သားသမီးတွေ လာကန်တော့မှာ ကို စောင့်နေတဲ့ ဘိုးဘွား ရိပ်သာမှ အဘိုးအို တစ်ဦး

Posted on

မိမိကို မွေးဖွားပေးခဲ့တဲ့ မိဘတိုင်းမှာ သားသမီးတွေ လူပုံအလယ်မှာ အောင်မြင်စေချင် ကြတယ်။ တင့်တင့်တယ် တယ် နေထိုင်စေချင်ကြတယ်။ တကယ်တော့ မိဘတွေရဲ့ စိတ်ထဲ မှာ သားသမီးတွေ အပေါ် မျှော်လင့်ချက် တစ်စုံ အမြဲတမ်း ကိန်းအောင်းနေပြီး သား ဖြစ်ပါတယ်။

မိဘတွေက သားသမီး တွေ စိတ်မကောင်းမှာဆိုး လို့သာ ဘာမှမဖြစ်တဲ့ ပုံစံမျိုးတွေ ပြသနေတာ ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ကျွေးမွေး စောင့်ရှောက်ထားတဲ့ မိမိ သား သမီးဆီက ဘာမှ မမျှော်လင့်ဘူး ဆိုတာ ဘယ်ရှိပါ့မလဲ။

ဒါတင်မကသေးပဲ မိမိဟာ သစ်ပင်တစ်ပင် ကို စိုက်လိုက် တယ် ဆိုပါစို့ ဒီသစ်ပင်ကို စိုက်ရခြင်း ရည်ရွယ်ချက်က တစ်နေ့ မိမိအတွက် အရိပ်ကောင်းကောင်းတစ်ခု ဖြစ်စေဖို့၊ အသီးကောင်း ကောင်းတွေ စားချင်လို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စိုက်ပျိုးကြခြင်း ဖြစ်ပါတယ်။ အလားတူပဲ မိဘတွေ ဟာလည်း သူတို့ အသက်ရွယ် အိုမင်းသွားတဲ့အခါ သားသမီးတွေက သူတို့အပေါ် ပြန်လည် အလုပ်အကျွေး ပြုခြင်းတွေကို မျှော်လင့်ကြ တာပါပဲ။ ဒီလို မျှော်လင့်ချက် တွေနဲ့ မိဘတွေဟာ အိုမင်းရင့် ရော်ခြင်းဆိုတဲ့ သင်္ခါရတရား ကြီးဆီကို တစ်ဖြည်းဖြည်း လျှောက်လှမ်း လာကြပါတယ်။

ဒါပေမဲ့ ဒီတင့်တယ် လှပမှုတွေ၊ အရိပ်ကောင်းရ မှုတွေဟာ မူလပိုင်ရှင် မိဘတို့ အတွက်မဟုတ်ပဲ အခြား တစ်စုံတစ်ယောက်အတွက် ဖြစ်နေလေရဲ့။ ဒီအခါမှာ တော့ မိဘတို့ရဲ့ မျှော်လင့်ချက်တွေဟာ ရေစုန်မျှောရ ပါတော့တယ်။ သင်္ခါရတရား ကြီးဆီကို လျှောက်လှမ်းနေတဲ့ မိဘတွေ အတွက် ဒီအချိန်မှာ ဘယ်မှာများ ခိုကိုးရာ ရှိပါတော့မလဲ။

Crd.YangonDay

Zawgyi

မိမိကို ေမြးဖြားေပးခဲ့တဲ့ မိဘတိုင္းမွာ သားသမီးေတြ လူပုံအလယ္မွာ ေအာင္ျမင္ေစခ်င္ၾကတယ္။တင့္တင့္တယ္တယ္ ေနထိုင္ေစခ်င္ၾကတယ္။ တကယ္ေတာ့ မိဘေတြရဲ့ စိတ္ထဲ မွာ သားသမီးေတြအေပၚ ေမၽွာ္လင့္ခ်က္ တစ္စုံ အျမဲတမ္း ကိန္းေအာင္းေနၿပီး သား ျဖစ္ပါတယ္။

မိဘေတြက သားသမီး ေတြ စိတ္မေကာင္းမွာဆိုး လို႔သာ ဘာမွမျဖစ္တဲ့ ပုံစံမ်ိဳးေတြ ျပသေနတာ ျဖစ္ပါတယ္။ ငယ္စဥ္ကတည္းက ေကၽြးေမြး ေစာင့္ေရွာက္ထားတဲ့ မိမိ သား သမီးဆီက ဘာမွ မေမၽွာ္လင့္ဘူး ဆိုတာ ဘယ္ရွိပါ့မလဲ။

ဒါတင္မကေသးပဲ မိမိဟာ သစ္ပင္တစ္ပင္ကို စိုက္လိုက္တယ္ဆိုပါစို႔ ဒီသစ္ပင္ကို စိုက္ရျခင္း ရည္ရြယ္ခ်က္က တစ္ေန႔ မိမိအတြက္ အရိပ္ေကာင္းေကာင္းတစ္ခု ျဖစ္ေစဖို႔၊ အသီးေကာင္းေကာင္းေတြ စားခ်င္လို႔ ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ စိုက္ပ်ိဳးၾကျခင္း ျဖစ္ပါတယ္။ အလားတူပဲ မိဘေတြဟာလည္း သူတို႔ အသက္ရြယ္ အိုမင္းသြားတဲ့အခါ သားသမီးေတြက သူတို႔အေပၚ ျပန္လည္ အလုပ္အေကၽြး ျပဳျခင္းေတြကို ေမၽွာ္လင့္ၾကတာပါပဲ။ ဒီလို ေမၽွာ္လင့္ခ်က္ေတြနဲ႔ မိဘေတြဟာ အိုမင္းရင့္ေရာ္ျခင္းဆိုတဲ့ သခၤါရတရားႀကီးဆီကို တစ္ျဖည္းျဖည္း ေလၽွာက္လွမ္ းလာၾကပါတယ္။

ဒါေပမဲ့ ဒီတင့္တယ္လွပမႈေတြ၊ အရိပ္ေကာင္းရမႈေတြဟာ မူလပိုင္ရွင္ မိဘတို႔ အတြက္မဟုတ္ပဲ အျခား တစ္စုံတစ္ေယာက္အတြက္ ျဖစ္ေနေလရဲ့။ ဒီအခါမွာေတာ့ မိဘတို႔ရဲ့ ေမၽွာ္လင့္ခ်က္ေတြဟာ ေရစုန္ေမၽွာရပါေတာ့တယ္။ သခၤါရတရားႀကီးဆီကို ေလၽွာက္လွမ္းေနတဲ့ မိဘေတြ အတြက္ ဒီအခ်ိန္မွာ ဘယ္မွာမ်ား ခိုကိုးရာ ရွိပါေတာ့မလဲ။