ဂျိုးဘိုင်ဒန် ရဲ့ နေအိမ်ကို အမျိုးသားလေကြောင်း ကာကွယ်ရေးဇုံအဖြစ် သတ်မှတ်လိုက်ပြီ

ဂျိုးဘိုင်ဒန်ဟာ ဒီနေ့ နိုင်ငံကိုမိန့်ခွန်းပြောမယ် လို့ဆိုပါတယ်။ ဘိုင်ဒန် တို့ အဖွဲ့က အာဏာလွှဲပြောင်းရေး Plan ကို လနဲ့ချီပြီး အသေအချာပြင်ဆင် ထားခဲ့တယ်လို့သိရပါတယ် ဂျိုးဘိုင်ဒန် နိုင်ဖို့နီးကပ်လာပါပြီ

အမေရိကန် ပြည်ထဲရေး ဝန်ကြီးဌာန က Secret Service အထူးအဖွဲ့တွေ ကို Wilmington, Delaware က ဘိုင်ဒန်ရဲ့ နေအိမ်ကို ထပ်မံစေလွှတ်လိုက်တယ်လို့ ဝါရှင်တန်ပို့စ်က သတင်းတင်ပြပါတယ်။ သမ္မတဖြစ်လာနိုင်တဲ့ ဘိုင်ဒန်ရဲ့ လုံခြုံရေးကို ကာကွယ်ဖို့ဖြစ်တယ် လို့ ဆိုပါတယ်။

အမေရိကန်လေကြောင်း ထိန်းသိမ်းရေးက ဘိုင်ဒန်ရဲ့အိမ်ကို အမျိုးသားလေကြောင်းကာကွယ်ရေးဇုံ (National Defense Airspace) အဖြစ် သတ်မှတ်လိုက်ပြီး ဘိုင်ဒန်ရဲ့ Delaware ပြည်နယ် Wilmington ရှိ အိမ်ကနေ တစ်မိုင်အကွာ သည် လေယာဥ်မပျံသန်းရ ဇုန်အဖြစ် FAA notice အဖြစ် ယာယီထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ထို့ အပြင် ဘိုင်ဒန် ရွေးကောက်ပွဲ အောင်မြင်မှု မိန့်ခွန်းပြောနိုင်တဲ့ Chase Center ကို လည်း မပျံသန်းရဇုန် အဖြစ် လေကြောင်းမပျံသန်းရ နယ်အဖြစ်သတ်မှတ်ခဲ့ပါသေးတယ်

တခါ တလေ sleepy Joe လို့ ထင်ပေ မယ့် အဲ့ဒီ ထုံပေပေ စတိုင်တွေက Plan ကောင်း တတ်ပါတယ်။ Pennsylvania ပြည်နယ် က ရီပါဘလစ် ကင်ဆီးနိတ်လွှတ်တော် အမတ် Pat Toomey က Trump ရဲ့ မဲလိမ်တဲ့ စွပ်စွဲမှုတွေဟာ အခြေအမြစ် မရှိဘူးလို့ ဆိုခဲ့ပါတယ်။ သတင်းတွေကြည့်ရင်း GOP လို့မြင်ရင် Republican Party ကိုဆိုလိုတယ်လို့မှတ်ပါ။ Republican Party ကို Grand Old Party (GOP) လို့အတိုကောက် သုံးနှုံးကြပါတယ်။

Zawgyi

ဂ်ိဳးဘိုင္ဒန္ဟာ ဒီေန႔ နိုင္ငံကိုမိန႔္ခြန္းေျပာမယ္ လို႔ဆိုပါတယ္။ ဘိုင္ဒန္ တို႔ အဖြဲ႕က အာဏာလႊဲေျပာင္းေရး Plan ကို လနဲ႔ခ်ီၿပီး အေသအခ်ာျပင္ဆင္ ထားခဲ့တယ္လို႔သိရပါတယ္ ဂ်ိဳးဘိုင္ဒန္ နိုင္ဖို႔နီးကပ္လာပါၿပီ

အေမရိကန္ ျပည္ထဲေရး ဝန္ႀကီးဌာန က Secret Service အထူးအဖြဲ႕ေတြ ကို Wilmington, Delaware က ဘိုင္ဒန္ရဲ့ ေနအိမ္ကို ထပ္မံေစလႊတ္လိုက္တယ္လို႔ ဝါရွင္တန္ပို႔စ္က သတင္းတင္ျပပါတယ္။ သမၼတျဖစ္လာနိုင္တဲ့ ဘိုင္ဒန္ရဲ့ လုံျခဳံေရးကို ကာကြယ္ဖို႔ျဖစ္တယ္ လို႔ ဆိုပါတယ္။

အေမရိကန္ေလေၾကာင္း ထိန္းသိမ္းေရးက ဘိုင္ဒန္ရဲ့အိမ္ကို အမ်ိဳးသားေလေၾကာင္းကာကြယ္ေရးဇုံ (National Defense Airspace) အျဖစ္ သတ္မွတ္လိုက္ၿပီး ဘိုင္ဒန္ရဲ့ Delaware ျပည္နယ္ Wilmington ရွိ အိမ္ကေန တစ္မိုင္အကြာ သည္ ေလယာဥ္မပ်ံသန္းရ ဇုန္အျဖစ္ FAA notice အျဖစ္ ယာယီထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။

ထို႔ အျပင္ ဘိုင္ဒန္ ေရြးေကာက္ပြဲ ေအာင္ျမင္မႈ မိန႔္ခြန္းေျပာနိုင္တဲ့ Chase Center ကို လည္း မပ်ံသန္းရဇုန္ အျဖစ္ ေလေၾကာင္းမပ်ံသန္းရ နယ္အျဖစ္သတ္မွတ္ခဲ့ပါေသးတယ္

တခါ တေလ sleepy Joe လို႔ ထင္ေပ မယ့္ အဲ့ဒီ ထုံေပေပ စတိုင္ေတြက Plan ေကာင္း တတ္ပါတယ္။ Pennsylvania ျပည္နယ္ က ရီပါဘလစ္ ကင္ဆီးနိတ္လႊတ္ေတာ္ အမတ္ Pat Toomey က Trump ရဲ့ မဲလိမ္တဲ့ စြပ္စြဲမႈေတြဟာ အေျခအျမစ္ မရွိဘူးလို႔ ဆိုခဲ့ပါတယ္။ သတင္းေတြၾကည့္ရင္း GOP လို႔ျမင္ရင္ Republican Party ကိုဆိုလိုတယ္လို႔မွတ္ပါ။ Republican Party ကို Grand Old Party (GOP) လို႔အတိုေကာက္ သုံးႏႈံးၾကပါတယ္။