ကာကွယ်ဆေး အသစ်အား ကမ္ဘာတစ်လွှား ဖြန့်ဝေရာတွင် ညီမျှမှုရှိစေရေးအတွက် WHO မှ ပန်ကြားခဲ့

Posted on

မကြာခင် ထွက်ပေါ်လာတော့မည့် ကိုဗစ် ၁၉ ကာကွယ်ဆေး အသစ်အား ကမ္ဘာတစ်လွှား ဖြန့်ဝေရာတွင် ညီမျှမှုရှိစေရေးအတွက် WHO မှ ပန်ကြားခဲ့

အမေရိကန် FDA သို့ အတည်ပြု ပေးဖို့ တင်သွင်းထား တဲ့ အမေရိကန်ဆေး ကုမ္ပဏီ Pfizer နဲ့ ဂျာမဏီက BioNTech တို့ ရဲ့ ကိုဗစ် ၁၉ ကာကွယ်ဆေး အပါအဝင် ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေး ထုတ်လုပ်မှုတွင် လတ်တလော အောင်မြင် တိုးတက်မှုရှိလာ ကြတဲ့ အတွက် WHO အကြီး အကဲ Tedros Adhanom Ghebreyesus မှ တနင်္လာနေ့ တွင် ပြုလုပ်ခဲ့တဲ့ ဂျနီဗာ သတင်းစာ ရှင်းလင်း ပွဲမှာ ဂုဏ်ပြုချီး ကြူးလိုက် ပါတယ်။

ကာကွယ်ဆေးများ ထုတ်လုပ်ခဲ့မှု တွင် အခု လို ကာကွယ်ဆေး တစ်မျိုး ကို အမြန်ဆုံး စမ်းသပ် ထုတ်နိုင်တာ ပထမဆုံး ဖြစ်ကြောင်း ပြောပါတယ်။ သို့သော်လည်း ၎င်း ကိုဗစ် ၁၉ ကာကွယ် ဆေး အသစ် ကို ကမ္ဘာတစ်လွှား ဖြန့်ဝေရာ မှာ တန်းတူညီမျှမှု ရှိအောင် စံအသစ် သတ်မှတ်ရမှာ ဖြစ်ပြီး နိုင်ငံ့အစိုးရတိုင်းက သူတို့နိုင်ငံအတွက်ပဲ ဦးစားပေးချင်မှာ ဖြစ်ပေမယ့် ဆင်းရဲတဲ့ နိုင်ငံတွေမှာပါ ရရှိအောင်လုပ်ဖို့လည်း အခုလိုပန်ကြားခဲ့ပါတယ်။

“ကာကွယ် ဆေး ထုတ်နိုင် ဖို့ အရေး တကြီး လုပ်ဆောင်ခဲ့ ရ သလိုပဲ ဒီဆေးကို မျှမျှတတ ဖြန့်ဝေ ပေးဖို့လည်း အလားတူ အရေးအကြီး လုပ်ဆောင်ရမှာ ဖြစ် ကြောင်း ပြောကြား ခဲ့တာပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဟာ တခြား အဖွဲ့အစည်း တွေနဲ့ ပူးပေါင်းပြီး ဒီ ရောဂါ အတွက် အရှိန်မြှင့် ဆောင်ရွက် မယ့် Access to COVID-19 Tools (ACT) အစီစဉ် ကို ယခုနှစ်ဆန်းပိုင်းတွင် ချမှတ်ခဲ့သလို COVAX ခေါ် ကာကွယ်ဆေး မျှမျှ တတ ရရှိ အောင် လုပ်ဆောင် ဖို့ ပူးပေါင်း ဆောင်ရွက် တဲ့ အဖွဲ့ကို ဖွဲ့စည်းခဲ့ ပြီး ယခုလက်ရှိ ချိန်တွင် ၎င်း အဖွဲ့ထဲမှာ နိုင်ငံပေါင်း ၁၈၇ နိုင်ငံ ပါဝင်လာပြီ ဖြစ်ကြောင်းလည်း WHO အကြီး အကဲက ပြောပါတယ်။

Crd.

Zawgyi

အေမရိကန္ FDA သို႔ အတည္ျပဳ ေပးဖို႔ တင္သြင္းထားတဲ့ အေမရိကန္ေဆး ကုမၸဏီ Pfizer နဲ႔ ဂ်ာမဏီက BioNTech တို႔ ရဲ့ ကိုဗစ္ ၁၉ ကာကြယ္ေဆး အပါအဝင္ ကိုဗစ္ ၁၉ ေရာဂါ ကာကြယ္ေဆး ထုတ္လုပ္မႈတြင္ လတ္တေလာ ေအာင္ျမင္တိုးတက္မႈရွိ လၾကတဲ့ အတြက္ WHO အႀကီး အကဲ Tedros Adhanom Ghebreyesus မွ တနလၤာေန႔တြင္ ျပဳလုပ္ခဲ့တဲ့ ဂ်နီဗာ သတင္းစာ ရွင္းလင္း ပြဲမွာ ဂုဏ္ျပဳခ်ီး ၾကဴးလိုက္ပါတယ္။

ကာကြယ္ေဆးမ်ား ထုတ္လုပ္ခဲ့မႈ တြင္ အခု လို ကာကြယ္ေဆး တစ္မ်ိဳး ကို အျမန္ဆုံး စမ္းသပ္ ထုတ္နိုင္တာ ပထမဆုံး ျဖစ္ေၾကာင္း ေျပာပါတယ္။ သို႔ေသာ္လည္း ၎ ကိုဗစ္ ၁၉ ကာကြယ္ ေဆး အသစ္ ကို ကမၻာတစ္လႊား ျဖန႔္ေဝရာ မွာ တန္းတူညီမၽွမႈ ရွိေအာင္ စံအသစ္ သတ္မွတ္ရမွာ ျဖစ္ၿပီး နိုင္ငံ့အစိုးရတိုင္းက သူတို႔နိုင္ငံအတြက္ပဲ ဦးစားေပးခ်င္မွာ ျဖစ္ေပမယ့္ ဆင္းရဲတဲ့ နိုင္ငံေတြမွာပါ ရရွိေအာင္လုပ္ဖို႔လည္း အခုလိုပန္ၾကားခဲ့ပါတယ္။

“ကာကြယ္ ေဆး ထုတ္နိုင္ ဖို႔ အေရး တႀကီး လုပ္ေဆာင္ခဲ့ ရ သလိုပဲ ဒီေဆးကို မၽွမၽွတတ ျဖန႔္ေဝ ေပးဖို႔လည္း အလားတူ အေရးအႀကီး လုပ္ေဆာင္ရမွာ ျဖစ္ ေၾကာင္း ေျပာၾကား ခဲ့တာပါ။

ကမၻာ့က်န္းမာေရးအဖြဲ႕ (WHO) ဟာ တျခား အဖြဲ႕အစည္း ေတြနဲ႔ ပူးေပါင္းၿပီး ဒီ ေရာဂါ အတြက္ အရွိန္ျမႇင့္ ေဆာင္ရြက္ မယ့္ Access to COVID-19 Tools (ACT) အစီစဥ္ ကို ယခုႏွစ္ဆန္းပိုင္းတြင္ ခ်မွတ္ခဲ့သလို COVAX ေခၚ ကာကြယ္ေဆး မၽွမၽွ တတ ရရွိ ေအာင္ လုပ္ေဆာင္ ဖို႔ ပူးေပါင္း ေဆာင္ရြက္ တဲ့ အဖြဲ႕ကို ဖြဲ႕စည္းခဲ့ ၿပီး ယခုလက္ရွိ ခ်ိန္တြင္ ၎ အဖြဲ႕ထဲမွာ နိုင္ငံေပါင္း ၁၈၇ နိုင္ငံ ပါဝင္လာၿပီ ျဖစ္ေၾကာင္းလည္း WHO အႀကီး အကဲက ေျပာပါတယ္။