အမေရိကန်သမိုင်းမှာ ပထမဆုံး အမျိုးသမီး ဒုတိယသမ္မတဖြစ်လာခဲ့တဲ့ ကမ်မလာဟာရစ်

ကမ်မလာ က Howard University နဲ့ University of California, Hastings College of the Law တို့မှာ တက်ရောက်ပညာသင် ကြားခဲ့ပြီး သူမရဲ့ ပထမဆုံး အသက်မွေး ဝမ်းကျောင်း အလုပ်အဖြစ် Alameda Conty District ရှေ့နေရုံးမှာ အလုပ်လုပ်ခဲ့ပါတယ်။ ထို့နောက် e San Francisco District ရှေ့နေရုံး နဲ့ နောက်ပိုင်းမှာ ဆန်ဖရန်စစ္စကို မြို့ ရှေ့နေရုံး တို့မှာ လုပ်ကိုင်ခဲ့ပါတယ်။ ကမ်မလာ ဟာ ၂၀၀၃ခုနှစ်မှာ ဆန်ဖရန်စစ္စကို ရဲ့ ခရိုင်ရှေ့နေ အဖြစ် ရွေးချယ်ခံခဲ့ ရပါတယ်။ ၂၀၁၀ ခုနှစ်မှာ တော့ ကယ်လီဖိုးနီးယား ပြည်နယ် ရှေနေ့ချုပ် ဖြစ်လာခဲ့ပြီး ၂၀၁၄ ခုနှစ်မှာလည်း ပြန်လည် ရွေးချယ်ခံခဲ့ရပါတယ်။

ကမ်မလာဟာ ၂၀၁၆ ခုနှစ် ဆီးနိတ်လွှတ်တော် ရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက် ၂၀၁၇ ခုနှစ်မှစပြီး လွှတ်တော်အမတ် ဖြစ်လာခဲ့ပါတယ်။ သူမက ၂၀၁၄ ခုနှစ်မှာ ကလေးနှစ်ဦးရဲ့ ဖခင်ဖြစ်သူ ရှေ့နေ Doug Emhoff နဲ့ လက်ထပ်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် အမေရိကန်ရွေးကောက်ပွဲမှာတော့ ဒီမိုကရက်တစ် ပါတီရဲ့ ကိုယ်စားပြု သမ္မတလောင်း အဖြစ် ပါဝင်ယှဥ်ပြိုင်ခဲ့ပြီး ဩဂုတ် ၁၁ ရက်နေ့မှာ ပါတီရဲ့ ဒုတိယသမ္မတ လောင်းအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

သူမဟာ အိန္ဒိယနွယ်ဖွား မိခင်နဲ့ ဂျမေကာနွယ်ဖွား ဖခင်တို့မှ မွေးဖွားလာခဲ့သူဖြစ်ရာ ပထမဆုံး အာရှအမေရိကန်နဲ့ အာဖရိကန်အမေရိကန် အမျိုးသမီး ဒုတိယသမ္မတ တစ်ဦးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ကမ်မလာဟာရစ်ကို ၁၉၆၄ ခုနှစ် အောက်တိုဘာ ၂၀ ရက်နေ့က ကယ်လီဖိုးနီးယားပြည်နယ် အုတ်ကလန်းမြို့မှာ မွေးဖွားခဲ့တာဖြစ်ပြီး လက်ရှိ အသက် ၅၆ နှစ်အရွယ်ရှိပါပြီ။

သူမရဲ့ အသက်ငါးနှစ် အရွယ်မှာပင် မိဘနှစ်ဦး အိမ်ထောင်ရေးပြိုကွဲသွ ားခဲ့ရာ ဟိန္ဒူမိခင်ဖြစ်သူရဲ့ ပြုစုစောင့်ရှောက်မှုအောက်မှာ ကမ်မလာဟာရစ်က ကြီးပြင်းခဲ့ရပါတယ်။ ကမ်မလာရဲ့မိခင်က ကင်ဆာသုတေသီတစ်ဦးနဲ့ ပြည်သူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးလည်း ဖြစ်ပါတယ်။

သူမဟာ မိခင်ဖြစ်သူဘက်မှ အိန္ဒိယအမွေ အနစ်များနဲ့ နီးစပ်ပြီး ကြီးပြင်းခဲ့ သူဖြစ်ကာ အိန္ဒိယသို့လည်း မိခင်နဲ့အတူ သွားရောက်ခဲ့ပါတယ်။ သို့သော် မိခင်ဖြစ်သူ က အုတ်ကလန်းမြို့ရဲ့ လူမည်း ယဥ်ကျေးမှု ဓလေ့ထုံးစံတွေ အတိုင်း ခံယူနေထိုင်ခဲ့ပြီး သမီးနှစ်ဦးဖြစ်တဲ့ ကမ်မလာနဲ့ သူမရဲ့ညီမ မာယာတို့ ကို ကြီးပြင်းစေခဲ့ တယ်လို့ ဆိုပါတယ်။

“ကျွန်မရဲ့ အမေက သူဟာ လူမည်းသမီး နှစ်ယောက်ကို ပြုစုပျိုးထောင်ပေး နေခဲ့တယ်ဆိုတာ အလွန်ပဲ နားလည်သဘော ပေါက်ခဲ့ပါတယ်၊ မွေးရပ်မြေရဲ့ ပုံစံအတိုင်းနေထိုင်တာက မာယာနဲ့ ကျွန်မကို လူမည်းမိန်းကလေးတွေအဖြစ်ကနေ ယုံကြည်ချက်ရှိရှိနဲ့ လူမည်းအမျိုးသမီးတွေအဖြစ် ဂုဏ်ယူလာ စေမယ်ဆိုတာ အမေ သိခဲ့တယ်” လို့ ကမ်မလာက သူအရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာအုပ် The Truths We Hold မှာ ရေးသားထားပါတယ်။

Crd.Duwun