ရန်ကုန်အတွင်းရှိ မဲရုံတွေမှာ တာဝန်ကျခဲ့ သော အလယ်တန်းပြ ဆရာမ ၂ ဦး ကိုဗစ် ၁၉ ရောဂါဖြင့်ကွယ်လွန်

Posted on

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မဲရုံ‌တွေမှာ တာဝန်ထမ်း ဆောင်ခဲ့တဲ့ ဆရာမ ၂ ဦးသည် ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသွား ခဲ့ပြီလို့ သိရပါတယ်။

အဆိုပါ ကိုဗစ် ၁၉ ကူးစက်ခံရပြီး သေဆုံးသွားခဲ့ သည် ဆရာမ(၂)ဦး မှာ သန်လျင်မြို့နယ်၊ အမက(ဖို့မြေ)မှ အလယ်တန်းပြဆရာမ တစ်ဦးနှင့် ဗိုလ်တထောင် မြို့နယ်၊ အထက(၂)က အလယ်တန်းပြ ဆရာမ တစ်ဦး တို့ ဖြစ်ကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ဆရာမများ အဖွဲ့ချုပ် ထံမှ သိရှိရပါတယ်။

လက်ရှိမှာတော့ သေဆုံးသွားတဲ့ ဆရာမနှစ်ယောက် တာဝန်ထမ်းဆောင်ခဲ့တဲ့ သက်ဆိုင်ရာ မဲရုံတွေနဲ့ အသေးစိတ် အချက်အလက် တွေ ကိုတော့ စုံစမ်းနေဆဲ ဖြစ်တယ်လို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူး ဒေါက်တာ ဇော်မျိုးလှိုင် မှ ပြောပါတယ်။

နိုဝင်ဘာလ (၂၆)ရက်‌နေ့ အထိ ကို‌ဗစ် ၁၉ ပိုးကူးစက်ခံ ထားရတဲ့ အတည်ပြုလူနာ ဆရာ/ဆရာမ ၅၀ ကျော် ရှိသွားပြီလို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က စုံစမ်းရယူထားတဲ့ စာရင်းတွေအရ သိရှိရပါတယ်။

Zawgyi

၂၀၂၀ ျပည့္ႏွစ္ အေထြေထြ ေရြးေကာက္ပြဲတြင္ ရန္ကုန္တိုင္းေဒသႀကီး အတြင္းရွိ မဲ႐ုံ‌မွာ တာဝန္ထမ္း ေဆာင္ခဲ့တဲ့ ဆရာမ ၂ ဦး ကိုဗစ္ ၁၉ ေရာဂါ ကူးစက္ခံရမႈေၾကာင့္ ေသဆုံးသြား ခဲ့ၿပီလို႔ သိရပါတယ္။

အဆိုပါ ကိုဗစ္ ၁၉ ကူးစက္ခံရၿပီး ေသဆုံးသြားခဲ့သည္ ဆရာမ(၂)ဦး မွာ သန္လ်င္ၿမိဳ႕နယ္၊ အမက(ဖို႔ေျမ)မွ အလယ္တန္းျပဆရာမ တစ္ဦးႏွင့္ ဗိုလ္တေထာင္ၿမိဳ႕နယ္၊ အထက(၂)က အလယ္တန္းျပဆရာမ တစ္ဦး တို႔ ျဖစ္ေၾကာင္း ျမန္မာနိုင္ငံလုံး ဆိုင္ရာ ဆရာ၊ဆရာမမ်ားအဖြဲ႕ခ်ဳပ္ ထံမွ သိရွိရပါတယ္။

လက္ရွိမွာေတာ့ ေသဆုံးသြားတဲ့ ဆရာမႏွစ္ေယာက္ တာဝန္ထမ္းေဆာင္ခဲ့တဲ့ သက္ဆိုင္ရာ မဲ႐ုံေတြနဲ႔ အေသးစိတ္ အခ်က္အလက္ေတြ ကိုေတာ့ စုံစမ္းေနဆဲ ျဖစ္တယ္လို႔ ျမန္မာနိုင္ငံလုံးဆိုင္ရာ ဆရာ၊ဆရာမမ်ား အဖြဲ႕ခ်ဳပ္ရဲ့ အတြင္းေရးမႉး ေဒါက္တာ ေဇာ္မ်ိဳးလွိုင္ မွ ေျပာပါတယ္။

နိုဝင္ဘာလ (၂၆)ရက္‌ေန႔ အထိ ကို‌ဗစ္ ၁၉ ပိုးကူးစက္ခံ ထားရတဲ့ အတည္ျပဳလူနာ ဆရာ/ဆရာမ ၅၀ ေက်ာ္ ရွိသြားၿပီလို႔ ျမန္မာနိုင္ငံလုံး ဆိုင္ရာ ဆရာ၊ ဆရာမမ်ား အဖြဲ႕ခ်ဳပ္က စုံစမ္းရယူထားတဲ့ စာရင္းေတြအရ သိရွိရပါတယ္။