ချော်တွင်းကုန်းလမ်းဆုံ တွင် YBS(၆) လိုင်းကားမှ လမ်းဖြတ်ကူးသူ တစ်ဦးအား တိုက်မိပြီး သေဆုံးမှုဖြစ်ပွားခဲ့

Posted on

ယမန်နေ့ (နိုဝင်ဘာ ၂၄ )က နံနက် ၉ နာရီကျော်ကျော် အချိန်တွင် မရမ်းကုန်းမြို့နယ် ၊ ကမ္ဘာအေးဘုရားလမ်း နှင့် ပါရမီလမ်းဆုံ(ချော်တွင်းကုန်းလမ်းဆုံ)တွင် လမ်းဖြတ်ကူး သူတစ်ဦး ယာဉ်တိုက် ခံရမှု ဖြစ်ပွား ကြောင်း သတင်းရရှိသဖြင့် ၎င်းနယ်မြေ ရှိ အမှတ်(၄၆ )ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှ ယာဉ်မှုစစ် အရာရှိ နှင့် အဖွဲ့ က သွားရောက် စစ်ဆေးခဲ့ကြောင်း သိရပါသည်။

ယာဥ်တိုက်မှု ဖြစ်စဥ်တွင် ယာဉ်မောင်း ဆန်းလင်း(၄၇) နှစ် တောင်ဒဂုံမြို့နယ် နေထိုင်သူ မောင်းနှင်လာသည့် YBS(၆) (HUYNDA အမျိုးအစား) ခရီးသည် တင် လိုင်းကားသည် ကမ္ဘာအေး ဘုရားလမ်းမှ မောင်းနှင်လာပြီး ပါရမီလမ်း ဘက်(ဝဲဘက်) သို့ ချိုးကွေ့ မောင်းနှင်စဉ် ပါရမီလမ်းပေါ် မီးပွိုင့်ထိပ် လူကူး မျဉ်းကြား မှ လမ်းဖြတ်ကူး နေသော ဦးစိုးသန်း (၈၃)နှစ် တောင်ဥက္ကလာပ မြို့နယ်(၁၄/၂ )ရပ်ကွက် နေထိုင်သူ အား ဝင်ရောက် တိုက်မိခဲ့ခြင်း ဖြစ်သည် ။

လမ်းဖြတ်ကူးသူ ဦးစိုးသန်း တွင် ၎င်းလိုင်းကားဖြင့် အတိုက်ခံရပြီး ဦးခေါင်းနောက်စေ့ စုတ်ပြဲဒဏ်ရာ၊ ယာဘက် မျက်ခုံးရောင်ရမ်းဒဏ်ရာ ၊ယာဘက်ပါးရောင်ဒဏ်ရာ ၊နားထင် ညိုမဲဒဏ်ရာ များရရှိခဲ့ပြီး ရန်ကုန်ပြည်သူ့ ဆေးရုံကြီး သို့ တင်ပို့ ကုသစဉ် သေဆုံးသွားခဲ့သဖြင့် YBS(၆) ယာဉ်မောင်း ဆန်းလင်းကို အရေး ယူပေးပါရန် တိုင်ကြားခဲ့သည် ။

ထို့အတွက်ကြောင့်YBS(၆) ယာဉ်မောင်းဖြစ်သူ ဆန်းလင်း(၄၇)နှစ် အား မရမ်းကုန်း မြို့မရဲစခန်း မှ (ပ) ၃၂/၂၀၂၀ ၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ-၃၀၄ (က) အရ အမှုဖွင့် အရေးယူ ထားကြောင်းသိရသည် ။ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၄ (က) သည် ယာဉ် တိုက်မှုဖြစ်ရာတွင် လူသေမှု ဖြစ်သဖြင့် တရားစွဲဆို အရေးယူသည့် အမှု ဖြစ်ပြီး အဆိုပါ အမှုများသည် မတော်တဆ ဖြစ်သော အမှုအမျိုး အစား ဖြစ်ပါသည်။

Zawgyi

ယမန်နေ့ (နိုဝင်ဘာ ၂၄ )က နံနက် ၉ နာရီကျော်ကျော် အချိန်တွင် မရမ်းကုန်းမြို့နယ် ၊ ကမ္ဘာအေးဘုရားလမ်း နှင့် ပါရမီလမ်းဆုံ တွင် လမ်းဖြတ်ကူး သူတစ်ဦး ယာဉ်တိုက် ခံရမှု ဖြစ်ပွား ကြောင်း သတင်းရရှိသဖြင့် ၎င်းနယ်မြေ ရှိ အမှတ်(၄၆ )ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှ ယာဉ်မှုစစ် အရာရှိ နှင့် အဖွဲ့ က သွားရောက်စစ်ဆေးခဲ့ ကြောင်းသိရပါသည်။

အဆိုပါ လမ်းဆုံ နေရာတွင် ၊ ယာဉ်မောင်း ဆန်းလင်း(၄၇) နှစ် တောင်ဒဂုံမြို့နယ် နေထိုင်သူ မောင်းနှင်လာသည့် YBS(၆) (HUYNDA အမျိုးအစား) ခရီးသည်တင် လိုင်းကားသည် ကမ္ဘာအေး ဘုရားလမ်းမှ မောင်းနှင်လာပြီး ပါရမီလမ်း ဘက်(ဝဲဘက်) သို့ ချိုးကွေ့ မောင်းနှင်စဉ် ပါရမီလမ်းပေါ် မီးပွိုင့်ထိပ် လူကူး မျဉ်းကြား မှ လမ်းဖြတ်ကူး နေသော ဦးစိုးသန်း (၈၃)နှစ် တောင်ဥက္ကလာပ မြို့နယ်(၁၄/၂ )ရပ်ကွက် နေထိုင်သူ အား ဝင်ရောက် တိုက်မိခဲ့ခြင်း ဖြစ်သည် ။

