နှစ်သစ်ကူး ကာလမှာ ဖြေလျှော့ပေးနိုင်တာ ပေးမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ပြော(ရုပ်သံ) Trending News

Posted on

မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ပိုးစတင် တွေ့ရှိခဲ့ တာ (၈)လပြည့်ပြီး ရက်ပိုင်းကျော်လွန် လာခဲ့ပြီး ဖြစ်ပါတယ်။ (၈)လ ကျော် ကာလအတွင်း ကိုဗစ် ၁၉ အတည်ပြု လူနာပေါင်း (၈)သောင်းကျော် (၈၀,၅၀၅ ယောက်)ထိ ရှိနေခဲ့သည်။

ကိုဗစ် ၁၉ ကူးစက်မှု လျော့ကျစေရန် အစိုးရမှ တားမြစ်ချက် စည်းမျဥ်း၊ စည်းကမ်းများ ထုတ်ပြန်ထားသည့် အပေါ်တွင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ည(၈)နာရီ မိန့်ခွန်း တွင် “ဖြေလျှော့ပေးနိုင်တဲ့ ကိစ္စတွေအားလုံး ဖြေလျှော့ပေးပါမယ်

နှစ်သစ်ကူးကာလရောက် တော့မယ် အချိန်မှာ အထူး အစီ အစဉ်တွေ အနေနဲ့ ဘာတွေ လုပ်သွားမလဲ ဆိုတာ ပြည်သူတွေသိအောင် မှန်မှန်ပြော သွားမယ်” လို့ ပြောကြား သွားခဲ့ပါတယ်။

လက်ရှိ အချိန်ထိ ကူးစက်မှုများ ရှိနေသေးသည့် အတွက် နိုင်ငံတော် အစိုးရမှ လူစုလူဝေးများ မပြုလုပ် ကြရန်နှင့် ပွဲတော်များ ကျင်းပခြင်းကို တားမြစ်ထားခဲ့တာပါ။

Video Credit: DVB

zawgyi


