အသင့်တော်ဆုံး COVID ကာကွယ်ဆေးကို ရွေးချယ်ဖို့ လိုအပ်နေတဲ့ မြန်မာပြည်

Posted on

Pfizer(ဖိုင်ဇာ)နဲ့ BioNTech က သူတို့ ရဲ့ ကိုဗစ်ကာကွယ်ဆေးဟာ ၉၀ ရာနှုန်းကျော် အာနိသင် ရှိတယ်လို့ ပြောချိန်မှာ ကျနော်သိပ်စိတ်မဝင်စား ခဲ့ပါ။ ဘာဖြစ်လို့လဲ ဆိုတော့ Pfizer ရဲ့ ကာကွယ်ဆေး က stability ပြဿနာ ရှိပြီး သယ်ယူပို့ဆောင်ရေး နဲ့ ဖြန့်ဝေရေး အခက် အခဲရှိပါတယ်။ ကျနော်တို့ အတွက်Pfizer ရဲ့ကာကွယ်ဆေးရဖို့ နေရာအတော် များများမှာ မဖြစ်နိုင်သ လောက်ပါ။

သို့သော် ကမ္ဘာမှာ တစ်ခါမှ မအောင်မြင်ဖူးသေး တဲ့ mRNA အောင်မြင်သွားတာတော့ အတော်ဝမ်းမြောက်မိပါတယ်။ နောက်တစ်ခုက ကိုဗစ်ကာကွယ် ဆေးဟာ COVID-19 Pandamic ကို တကယ် ချုပ်ငြိမ်း နိုင်မယ်ဆိုတာ သေချာသွားလို့ ဝမ်းသာပါတယ်။ ကျနော်စိတ်ဝင် စား တာက Oxford/ AstraZeneca ရဲ့ ကာကွယ်ဆေး နဲ့ Moderna ရဲ့ ကာကွယ် ဆေးပါ။(၁၀)ရက်အတွင်းမှာ Moderna က ကာကွယ်ဆေး အောင်မြင်မှု သတင်းကို ထုတ်ပြန်လိမ့် မယ်လို့ ကျနော်မှန်းထား ပါတယ်။

Oxford/ AstraZeneca ကလည်း တစ်လ ကျော်အတွင်းမှာ အောင်မြင်မှု သတင်းထွက်လာနိုင်ပါတယ်။ သူ့နောက်က နေကပ်ပြီး Johnson Johnson ရဲ့ ကာကွယ်ဆေး အောင်မြင်နိုင်ပါတယ်။ Johnson Johnson ကို စိတ်ဝင်စားတာက သူများနဲ့ မတူပဲ တစ်ခါပဲထိုးဖို့လို လို့ပါ။ ကူးစက်ရောဂါ ဂုရုကြီး Dr Fauci က လည်း စစ်ကူတွေ လာနေပြီလက်နဲ့ မချနဲ့တောင့်ထား “the calvary is coming, but don’t put your weapons down” လို့ ပြောထား ပါတယ်။

သဘောကတော့ ဒီဇင်ဘာလ မကုန်ခင်နဲ့ ၂၀၂၁နှစ် ဆန်းကာလ မှာ ကာကွယ် ဆေးအောင်မြင်မှု သတင်းတွေ ဆက်တိုက် (စစ်ကူတွေလာနေပြီ ဖြစ်ကြောင်း)သတင်းကောင်း တွေ ကို ကြားရပါလိမ့်မယ်။ အခုအခါမှာ ကိုဗစ်ကပ်ရောဂါ ကြီးပြီးဆုံးဖို့ အတွက် trend က ကာကွယ်ဆေးရရှိ ရေးထက် ကာကွယ်ဆေးသယ်ယူ ပို့ဆောင် ထိုးနှံရေး ဘက်ပြောင်းသွား ပါပြီ။Pfizer ရဲ့ ကာကွယ်ဆေးက – 80 degree Celsius မို့ ကျနော်တို့ ထိုးနှံနိုင်ဖို့ လမ်းသိပ်မမြင်ပါ။

တစ်ယောက်ယောက် က သယ်ယူလာပေးရင် တောင် – 80 degree Celsius ပြင်ပမှ ာဘယ်လောက်ထားခဲ့ သလဲမေးရပါပြီ။ အမေရိကန်မှ ာတော့ UPS က – 80 degree Celsiusမှာ တစ်ခု ကို ကာကွယ်ဆေး အလုံး ၄၈၀၀၀ သိမ်းထားနိုင် တဲ့ deep freezer အလုံး ၆၀၀ ကိုပြင်ဆင် နေပါတယ်။

ကျနော်တို့ ဆီမှာ – 18 degree Celsius လောက်တော့ ကြိုးစားရင် ဖြစ်နိုင်ပါတယ်။ Pfizer ကာကွယ်ဆေး အတွက်လိုအပ်တဲ့ – 80 degree Celsius ကတော့ တစ်လုံး တစ်လေကလွဲ လို့ မဖြစ်နိုင်ပါ။ Moderna ရဲ့ mRNA ကာကွယ် ဆေးကတော့ – 20 degree Celsius လိုအပ်တာမို့ ကျနော်တို့ဆီမှာ မြို့ကြီးတွေမှာ ဖြစ်နိုင်ပါတယ်။ တိုက်နယ်ဆေးရုံတွေ အတွက် အထူးစီစဉ်ဖို့ လိုပါမယ်။

ရုရှားက သူ့ကာကွယ်ဆေး ကလည်း (၉၀)ရာနှုန်း အာနိသင်ရှိပါ သတဲ့။ EU၊US၊FDA နဲ့ WHO က အသိအမှတ်ပြုရင် တော့ လက်ခံရပါမယ်။ တရုတ်ကာကွယ် ဆေးတွေက လည်း ထိုနည်း လည်းကောင်းပါပဲ။ တလော က တရုတ် SinoVac ကကာကွယ်ဆေး ကြောင့်ဘရာဇီးမှာ လူသေတယ်သတင်း ထွက်ပြီးနောက် ကာကွယ်ဆေးနဲ့ မဆိုင်ဘူးဆိုပြီး ပြန်လည် စမ်းသပ်ခွင့်ပြုခဲ့ပါတယ်။

Oxford/ AstraZeneca ရဲ့ကာကွယ်ဆေး က သာမန် ရေခဲသေတ္တာနဲ့ သိမ်းဆည်းဖြန့်ဖြူး နိုင်ပါတယ်။ 2 degree Celsius ကနေ 8 degree Celsius အထိ အပူချိန် မှာ သိမ်းထားလို့ ရပါတယ်။ အဲ့ဒီ အတွက် ရွာတွေမှာ အထိထိုးနှံ လို့ရသွားပါမယ်။ Oxford/ AstraZenecaရဲ့ ကာကွယ်ဆေး က လက်တွေ့အ ကျ ဆုံးဖြစ်နေပါတယ်။ သို့သော် COVAX အစီအစဉ် က အသိအမှတ်ပြုပြီး ပေးတာကို ကျနော်တို့ ထိုးရမှာပါ။ နောက်တစ်ခုက ကာကွယ်ဆေး တစ်မျိုးတည်း မဟုတ်ပဲ ဒေသ အကွာအဝေး၊ အသက်အရွယ်စ သည်တို့ကိုအခြေခံပြီး တစ်နိုင် ငံလုံးမှာ ကာကွယ်ဆေး (၄–၅) မျိုးခွဲပြီး ထိုးရတာ လည်းဖြစ်နိုင် ပါကြောင်း။

Richard Myo Thant