ရဲရင့်ပြောင်မြောက်ပြီး သမိုင်းကြောင်းကောင်းခဲ့တဲ့ တပ်မ (၈၈)

ရဲရင့်ပြောင်မြောက်ပြီး စတင်ဖွဲ့စည်းချိန်ကစလို့ သမိုင်းကြောင်းကောင်းခဲ့တဲ့ တပ်မ(၈၈)ရဲ့ စွမ်းဆောင်ချက်များ

အမှတ်(၈၈)ခြေမြန် တပ်မဌာန ချုပ်ကို ၁၉၆၇ ခုနှစ် ၊ မေလ(၁)ရက်နေ့တွင် မကွေးမြို့ ၌ စတင်ဖွဲ့ စည်းခဲ့ပါသည်။ တပ်မဌာန ချုပ် စတင်ဖွဲ့ စည်းချိန်တွင် တပ်မမှူး၊ ကြည်း- ၅၆၀၃ ဗိုလ်မှုးကြီး သန်းတင်မှ စတင်ဖွင့်လှစ်ပြီး လက်အောက်ခံ တပ်ရင်း(၁၀)ရင်းအား တာဝန်ယူ ကွပ်ကဲ ထမ်းဆောင် ခဲ့ပါတယ်။

တပ်မ(၈၈) စတင်ဖွင့်လှစ်ခဲ့သည့်(၁၉၆၇)ခုနှစ် မှ(၁၉၉၀) ခုနှစ် အထိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တွင် လည်းကောင်း ၊၁၉၉၀ မှ ယနေ့ အထိ အလယ် ပိုင်းတိုင်း စစ်ဌာနချုပ်ကွပ်ကဲမှု အောက်တွင် လည်းကောင်း တာဝန် ထမ်းဆောင်ခဲ့ပါတယ် ။

အမှတ်(၈၈) ခြေမြန်တပ်မ ဌာနချုပ်သည် မကွေးတိုင်းဒေသကြီး ၊ မကွေးမြို့ ၊ မကွေး-နက်မောက် ကားလမ်းကြီးဘေး၌ တည်ရှိပြီး စတင်ဖွင့်လှစ်ပြီ းနောက် နိုင်ငံတော်နှင့် တပ်မတော် ဂုဏ်သိက္ခာကို ထွန်းပြောင်စေခဲ့သော သမိုင်းဝင် တိုက်ပွဲများဖြစ်သော အင်းလေးဒေသရှိ ကွန်မြူနစ်တပ်များ ချေမှုန်းရေးအား (ဂဠုန်စစ်ဆင်ရေး)အမည်ဖြင့် လည်းကောင်း ၊ မြစ်ဝကျွန်းပေါ် ဒေသအား(မိုးဟိန်းစစ်ဆင်ရေး) အမည်ဖြင့် လည်းကောင်း ၊ ပဲခူးရိုးမဒေသတွင်(မိုးကြိုး စစ်ဆင်ရေး)အမည် ဖြင့်လည်းကောင်း၊ သထုံ၊ဖာပွန်၊ ဘီးလင်း ဒေသတွင် (ဇွဲသတ္တိစစ်ဆင်ရေး)အမည်ဖြင့် လည်းကောင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေ တွင် (မင်းလွင်/သူရိန်) စစ်ဆင်ရေး အမည်ဖြင့် လည်းကောင်း ၊ လားရှိုး ကွမ်းလုံ ဒေသတွင်(အောင်သီဟ)စစ်ဆင်ရေး အမည်ဖြင့် လည်းကောင်း

ကွတ်ခိုင် မူဆယ် နမ့်ဖက်ကာ မိုးနဲ နမ့်ခမ်းဒေသတွင် (ရဲမာန်ဟုန်) စစ်ဆင်ရေး အမည်ဖြင့် လည်းကောင်း ၊ သံလွင် အရှေ့ခြမ်း မိုင်းခတ် မိုင်းယန်း မိုင်းမမိုင်းလား ဒေသတွင် (ရဲမာန်အောင်) စစ်ဆင်ရေး အမည်ဖြင့် လည်းကောင်း ကယားပြည်နယ်ဒေသ တွင် (ငွေတောင်) စစ်ဆင် ရေး အမည် ဖြင့်လည်းကောင် ၊ သံလွင် အရှေ့ခြမ်း ဒေသတွင် (ရဲရန်နိုင် ၊ရဲနိုင်အောင် ၊နေမင်းရောင် ၊လေးမာန်အောင် ) စစ်ဆင်ရေး အမည်ဖြင့် လည်းကောင်း ၊ ကျောက်မဲ ခရိုင် ဒေသတွင် (နီလာ)စစ်ဆင်ရေးအမည်ဖြင့် လည်းကောင်း

ရွှေလီချိုင့်ဝှမ်း ၊ မိုးမိတ် ဒေသ တွင်(သမိန်ဗရမ်း)စစ်ဆင်ရေး အမည်ဖြင့်လည်းကောင်း … ။ ဘူဇာခီ်းယွန်းစလင်း အရှေ့ခြမ်း ဒေသတွင် မာန်အောင်မြင် စစ်ဆင်ရေး အမည်ဖြင့် လည်းကောင်း ၊(၁-၁၁-၂၀၁၁) ရက်မှ (၁၀-၄-၂၀၁၃) ရက်နေ့ထိ မြစ်ကြီးနား လုပီ ပန်ဝါ ဗန်းမော် လဂျား ယန် ဒေသ တို့တွင် တိုင်းအောင်/ရွှေလင်းယုန် စစ်ဆင်ရေး အမည်ဖြင့် လည်းကောင်း စစ်ဆင်ရေး တာဝန်များနှင့် အခြားသော စစ်ဆင်ရေး ပေါင်းများစွာအား အကြီးမား ဆုံးသော အောင်မြင်မှုများရရှိအောင် ထမ်းဆောင် ခဲ့ပါတယ်။

အမှတ်(၈၈)ခြေမြန်တပ်မ ဌာနချုပ် စွမ်းရည်/ ဘွဲ့တံဆိပ် ရရှိသူများ စာရင်း(၂၀၁၃)ထိ

သီဟသူရ (အရာရှိ ၁၊ အခြားအဆင့် – ပေါင်း ၁)၊သူရ (အရာရှိ-၁၃၊ အခြားအဆင့်(၁၅)ပေါင်း ၂၈)၊သူရဲကောင်း မှတ်တမ်းဝင်တံဆိပ် (အရာရှိ(၅၀)၊ အခြားအဆင့်(၁၇၆) ပေါင်း ၂၂၆)၊ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ် (အရာရှိ ၂၇ အခြားအဆင့် ၁၀၁ ပေါင်း ၁၂၈)၊ကာကွယ်ရေးဦးစီးချုပ်၏ဂုဏ်ထူး‌ဆောင်လက်မှတ် (အရာရှိ ၁၂ အခြားအဆင့် ၁၉ ပေါင်း ၃၁)
စွမ်းရည်/ ဘွဲ့တံဆိပ် ရရှိသူစုစုပေါင်း (အရာရှိ ၁၀၃ ဦး အခြားအဆင့် ၃၁၁ ဦး ပေါင်း ၄၁၄ ဦးတို့ဖြစ်ပါတယ် ။

ပြည်သူကိုမျက်နှာမူတဲ့ တပ်မ( ၈၈ )အောင်ပွဲများအလီလီ ရရှိနိုင်ကြပါစေ ….ဘေးမသီ ရန်မခပဲ နိုင်ငံ့တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ပါစေ

ငပိချက်

Zawgyi


သမိုင်းမှာလည်း ရဲရင့်ပြောင်မြောက်ဆုံး တပ်မ(၈၈)အကြောင်း ရှာ‌ဖွေဖော်ပြလိုက်ပါတယ်။

တပ်မ (၈၈) ခြေမြန်တပ်မ တပ်မ သမိုင်းအကျဉ်း










ငပိချက်