ကိုဗစ်ကာလ ညမထွက်ရ အမိန့် နဲ့ စျေးသည်များ ဘဝ

Posted on

မြန်မာနိုင်ငံတွင် လက်ရှိကြုံတွေနေရသော ကိုဗစ် ၁၉ ကူးစက်များကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များတွင် ကိုဗစ် ကူးစက်မှု ရပ်တန့်နိုင်အောင် ကျန်းမာရေးဝန်ကြီးဌာနမှ အမိန့်ကြေညာစာ တားမြစ်ချက်များအား ထုတ်ပြန်ထားရှိခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ကိုဗစ် ၁၉ ကာကွယ် တားဆီးရေးအတွက် ညမထွက်ရအမိန့် (ပုဒ်မ-၁၄၄)ထုတ် ပြန်ထားရာ မုံရွာမြို့အဝင်/အထွက် ဂိတ်များအားလုံးသည် ည(၁၂)နာရီမှ မနက် (၄) နာရီအထိ ပိတ်ထားကြောင်းသိရှိရပါသည်။

မုံရွာမြို့ ကန်သာယာယာယီဈေး သို့ နေ့စဉ်လာရောက် ရောင်းဝယ်ကြသော မြို့ပြင်ပ ကျေးလက်များမှ ဈေးရောင်း၊ ဈေးဝယ်များသည် မိမိတို့ရပ်ရွာတွင် အချိန်မီ ပြန်လည် ရောင်းချနိုင်ရေး အတွက် မုံရွာမြို့တွင် ညမထွက်ရအမိန့် (ပုဒ်မ-၁၄၄) ထုတ်ပြန်ထားသည့်အတွက်

ညဦးပိုင်း(၁၂)နာရီ မတိုင်ခင် ကတည်းက မုံရွာမြို့တွင်း သို့ လာရောက်၍ ညအိပ်ပြီး စျေးဝယ်ချိန်ကို စောင့်နေကြရကြောင်း သိရသည်။

Zawgyi



မုံရွာမြို့ ကန်သာယာယာယီဈေး သို့ နေ့စဉ်လာရောက် ရောင်းဝယ်ကြသော မြို့ပြင်ပ ကျေးလက်များမှ ဈေးရောင်း၊ ဈေးဝယ်များသည် မိမိတို့ရပ်ရွာတွင် အချိန်မီ ပြန်လည် ရောင်းချနိုင်ရေး အတွက် မုံရွာမြို့တွင် ညမထွက်ရအမိန့် (ပုဒ်မ-၁၄၄) ထုတ်ပြန်ထားသည့်အတွက် ညဦးပိုင်း(၁၂)နာရီ မတိုင်ခင် ကတည်းက မုံရွာမြို့တွင်း သို့ လာရောက်၍ ညအိပ်ပြီး ဈေးဝယ်ချိန်ကို စောင့်နေကြရကြောင်း သိရသည်။