တရုတ်ပြည်ထုတ် ဒယ်အိုးများတွင် ကျောက်ကပ်ကို ထိခိုက်စေသည့် ခဲအဆိပ်များ ပါဝင်နေ

Posted on

တရုတ်ပြည်မှ ဒယ်အိုးလုပ်ငန်းများတွင် ဓါတုဗေဒအရည်များ ထည့်သုံးသည့် ပီပါ သံပြားများဖြင့် “ခဲအဆိပ်ပါ” အကြော် အိုး များ ပြုလုပ်နေ ကြောင်း တရုတ်အစိုးရပိုင် စီစီတီဗီ သတင်းဌာန မှ ဖော်ပြခဲ့ပါတယ်။ ဈေးပေါပေါဖြင့် ဝယ်ရသော သံပြားများ၊ ဟင်းကြော်အိုး များအား စီစီတီဗွီ သတင်း ဌာနမှ သတင်းထောက်များ က လျှို့ဝှက်လေ့ လာရာ မှ အဆိုပါ ပြဿနာ ကြီး တစ်ရပ်အား ၎င်းသတင်းဌာနမှ အများသိအောင် ဖော်ထုတ်ပေး နိုင်ခဲ့ပါတယ်။

လူ့ခန္ဓာကိုယ်ရဲ့ အဓိက ကျောက်ကပ်များကို ထိခိုက်ပျက်စီးစေနိုင်မည့် ခဲအဆိပ် တက်တတ်သော ဟင်းကြော်အိုးများသည် ဈေးကွက်တွင် စျေးသက်သာစွာ ဝယ်ယူရရှိနေသော်လည်း နောက်ကွယ်တွင် ဒယ်အိုးများပြုလုပ်ရာ၌ သံပြားအသစ် များ ထက် တရုတ်ယွမ်ငွေ ထောင်ပေါင်းများစွာ သက်သာစေ နိုင် မည့် ဓါတုဗေဒ အရည်များ ထည့်သွင်းသို လှောင်သည့် ပီပါများအား အသုံးပြုကြ သည်ဟု ဆိုပါတယ်။

အဆိုပါ ဓါတုရည်ထည့်သုံးသည့် ပီပါပိုင်း တစ်လုံးအား ဖြတ်တောက် ၍ အကြော်အိုး(၁၀)ခု မက ထုတ်လုပ်နိုင် ပြီး ရွာတစ်ရွာထဲ ၌ပင် အဆိုပါ အိုးမျိုးအား တစ်နှစ်လျှင် အလုံးရေ (၅)သိန်း အထိ ထုတ်လုပ်နိုင်ကြောင်း စီစီတီဗီသတင်းဌာန မှဖော်ပြခဲ့ပါသည်။

Roland Zhang (S.S.M)

Zawgyi


လူ့ခန္ဓာကိုယ်ရဲ့ အဓိက ကျောက်ကပ်များကို ထိခိုက်ပျက်စီးစေနိုင်မည့် ခဲအဆိပ် တက်တတ်သော ဟင်းကြော်အိုးများသည် ဈေးကွက်တွင် ဈေးသက်သာစွာ ဝယ်ယူရရှိနေသော်လည်း နောက်ကွယ်တွင် ဒယ်အိုးများပြုလုပ်ရာ၌ သံပြားအသစ် များ ထက် တရုတ်ယွမ်ငွေ ထောင်ပေါင်းများစွာ သက်သာစေ နိုင် မည့် ဓါတုဗေဒ အရည်များ ထည့်သွင်းသို လှောင်သည့် ပီပါများအား အသုံးပြုကြ သည်ဟု ဆိုပါတယ်။


Roland Zhang (S.S.M)