းနေရတဲ့ Live တွေရဲ့ တစ်ဖက်ခြမ်းကို အောင်သမာဓိ ဦးအောင် ဒဲ့ပြောပြီ

ဦးအောင်မင်္ဂလာ ပါဗျ။မင်္ဂလာပါဗျ။ မေးစရာလေးရှိလို့ပါ အေးမေးပါဗျာ။ခုတလော Live လွင့်ပီး စိန်တွေ ရွှေတွေရောင်းနေကြတဲ့ကိစ္စလေး မေးချင်လို့ပါ။ မေးပါဘာသိချင်တာလည်း ဦးအောင်တို့ အောင်သမာဓိ ကရော Live လွင့်ပီး ရောင်းသေးလားဗျ။ ရောင်းပါတယ်။ဒီလိုရောင်းတော့ Live ရောင်းနေတုန်း ဝယ်ရင် ဈေးလျှော့ပေးတာတွေ ရှိလားဗျ။မရှိခဲ့ပါဘူး

ဒါပေမဲ့ တခုတော့ရှိတယ် Live ရောင်းနေချိန်မှာ ဒီဇိုင်းအောက်နေတဲ့ ရွှေထည်(၅၀)လောက်ကိုတော့.. အရော့လက္ခတွေ မယူတော့ ဘဲ ရွှေဘိုးနဲ့ဘဲ ရောင်းပေးတာရှိ ခဲ့ပါတယ်။ ဘာလို့အဲလိုရောင်း နိုင်တာပါလဲ။ ဒီဇိုင်းအောက်နေတော့ မဟုတ်လည်း ဖျက်ရင် ကိုယ်လည်း ဘာမှမရတော့ဘူးလေ.. ကြိုက်လို့ဝယ်တဲ့ သူကြတော့.သက်သာသွားတာပေါ့။ အဲဒီဖျက်မဲ့အထည်ရဲ့ ရွှေအရည်သွေးတွေကရော ကောင်းရဲ့လားဗျ.ပြန်ဝယ်ပေးရင်ရော ဈေးတူဝယ်ပေး ရဲ့လားဗျ။ကာင်းပါတယ် ဈေးတူဝယ်ပေးပါတယ်။ ဆိုင်မှာက(၁၅ ပဲ နဲ့ ၁၆ ပဲ) ရွှေရည်ကောင်း နှစ်မျိုးဘဲ ထားရောင်းတော့. .ပြန်ရောင်း လည်း ဘာမှ ရှုံးစရာမရှိတော့ဘူးပေါ့နော်။ ရွှေဈေးတက်ရင် မြတ်တောင်မြတ် အုံးမှာပါ။အောင်သမာဓိက ဘာကြောင့် ရွှေတွေစိန်တွေ လျှော့ဈေး မရောင်းရတာလည်း ကိုယ်ပိုင် စိန်တွင်းရွှေတွင်း မရှိလို့ပါ..ရှင်းပြပါအုန်းဗျ။

လျှော့ရအောင် ကိုယ်တွင်းကထွက်လို့ အလကားရရင် လျှော့ပေးလို့ရမှာပေါ့။ ဒီလိုမှမဟုတ်ဘဲ လျှော့တယ်ဆိုရင်တော့ဖြင့် တခုခုမှားနေလို့ပါ။ ရွှေဆိုင်စိန်ဆိုင် တွေဟာ ဘယ်သူမှ တွင်းမရှိကြလေတော့ လိုအပ်လာရင် ဈေးကွက်မှာဘဲ ပြန်ဝယ်ရတာပါ။ ရွှေနဲ့စိန်ဈေးကွက်မှာတော့ လျှော့ဈေးနဲ့ ရောင်းတယ်ဆိုတာ မကြားဘူးပါဘူး။ဒီလိုဆိုရင် လျှော့ရောင်းနေကြတာဘာ့ကြောင့်ပါလည်း ဒါတော့ ရောင်းတဲ့သူတွေဘဲ မေးကြည့်ပေါ့..Live မှာ ဝယ်ရင် တစ်ဝက်လျှော့..ဆစ်ရင်ဆစ်သလို ရနေကြတယ် တစ်ကယ်ရောဟုတ်ရဲ့လား။

ဆစ်လို့ရနေတယ်ဆိုတာ စိန်ထည်တွေများပါတယ်..များသောအားဖြင့် ဈေးဝယ်တွေဟာ စိန်နားမလည်တဲ့သူများတော့.. မူလတန်ဘိုး ဘယ်လောက်တန် လို့ဘယ်လောက် လျှော့ပေးတယ်ဆိုတာ ဈေးဝယ်သူ နားမလည်တာ ခက်နေတာပါ။ဥပမာသိန်း(၁၀၀)တစ်ရာတန်ကို တဝက်လျှော့သိန်(၅၀)နဲ့ရောင်းတယ်ပေါ့ ။အဲဒီပစ္စည်းကို သူများသွားရောင်းရင် (သို့) သူ့ဆိုင်က သိန်း(၁၀၀)နဲ့ ပြန်ဝယ်ပေးရင်တော့ သိန်း(၅၀) တကယ်မြတ်ရင်တော့ အဟုတ်ပေါ့။

ဒီလိုမဟုတ်ဘဲနဲ့…ပြန်ရောင်းရင် သိန်း (၅၀) အောက်လျှော့ရရင်တော့ ခံရပီပေါ့။Live မှာစိန်ထည်တွေ သိန်းထောင်ချီဝယ်နေကြတယ်ဆိုတာ ဟုတ်ပါသလာ။အောင်သမာဓီ Live မှာရော စိန်ထည်ပစွည်းတမျိုးထည်းသိန်းပေါင်း(၃/၄/၅)ထောင်းရောင်ရဘူးလားဗျ။ မရောင်းရဘူးပါဘူးနော်။သိနေတဲ့မိတ်ဆွေရင်တွေက ဆိုင်မှာသူရောက်စဉ်က မြင်ဘူးပီးသားပစ္စည်းကို ပြန်ဝယ်သွားတာ.. သိန်းနှစ်ရာဘိုးဘဲ တခုတော့ ရောင်းဘူးပါတယ်။

ဒီလို ဆိုရင်မင်းသမီး တွေနဲ့ Live မှာ ရောင်းနေရ တဲ့ စိန်ထည် ပစ္စည်းတွေ သိန်း(၄/၅)ထောင် ရောင်းရ တာ အမှန်ရော ဖြစ်ပါမလားဗျ။ ဒါတော့ ရောင်းပေး တဲ့ မင်းသမီး ဝယ်သူတွေ နဲ့ ဆိုင်ရှင်တွေဘဲ အတိအကျ သိကြမှာပါ…ဦးအောင်ရဲ့ အမြင်လေးပြောပါအုန်း..တကယ် ချမ်းသာပြီး တကယ်ဝယ်နိုင် သူ ဘယ်သူမဆိုပေါ့..မြေ၊ကား၊ စိန်၊တွေကို ကိုယ်တိုင်မမြင် ရဘဲနဲ့ လက်တွေ့မကြည့်ရ မမြင်ရဘဲ ဝယ်တယ်ဆို တဲ့လူ မရှိသလောက် ရှားတာပါ။

ရှိရင်တော့ အတော်ထူးတာပါဘဲ..Live မှာဝယ်တဲ့ ပစ္စည်းတွေဟာ စိတ်မချရဘူးလို့ ဆိုလိုတာလား။ ဒီလိုတော့မဟုတ်ပါဘူး။ စိန်ကျောက်ရဲ့အရည်အသွေးက ဘာလည်း..ရွှေဘယ်လောက် သားပါလည်း..အရည်သွေးစစ်ထား တဲ့ စာရွက်ပါရဲ့ လား။ပြန်ရောင်းရင် ဘယ်လိုပြန်ဝယ် ပေးမှာလည်း.. ဒါတွေသိပီးရင် နားလည်သူ ကိုရော တိုင်ပင်ပြီးပီလား။ ဒါတွေပြည့်စုံ ရင် ဝယ်လို့ရပါတယ်နော်။

အောင်သမာဓိမှာ Live မှာ ဘယ်လောက်ထိ အများဆုံး ရောင်းရဘူးလည်းဗျ။ မရောင်းရပါဘူး.. Live မှာပြတဲ့ပစ္စည်းတွေက ကြော်ငြာတဲ့ သဘော ပါဘဲ..ကြည့်တဲ့သူတွေက ကြိုက်ရင် ဆက်သွယ်လာကြမှ..ဝန်ထမ်းတွေနဲ့ Viber ကနေ ထပ်ပြ အသေးစိတ်ပြန်ကြည့် ပီးမှ ရောင်းရတာ ပါ.ဒီလို Live မှာ သိန်းထောင် ချီ ရောင်းနေရ တာတွေကို အခွန်ဘယ်လို ဆောင်ကြပါသလည်း ဒါကတော့ အခွန် ဝန်ထမ်း ဆိုတဲသူတွေ နဲ့ ဆိုင်ရှင်တွေ မေးကြည့်ပေါ့နော်။

အောင်သမာဓိ ရွှေဆိုင်က ရော အခွန်တွေ ဘယ်လို ဆောင်ပါသလဲ..ဆိုင်ခွဲ(၄/၅)ဆိုင်ဘဲ ရှိပေမဲ့ အထက် မြန်မာပြည်မှာတော့ အများဆုံးဆောင်နိုင်လို့ (ပထမ)ဆုရထားပါတယ်.ဘာများဖြည့်စွက် ပြောချင်ပါ သေးလည်းဗျ။ စိန်တွေရွှေတွေ အကြောင်းနား မလည်ဘဲနဲ့ လျှော့ဈေးမက် နေရင်တော့ ငါးမျှားချိတ်ဟတ်မိ တဲ့ငါး လို ဖြစ်တတ်ပါတယ်။

မှတ်ချက် = လူအ မကုန်၊ လူကုန် မအ စာတစ်လုံးရဲ့ ကိုယ်တိုင်မေးကိုယ်တိုင်ဖြေအင်တာဗျူးပါ။

Crd.RT