ဂန့်ဂေါမြို့နယ်မှာ အသုဘက အပြန် သုံးဘီးမှောက်ပြီး ၃ ယောက်ပွဲချင်းပြီးသေဆုံး(နောက်ဆုံးခရီးသွားခဲ့ကြသူများ)

Posted on

နိုဝင်ဘာလ( ၂၁)ရက်နေ့က မကွေး တိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ဘော်ပြင်းကျေးရွာ အနီး ညောင်ထုံးလမ်းဆင်း(ဂန့်ဂေါ-ကလေးကားလမ်း)တွင် တစ်ဖက်ရွာ အသုဘသွားပို့ပြီး ပြန်လာသော သုံးဘီးဆိုင်ကယ် တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါတယ်။ သုံးဘီးယာဉ် တိမ်းမှောက်မှုကြောင့် သုံးဘီးမောင်း သူ အပါအဝင် ၃ ဦး သေဆုံးခဲ့ ပြီး ၁၃ ဦးဒဏ်ရာရရှိခဲ့ကာ ၎င်းတို့အား ဂန့်ဂေါဆေးရုံသို့ ပို့ဆောင်ခဲ့ပါတယ်။

ဘော်ပြင်းကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစောမောင် က ‘ လမ်းဆင်းက ရှည်တော့ သုံးဘီးက အရှိန်လွန်ပြီး တံတားဘောင်နဲ့ တိုက်မိကာ ချောင်းထဲကို ထိုးကျသွားတဲ့ သဘောရှိတယ်။ တံတားနဲ့ လမ်းက တံတောင်ဆစ်ကွေ့လို ဖြစ်နေတယ် အဲဒီလမ်းဆင်း က ခဏခဏ ယာဉ်မတော်တဆမှု တွေ ဖြစ်တယ်။ ဖြစ်တိုင်း လည်း သေဆုံးမှုတွေ ရှိတယ်။ သက်ဆိုင်ရာက ပြန်ပြီး စစ်ဆေးပေးဖို့လိုတယ်။ ယာဉ် မတော်တဆမှု ကိုတော့ လောလောဆယ် ရဲတပ်ဖွဲ့ က လိုအပ်တာတွေ လုပ်ဆောင် နေသလို လူမှုရေး အသင်းတွေက လည်း ဆေးရုံပို့ပေး တာတွေ ပြုလုပ်နေပါတယ်’ ဟု ပြောပြခဲ့ပါတယ်။

အဆိုပါ တိမ်းမှောက် ခဲ့တဲ့ သုံးဘီးယာဉ်က မြောက်ခင်ရန်း ကျေးရွာက ဖြစ်ပြီး မောက်ကျေးရွာ အသုဘက အပြန်မှာ အခုလို လမ်းဆင်းတွင် အရှိန်လွန်ကာ မှောက်သွားခဲ့ခြင်း ဖြစ်ခဲ့တာပါ။

“တချို့ကတော့ ဒဏ်ရာပြင်းထန်တာတွေလည်းပါတယ်။ သူတို့ကိုတော့ ဂန့်ဂေါဆေးရုံမှာ အော်ပရေးရှင်းလုပ်နေတယ်။ စိုင်ဒူး၊ ကျော်ရွာ၊ ထယ်လှော်၊ ကန်၊ ဘော်ပြင်း၊ တောင်ယာပြင် တို့က လူမှုကူညီရေးအသင်းတွေက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး နေကြပါတယ်။”လို့ ဘော်ပြင်းရွာမှ အာရုဏ်ဦး လူမှုကူညီရေး အသင်း ယာဉ်မောင်း ကို စိုးထက်အောင် ၏ ပြောပြချက်အရ သိရပါတယ်။

Zawgyi

နိုဝင္ဘာလ( ၂၁)ရက္ေန႔က မေကြး တိုင္းေဒသႀကီး၊ ဂန႔္ေဂါၿမိဳ႕နယ္၊ ေဘာ္ျပင္းေက်းရြာ အနီး ေညာင္ထုံးလမ္းဆင္း(ဂန႔္ေဂါ-ကေလးကားလမ္း)တြင္ တစ္ဖက္ရြာ အသုဘသြားပို႔ၿပီး ျပန္လာေသာ သုံးဘီးဆိုင္ကယ္ တိမ္းေမွာက္မႈျဖစ္ပြားခဲ့ပါတယ္။ သုံးဘီးယာဥ္ တိမ္းေမွာက္မႈေၾကာင့္ သုံးဘီးေမာင္း သူ အပါအဝင္ ၃ ဦး ေသဆုံးခဲ့ ၿပီး ၁၃ ဦးဒဏ္ရာရရွိခဲ့ကာ ၎တို႔အား ဂန႔္ေဂါေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ပါတယ္။

ေဘာ္ျပင္းေက်းရြာ အုပ္ခ်ဳပ္ေရးမႉးျဖစ္သူ ဦးေစာေမာင္ က ‘ လမ္းဆင္းက ရွည္ေတာ့ သုံးဘီးက အရွိန္လြန္ၿပီး တံတားေဘာင္နဲ႔ တိုက္မိကာ ေခ်ာင္းထဲကို ထိုးက်သြားတဲ့ သေဘာရွိတယ္။ တံတားနဲ႔ လမ္းက တံေတာင္ဆစ္ေကြ႕လို ျဖစ္ေနတယ္ အဲဒီလမ္းဆင္း က ခဏခဏ ယာဥ္မေတာ္တဆမႈ ေတြ ျဖစ္တယ္။ ျဖစ္တိုင္း လည္း ေသဆုံးမႈေတြ ရွိတယ္။ သက္ဆိုင္ရာက ျပန္ၿပီး စစ္ေဆးေပးဖို႔လိုတယ္။ ယာဥ္ မေတာ္တဆမႈ ကိုေတာ့ ေလာေလာဆယ္ ရဲတပ္ဖြဲ႕ က လိုအပ္တာေတြ လုပ္ေဆာင္ ေနသလို လူမႈေရး အသင္းေတြက လည္း ေဆး႐ုံပို႔ေပး တာေတြ ျပဳလုပ္ေနပါတယ္’ ဟု ေျပာျပခဲ့ပါတယ္။

အဆိုပါ တိမ္းေမွာက္ ခဲ့တဲ့ သုံးဘီးယာဥ္က ေျမာက္ခင္ရန္း ေက်းရြာက ျဖစ္ၿပီး ေမာက္ေက်းရြာ အသုဘက အျပန္မွာ အခုလို လမ္းဆင္းတြင္ အရွိန္လြန္ကာ ေမွာက္သြားခဲ့ျခင္း ျဖစ္ခဲ့တာပါ။

“တခ်ိဳ႕ကေတာ့ ဒဏ္ရာျပင္းထန္တာေတြလည္းပါတယ္။ သူတို႔ကိုေတာ့ ဂန႔္ေဂါေဆး႐ုံမွာ ေအာ္ပေရးရွင္းလုပ္ေနတယ္။ စိုင္ဒူး၊ ေက်ာ္ရြာ၊ ထယ္ေလွာ္၊ ကန္၊ ေဘာ္ျပင္း၊ ေတာင္ယာျပင္ တို႔က လူမႈကူညီေရးအသင္းေတြက ဝိုင္းဝန္းကူညီ ေဆာင္ရြက္ေပး ေနၾကပါတယ္။”လို႔ ေဘာ္ျပင္းရြာမွ အာ႐ုဏ္ဦး လူမႈကူညီေရး အသင္း ယာဥ္ေမာင္း ကို စိုးထက္ေအာင္ ၏ ေျပာျပခ်က္အရ သိရပါတယ္။