တစ်နှစ်ခွဲ အရွယ် ညီမလေး ပုရွက်ဆိတ်ကိုက်လို့ ဆေးရုံကို ခေါ်လာပြတဲ့ (၅)နှစ် အရွယ် အစ်မဖြစ်သူ

Posted on

အစ်မကြီးတော့ အမိအရာ ဆိုတာ ကြား ဖူးခဲ့ တာပါပဲ ဒါမျိုး နေမှာပါ လေ။ လူနာ က ကလေးက (၁) နှစ်ခွဲ၊ လူနာစောင့် က (၅) နှစ် လောက် ရှမ်းစကားလဲ ပြောတက်မယ့် ပုံ မပေါက်ဘူး၊

ဆေးရုံကို ခေါ်လာတုန်း က နိုးလို့ မရ ပျော့ခွေနေတဲ့ ညီမလေးနဲ့အင်္ကျီကြယ်သီးမပါတဲ့ မမပေါ့၊ နိုးလာတော့ အချိုရည်လေးအငမ်းမရ သောက်၊ ညီမလေးလဲသောက် အစ်မကြီးလဲသောက်၊ သူ့ညီမလေးအားရှိပြီး ကောင်းကောင်းမွန်မွန် နိုးလာတော့ ပျော်နေရှာတဲ့ အစ်မဖြစ်သူ မျက်နှာလေး ပြုံးရွှင်နေတာပဲ။

သူ့ ညီမလေး ပုရွတ်ဆိတ်ကိုက် လို့ဆိုပြီး အသက် (၁)နှစ်ခွဲအရွယ်ကလေးလေးကို (၅)နှစ်အရွယ် အစ်မဖြစ်သူ က ဆေးရုံခေါ်လာတာ၊ နေ့လယ်စာလဲ မစားရသေးဘူးနဲ့တူပါရဲ့၊ မုန့်ဝယ်ကျွေးတော့ အားရပါးရ စားကြတာ၊ ကိုယ်တွေတောင် သွားရည်တွေ ကျလို့ဗျာ၊ ဒီညီအစ်မလေးနှစ်ယောက်ရဲ့ သံယောဇဥ်ကို မြင်ရတာ အမေနဲ့သမီးလိုမျိုး အသက်ရွယ်နဲ့ မလိုက်အောင် အစ်မ ပီသလှပါပေတယ်။

Zawgyi

အစ္မႀကီးေတာ့ အမိအရာ ဆိုတာ ၾကား ဖူးခဲ့ တာပါပဲ ဒါမ်ိဳး ေနမွာပါ ေလ။ လူနာ က ကေလးက (၁) ႏွစ္ခြဲ၊ လူနာေစာင့္ က (၅) ႏွစ္ ေလာက္ ရွမ္းစကားလဲ ေျပာတက္မယ့္ ပုံ မေပါက္ဘူး၊

ေဆး႐ုံကို ေခၚလာတုန္း က နိုးလို႔ မရ ေပ်ာ့ေခြေနတဲ့ ညီမေလးနဲ႔အကၤ်ီၾကယ္သီးမပါတဲ့ မမေပါ့၊ နိုးလာေတာ့ အခ်ိဳရည္ေလးအငမ္းမရ ေသာက္၊ ညီမေလးလဲေသာက္ အစ္မႀကီးလဲေသာက္၊ သူ႔ညီမေလးအားရွိၿပီး ေကာင္းေကာင္းမြန္မြန္ နိုးလာေတာ့ ေပ်ာ္ေနရွာတဲ့ အစ္မျဖစ္သူ မ်က္ႏွာေလး ျပဳံးရႊင္ေနတာပဲ။

သူ႔ ညီမေလး ပုရြတ္ဆိတ္ကိုက္ လို႔ဆိုၿပီး အသက္ (၁)ႏွစ္ခြဲအရြယ္ကေလးေလးကို (၅)ႏွစ္အရြယ္ အစ္မျဖစ္သူ က ေဆး႐ုံေခၚလာတာ၊ ေန႔လယ္စာလဲ မစားရေသးဘူးနဲ႔တူပါရဲ့၊ မုန႔္ဝယ္ေကၽြးေတာ့ အားရပါးရ စားၾကတာ၊ ကိုယ္ေတြေတာင္ သြားရည္ေတြ က်လို႔ဗ်ာ၊ ဒီညီအစ္မေလးႏွစ္ေယာက္ရဲ့ သံေယာဇဥ္ကို ျမင္ရတာ အေမနဲ႔သမီးလိုမ်ိဳး အသက္ရြယ္နဲ႔ မလိုက္ေအာင္ အစ္မ ပီသလွပါေပတယ္။

Crd.