စတေးဟုမ်း ရက်ကို ကြိုတင်ကြော်ငြာတာ ပထမဆုံးဖြစ်ပြီး မလိုက်နာရင် ချက်ချင်းအရေးယူမယ်ဆိုတဲ့ သဘော

နိုဝင်ဘာ ၂၁ ရက်ကနေ ဒီဇင်ဘာ ၅ ရက်နေ့အထိ Stay at Home ကာလအဖြစ် သတ် မှတ်သွားမှာ ဖြစ်ပြီး စည်းကမ်းလိုက်နာမှု တွေမှရှိဘဲ လူစုလူဝေးနဲ့ ဆန္ဒပြတဲ့ သူတွေနဲ့ ဝန်းရံတာတွေ ပြုလုပ်လာရင် အရေးယူမှု တွေ ဖြစ်လာနိုင်တဲ့ သဘောရှိတယ် လို့ ကျန်းမာရေး နဲ့ အားကစားဝန်ကြီး ဌာန ညွှန်ကြားရေးမှူး၊ ပြောရေးဆို ခွင့်ရှိသူ ဒေါက်တာ ခင်ခင်ကြီးက ပြောပါတယ်။

‘နိုင်ငံတော်သမ္မတ ရုံးရဲ့ ထုတ်ပြန်ချက် မှာ နိုဝင်ဘာ၂၁ကနေ ဒီဇင်ဘာ ၅ မှာဆိုရင် Stay at Home အမိန့်တွေ ကို ထုတ်ပြန်သွားမယ် ဆိုဒါဟာ အရင်တုန်း ကဆို Stay at Home လုပ်တယ် မြို့နယ် တွေ လုပ်တယ်၊ အခု ဆိုရင် ၇၄ မြို့နယ် ရှိပြီ တစ်ခါ မှ ကြိုပြီး အများကြီး ကြေငြာထား တာ မရှိဘူး အခု တစ်ခါမှာ ရက်တော်တော်လေး စောပြီးတော့ ကြေငြာထားတယ် ဆိုတာက ပြည်သူတွေ ကို Alert လုပ်ထားတဲ့ သဘောပဲဖြစ်ပါတယ်။

စည်းကမ်း မလိုက်နာရင် လည်း နောက်ကနေ အရေးယူမှုတွေ လာနိုင်တယ် ဆိုတာ ကို ကျမအနေနဲ့ ပြောတာ ဖြစ်ပါတယ်။ ဒါက တော့ အရေးယူမှာ ဖြစ်ပါတယ်” လို့ ဒေါက်တာခင်ခင်ကြီး က ပြောပါတယ်။

သတ်မှတ်ထား သည့် ကာလ အတွင်း ပြည်သူတွေ နေအိမ်မှာ နေထိုင် ဖို့ ပန်ကြားချက်ကို ထုတ်ပြန်သွားရေး အတွက် (ကိုဗစ် ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီ အစည်းအဝေးမှာ ဆွေးနွေးခဲ့တယ် လို့ နိုဝင်ဘာ (၁၇)ရက်က နိုင်ငံတော် အတိုင်ပင်ခံရုံး ထုတ်ပြန်ချက် အရ သိရပါတယ်။

အစည်းအဝေးမှာ ကိုဗစ်ကူးစက်မှု မြင့်တက်နိုင် ချေရှိသဖြင့် နို၀င်ဘာ ၂၁ မှ ဒီဇင်ဘာ ၅ ရက်နေ့ အထိ အိမ်မှာသာ နေရန် ပန်ကြားချက်ထုတ်ပြန်ရန် ၊ စိုးရိမ်ရတဲ့ လူနာဖြစ်ရင် မိသားစု၊ ဆွေမျိုးထဲ ကနေ လူနာစောင့် (၁)ဦး လိုက်ပါခွင့်ပြုဖို့၊ Stay at Home မဟုတ် တဲ့ မြို့နယ်တွေမှာ A အဆင့် သတ်မှတ်ခံရတဲ့ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင် တွေကို နိုဝင်ဘာလ ကုန်မှာ ပြန်ဖွင့် ခွင့်ပြုရန်။

Stay Home မသတ် မှတ်ထား တဲ့ မြို့တွေက တန်ခိုးကြီး ဘုရား၊ စေတီတွေကို တနေ့ (၂) ကြိမ် လူဦးရေ ကန့်သတ်ချက် ဖြင့် ပြန်လည်ဖူး မျှော်ခွင့်ပြုရန်၊ ခရစ်စမတ် ပွဲတော် နဲ့ နှစ်သစ်ကူးညတွေ ဘုရားကျောင်း တွေမှာ လူ(၅၀) ထက် မပိုစေပဲ ၀တ်ပြုဆုတောင်းခွင့်ပြုဖို့၊ ဖျော်ဖြေရေးအစီအစဉ်တွေကို ရုပ်မြင်သံကြား ကနေ တိုးမြှင့်ထုတ် လွှင့်ဖို့နဲ့ ကညနလုပ်ငန်းတွေ ပြန်လည် ဖွင့်လှစ်နိုင်ဖို့ စီစဉ်ကြရန် စတဲ့အချက်တွေကို ဆွေးနွေးတိုင်ပင်ခဲ့ကြတယ်လို့ သိရပါတယ်။

Zawgyi

နိုဝင္ဘာ ၂၁ ရက္ကေန ဒီဇင္ဘာ ၅ ရက္ေန႔အထိ Stay at Home ကာလအျဖစ္ သတ္ မွတ္သြားမွာ ျဖစ္ၿပီး စည္းကမ္းလိုက္နာမႈ ေတြမွရွိဘဲလူစုလူေဝးနဲ႔ ဆႏၵျပတဲ့ သူေတြနဲ႔ ဝန္းရံတာေတြ ျပဳလုပ္လာရင္ အေရးယူမႈ ေတြ ျဖစ္လာနိုင္တဲ့ သေဘာရွိတယ္ လို႔ က်န္းမာေရး နဲ႔ အားကစားဝန္ႀကီး ဌာန ညႊန္ၾကားေရးမႉး၊ ေျပာေရးဆို ခြင့္ရွိသူ ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

‘နိုင္ငံေတာ္သမၼတ ႐ုံးရဲ့ ထုတ္ျပန္ခ်က္ မွာ နိုဝင္ဘာ၂၁ကေန ဒီဇင္ဘာ ၅ မွာဆိုရင္ Stay at Home အမိန႔္ေတြ ကို ထုတ္ျပန္သြားမယ္ ဆိုဒါဟာ အရင္တုန္း ကဆို Stay at Home လုပ္ တယ္ ၿမိဳ႕နယ္ေတြ လုပ္တယ္၊ အခု ဆိုရင္ ၇၄ ၿမိဳ႕နယ္ ရွိၿပီ တစ္ခါမွ ႀကိဳၿပီး အမ်ားႀကီး ေၾကျငာထား တာ မရွိဘူး အခု တစ္ခါမွာ ရက္ေတာ္ေတာ္ေလး ေစာၿပီးေတာ့ ေၾကျငာထားတယ္ ဆိုတာက ျပည္သူေတြ ကို Alert လုပ္ထားတဲ့ သေဘာပဲျဖစ္ပါတယ္။

စည္းကမ္း မလိုက္နာရင္ လည္း ေနာက္ကေန အေရးယူမႈေတြ လာနိုင္တယ္ ဆိုတာ ကို က်မအေနနဲ႔ ေျပာတာ ျဖစ္ပါတယ္။ ဒါက ေတာ့ အေရးယူမွာ ျဖစ္ပါတယ္” လို႔ ေဒါက္တာခင္ခင္ႀကီး က ေျပာပါတယ္။

သတ္မွတ္ထားသည့္ ကာလ အတြင္း ျပည္သူေတြ ေနအိမ္မွာ ေနထိုင္ ဖို႔ ပန္ၾကားခ်က္ကို ထုတ္ျပန္သြားေရး အတြက္ (ကိုဗစ္ ၁၉ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသား အဆင့္ ဗဟိုေကာ္မတီ အစည္းအေဝးမွာ ေဆြးေႏြးခဲ့တယ္ လို႔ နိုဝင္ဘာ (၁၇)ရက္က နိုင္ငံေတာ္ အတိုင္ပင္ခံ႐ုံး ထုတ္ျပန္ခ်က္ အရ သိရပါတယ္။
နိုဝင္ဘာ ၁၇ ရက္ က အစည္းအေဝးမွာ ကိုဗစ္ကူးစက္မႈ ျမင့္တက္နိုင္ ေခ်ရွိသျဖင့္ နို၀င္ဘာ ၂၁ မွ ဒီဇင္ဘာ ၅ ရက္ေန႔ အထိ အိမ္မွာသာ ေနရန္ ပန္ၾကားခ်က္ထုတ္ျပန္ရန္ ၊ စိုးရိမ္ရတဲ့ လူနာျဖစ္ရင္ မိသားစု၊ ေဆြမ်ိဳးထဲ ကေန လူနာေစာင့္ (၁)ဦး လိုက္ပါခြင့္ျပဳဖို႔၊ Stay at Home မဟုတ္ တဲ့ ၿမိဳ႕နယ္ေတြမွာ A အဆင့္ သတ္မွတ္ခံရတဲ့ စားေသာက္ဆိုင္၊ လက္ဖက္ရည္ဆိုင္ ေတြကို နိုဝင္ဘာလ ကုန္မွာ ျပန္ဖြင့္ ခြင့္ျပဳရန္။

Stay Home မသတ္ မွတ္ထား တဲ့ ၿမိဳ႕ေတြက တန္ခိုးႀကီး ဘုရား၊ ေစတီေတြကို တေန႔ (၂) ႀကိမ္ လူဦးေရ ကန႔္သတ္ခ်က္ ျဖင့္ ျပန္လည္ဖူး ေမၽွာ္ခြင့္ျပဳရန္၊ ခရစ္စမတ္ ပြဲေတာ္ နဲ႔ ႏွစ္သစ္ကူးညေတြ ဘုရားေက်ာင္း ေတြမွာ လူ(၅၀) ထက္ မပိုေစပဲ ၀တ္ျပဳဆုေတာင္းခြင့္ျပဳဖို႔၊ ေဖ်ာ္ေျဖေရးအစီအစဥ္ေတြကို ႐ုပ္ျမင္သံၾကား ကေန တိုးျမႇင့္ထုတ္ လႊင့္ဖို႔နဲ႔ ကညနလုပ္ငန္းေတြ ျပန္လည္ ဖြင့္လွစ္နိုင္ဖို႔ စီစဥ္ၾကရန္ စတဲ့အခ်က္ေတြကို ေဆြးေႏြးတိုင္ပင္ခဲ့ၾကတယ္လို႔ သိရပါတယ္။