မိန်းကလေးတိုင်း ဆံပင်ရှည်ထားပြီး မြန်မာ့ယဥ်ကျေးမှုကို ထိန်းသိမ်းထားတဲ့ ပျားစည်ရွာ

Posted on

တိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ မြန်မာ့ယဥ်ကျေးမှုတွေဟာ တဖြည်းဖြည်းနဲ့ မှေးမိန်လာခဲ့တာလည်း ဖြစ်ပါတယ် ဆံပင်တိုညှပ်ပြီး ခေတ်ပေါ်အလှပြင်ပစ္စည်းတွေကြောင့် မိန်းကလေးတွေ ကလည်း ပိုလှလာတယ်လို့ စိတ်ထဲစွဲထင်နေတဲ့ခေတ်..တဖက်မှာလည်း သနပ်ခါးဆိုတာ ပျောက်ကွယ် ကုန်ပါတယ်

တချို့ မိန်းကလေးတွေ ဆို ဆံပင်တိုညှပ် ဆေးဆိုး ကာလာရိုက်မှ လှတယ် ခေတ်မီတယ်လို့ ထင်နေကြတာပါ တကယ်တမ်းတော့ မြန်မာ့ယဥ်ကျေးမှုနဲ့ လိုက်ဖက်စွာ မြန်မာဆန်ဆန် ဆံပင်ရှည်နဲ့ သနပ်ခါးလေး လိမ်းပြီး သဘာဝအတိုင်းလှပနေတဲ့ မိန်းကလေးတွေရဲ့ အလှကမှ အလှစစ် ပါ။

မြန်မာမိန်းကလေးတွေအနေနဲ့ဆံပင်ရှည်ကို မြတ်နိုးတန်ဖိုးထားတဲ့ သူက အတော်ကို ရှားပါးလှတဲ့ ခေတ်ကြီးထဲမှာ မန္တလေးတိုင်း ရမည်းသင်းမြို့နယ် ပျားစည်ရွာက မြန်မာ မိန်းကလေးတွေဟာ တစ်ရွာလုံးနီးပါး ဆံပင်အရှည်ကြီးတွေ ထားကြတာပါ တစ်ရွာလုံးနီးပါး မိန်းကလေးတွေက မြန်မာဆန်ဆန် ဆံပင်ရှည်လေးတွေ နဲ့ မြန်မာ့ယဉ်ကျေးမှု ကို ထိန်းသိမ်းထား ကြတာပါ မြန်မာ ဆန်ဆန်လေးနဲ့ တကယ့်ကို ကျက်သရေ ရှိလှပါတယ် တကယ်လည်းလေးစားဖို့ကောင်းပါတယ်နော်

မြန်မာလူမျိုးတွေဖြစ်တဲ့ မိမိတို့မြန်မာ့ ယဉ်ကျေးမှုကို ထိန်းသိမ်းထားတဲ့ ရွာလေးနဲ့ မိန်းကလေးတွေ အတွက် ချီးကျူးစကားလေးတွေ ပြောပေးလိုက်ကြရအောင်ပါနော်။

Zawgyi



