ယာဥ်မောင်းလိုင်စင် သက်တမ်းတိုး တရားဝင် ကုန်ကျ စရိတ်များ

Posted on

‘သ’ ယာဥ်မောင်းလိုင်စင်မှစ၍ ယာဥ်မောင်း လိုင်စင်များအား သက်တမ်းတိုး မည် ဆိုပါက မည်မျှကုန်ကျမည်နည်း။ သက်တမ်းတိုးရင် တရားဝင် အမှန်တကယ် ကုန်ကျမည့် စရိတ်များကို ဖော်ပြပေးလိုက်ပါတယ်။ လူလိမ်ခံရခြင်းမှ ကင်းဝေးကြပါစေ။

သင်မောင်း(သ)ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခ- ၃၀၀၀ ကျပ်၊အာမခံ ကြေး = ၂၅၀၀ ကျပ်၊စုစုပေါင်း = ၅၅၀၀ ကျပ်

‘က ‘ယာဉ်မောင်းလိုင်စင် သက်တမ်း တိုးခ- ၁၂၀၀၀ ကျပ်၊ အာမခံ ကြေး- ၅၅၀၀ ကျပ်၊ စုစုပေါင်း- ၁၇၅၀၀ ကျပ်

‘ ခ’ ယာဉ်မောင်းလိုင်စင် သက်တမ်း တိုးခ- ၅၀၀၀၀ ကျပ်၊ အာမခံကြေး- ၅၅၀၀ ကျပ်၊ စုစုပေါင်း- ၅၅၅၀၀ ကျပ်

‘ ဂ၊ ဌ’ယာဉ်မောင်း လိုင်စင်သက်တမ်း တိုးခ- ၆၀၀၀၀ ကျပ်၊ အာမခံကြေး- ၆၅၀၀ ကျပ်၊ စုစုပေါင်း- ၆၆၅၀၀ ကျပ်

‘ဃ’ယာဉ်မောင်း လိုင်စင်သက်တမ်း တိုးခ- ၆၀၀၀၀ ကျပ်၊ အာမခံ ကြေး- ၆၅၀၀ ကျပ်၊ စုစုပေါင်း- ၆၆၅၀၀ ကျပ်

‘င’ ယာဉ်မောင်း လိုင်စင်သက်တမ်း တိုးခ- ၇၅၀၀၀ ကျပ်၊ အာမခံကြေး- ၆၅၀၀ ကျပ်၊ စုစုပေါင်း- ၈၁၅၀၀ ကျပ်

‘ဟ’ယာဉ်မောင်း လိုင်စင်(သုံးဘီးလိုင်စင်) သက်တမ်းတိုးခ- ၃၀၀၀၀ ကျပ်၊ အာမခံကြေး- ၅၅၀၀ ကျပ် စုစုပေါင်း- ၃၅၅၀၀ ကျပ်

‘စ’ စပယ်ယာ လိုင်စင် သက်တမ်းတိုးခ = ၁၅၀၀၀ ကျပ်၊ အာမခံ ကြေး- ၅၅၀၀ ကျပ် စုစုပေါင်း- ၂၅၀၀၀ ကျပ်

လိုင်စင် အဆင့်တိုး ဖြေဆိုခြင်း။

ယာဉ်မောင်း လိုင်စင် အဆင့် တိုးမြှင့်မှုများ အတွက် ရေး ဖြေနှင့် လက်တွေ့ အမောင်းပြပြီး ဖြေဆိုရမှာ ဖြစ်ပါတယ်။ ထိုသို့ ဖြေဆိုမှုတခုစီအတွက် ကျပ်(၅၀၀၀) ပေးသွင်းရမည် ။ မအောင်မြင်သော ဖြေဆိုမှု အတွက် ထပ်မံ ဖြေဆို ခွင့်ရှိပြီး ၊ ကျပ်(၅၀၀၀)ပြန် လည်ပေးသွင်း ရပါမယ်။ အချို့ မြိုနယ်များ တွင် ပွဲစား အပ် ခြင်းမှ ကင်းဝေးရန် ကွန်ပျူတာ ဖြင့် ကိုယ်တိုင် ဖြေစနစ်ကို ကျင့်သုံး သဖြင့် လူစားထိုး ဖြေဆို၍မရပါ။

သက်တမ်း ကုန် လိုင်စင်များ အတွက် ဒဏ်ကြေး တရားဝင် ပေးသွင်းရပါမည်။ သက်တမ်း မကုန်မှီရက်ပေါင်း (၆၀) ကြိုတင် သက်တမ်းတိုး နိုင်ပါတယ်။ ဒါကြောင့် အခုလို ကုန်ကျစားရိတ်တွေ ကို သိသွားပြီဆိုရင်တော့ သူများ တောင်းသလောက် ပေးပြီး အလိမ်ခံရ တဲ့ ဘဝကဝေး ပြီပေါ့။

ဒုရဲအုပ်ဌေးလွင်

Zawgyi











