“ခွပ်ဒေါင်းအောင်လံပြည့်သူ့အသံ” အတွက် နေရာစုံက ပံ့ပိုးကူ ညီခဲ့ သူတွေကို ကျေးဇူးတင်စကားပြောလာတဲ့ ခရစ္စတီနာခီ

“ခွပ်ဒေါင်းအောင်လံပြည့်သူ့အသံ” အတွက် နေရာစုံက ပံ့ပိုးကူ ညီခဲ့ သူတွေကို ကျေးဇူးတင်စကားပြောလာတဲ့ ခရစ္စတီနာခီ

ပရိသတ်တွေ အားပေးမှု ကို အခိုင်အမာ ရယူထားနိုင်ခဲ့တဲ့ ဒါရိုက်တာ ခရစ္စတီးနာခီ က “ခွပ်ဒေါင်းအောင်လံပြည့်သူ့အသံ” ဆို တဲ့ သူမရဲ့ Page လေးကနေ တဆင့် NLD အတွက် ရိုက်ကူးရေး ပြုလုပ်ခဲ့ကြောင်း သိရပါတယ် ၊

ခရစ္စတီးနာခီ က သူမ တို့ ရဲ့ “ခွပ်ဒေါင်းအောင်လံပြည့်သူ့အသံ” page အတွက် ရိုက်ကူး၊တည်းဖြတ်၊ ပံ့ပိုးပေးခဲ့ သူများနဲ့ အတူ ရိုက်ကူးထား တဲ့ ပုံရိပ်လေးတွေကို ပရိသတ် တွေ ကို မျှဝေပေးလာ ခဲ့ပါတယ် ။ ဓါတ်ပုံထဲမှာ editor တစ်ယောက် နဲ့ ကားဆရာ(၄)ယောက်တော့ မပါဝင်ဘူး ဆိုပြီးတော့လည်း ရေးထားပါသေးတယ် ။

အနယ်နယ် အရပ်ရပ်မှာ ရိုက်ကူးရေး အဆင်ပြေဖို့ ပံ့ပိုးပေး ခဲ့သူများ အားလုံးကိုလည်းကျေးဇူး တင်စကားပြောဆို ခဲ့ပြီး ရိုက်ကူးရေးအတွက် သူမ အလုပ်များနေချိန်မှာ နိုဝါ လေးကို ထိန်းပေးတဲ့ ညီမ အယ်ဘူစေးနဲ့ ကယားမှာ သားသားလေးနဲ့ အဖော်နေပေးတဲ့ မောင်လေးဝေယံ တို့ကိုလည်းကျေးဇူး အထူးတင်ပါတယ်လို့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာက နေ ကျေးဇူးတင်စကားပါးလာခဲ့ပါတယ်။

NLD အောင်နိုင်ရေး အတွက် အများကြီး အထောက် အကူပြုတဲ့ ဒီ အစီအစဉ်လေး ကို အားပေးသဘောကျတဲ့ ပရိတ်သတ်တွေကလည်း ပြန်လည်မှတ်ချက်ပေးထားတွေ့ရပါတယ်

Source:Christina Kyi

Zawgyi






Source:Christina Kyi