မန္တလေး တွင် တစ်ရက်အတွင်း ကိုဗစ် ပိုးတွေ့ရှိသူ (၉၀)နီးပါး ထိရှိလာ

နိုဝင်ဘာ (၅) ရက်နေ့ တစ်ရက်တည်းတွင် မန္တလေးမြို့ ပေါ်၌ ကိုဗစ် ၁၉ ပိုးကူး စက်ခံရသူ ( ၈၁)ယောက် အထိရှိခဲ့ပြီး မန္တလေးတိုင်းဒေသကြီး တစ်တိုင်းလုံးတွင် တစ်ရက်တည်းတွင် ကိုဗစ် ပိုးတွေ့ရှိသူ (၉၂) ဦး အထိ ရှိလာခဲ့ ကြောင်း သိရပါတယ်။

မန္တလေးခရိုင်တွင် ယခုလအတွင်း ကူးစက်မှုအများဆုံးနဲ့ ပိုးတွေ့လူနာ များပြားနေသည်မှာ မဟာအောင်မြေမြို့နယ် နှင့် ချမ်းအေးသာစံမြို့နယ် တို့ဖြစ်ပြီး ၎င်းတို့အထဲတွင် အသက်ငယ်သော ကလေးများ လည်း ပါဝင်နေခဲ့သည် ဟု လူမှုကူညီရေးအသင်းများထံမှ သိရပါတယ်။

လူနာတွေ ထဲမှာ ကလေးငယ်တွေ ပါလာသလို တစ်ချို့ ရုတ်တရက် အနံ့ပျောက်ပြီး ကိုဗစ်လူနာဖြစ်ခဲ့တာ တွေလည်း ရှိတယ် ဒီတစ်ပတ် အတွင်းမှာ ချမ်းအေးသာစံနဲ့ မဟာအောင်မြေက လူနာတိုး လာတယ် သူတို့နဲ့ ထိစပ်တွေကလည်းများတယ်.နောက်ပြည်ကြီး တံခွန်ဘက်ကလည်းတိုးလာတယ်

တစ်ရက်ကို လူနာက (၅၀)ဝန်းကျင် အထက်မှာ ရှိနေတယ်”ဟု မန္တလေး မဟာအောင်မြေမြို့နယ် လူမှုကူညီရေး အသင်းမှ ပြောပါတယ်။ အချို့သော ကိုဗစ်ပိုးတွေ လူနာများမှာ ၎င်းတို့၏ အိမ်လိပ်စာများ ကို အတိအကျမပေး သောကြောင့် ထိတွေ့ဆက်စပ် သူများကို ရှာဖွေရန် အခက်အခဲရှိ နေကြောင်းလည်း သိရပါတယ်

DeYe-Everbest

Zawgyi

နိုဝင္ဘာ (၅) ရက္ေန႔ တစ္ရက္တည္းတြင္ မႏၲေလးၿမိဳ႕ ေပၚ၌ ကိုဗစ္ ၁၉ ကူးစက္ခံရသူ ( ၈၁)ေယာက္ အထိရွိခဲ့ၿပီး မႏၲေလးတိုင္းေဒသႀကီး တစ္ခုလုံး တြင္ တစ္ရက္တည္းတြင္ ကိုဗစ္ ပိုးေတြ႕ရွိသူ (၉၂) ဦး အထိ ရွိလာခဲ့ ေၾကာင္း သိရပါတယ္။

မႏၲေလးခရိုင္တြင္ ယခုလအတြင္း ကူးစက္မႈအမ်ားဆုံးနဲ႔ ပိုးေတြ႕လူနာ မ်ားျပားေနသည္မွာ မဟာေအာင္ေျမၿမိဳ႕နယ္ ႏွင့္ ခ်မ္းေအးသာစံၿမိဳ႕နယ္ တို႔ျဖစ္ၿပီး ၎တို႔အထဲတြင္ အသက္ငယ္ေသာ ကေလးမ်ား လည္း ပါဝင္ေနခဲ့သည္ ဟု လူမႈကူညီေရးအသင္းမ်ားထံမွ သိရပါတယ္။

လူနာေတြ ထဲမွာ ကေလးငယ္ေတြ ပါလာသလို တစ္ခ်ိဳ႕ ႐ုတ္တရက္ အနံ့ေပ်ာက္ၿပီး ကိုဗစ္လူနာျဖစ္ခဲ့တာ ေတြလည္း ရွိတယ္ ဒီတစ္ပတ္ အတြင္းမွာ ခ်မ္းေအးသာစံနဲ႔ မဟာေအာင္ေျမက လူနာတိုး လာတယ္ သူတို႔နဲ႔ ထိစပ္ေတြကလည္းမ်ားတယ္.ေနာက္ျပည္ႀကီး တံခြန္ဘက္ကလည္းတိုးလာတယ္

တစ္ရက္ကို လူနာက (၅၀)ဝန္းက်င္ အထက္မွာ ရွိေနတယ္”ဟု မႏၲေလး မဟာေအာင္ေျမၿမိဳ႕နယ္ လူမႈကူညီေရး အသင္းမွ ေျပာပါတယ္။ အခ်ိဳ႕ေသာ ကိုဗစ္ပိုးေတြ လူနာမ်ားမွာ ၎တို႔၏ အိမ္လိပ္စာမ်ား ကို အတိအက်မေပး ေသာေၾကာင့္ ထိေတြ႕ဆက္စပ္ သူမ်ားကို ရွာေဖြရန္ အခက္အခဲရွိ ေနေၾကာင္းလည္း သိရပါတယ္

DeYe-Everbest