ဆွမ်းဟင်း မပို့ကြလို့ သံဃာတွေ ကိုယ်တိုင်ချက်ပြုတ်ပြီး ဆွမ်းဘုဥ်းပေးရတဲ့ ရွာများ

Posted on

မြန်မာနိုင်ငံ မြေပြန့်ဒေသ တွေမှာရှိ တဲ့ ဗုဒ္ဓဘာသာ ရွာမှန်ရင် ဘုန်းကြီးကျောင်းတွေ အတွက် ဆွမ်းကွမ်းကိစ္စကို ဒကာဒကာမ တွေက တာဝန်ယူကြ တာဟာ တာဝန်တစ်ရပ်လို ဖြစ်နေတဲ့ အလှူဒါန တစ်ခုပါ။ ဘုန်းတော်ကြီးတွေ ရဲ့ ဆွမ်းကွမ်း ကိစ္စအတွက် ကို ဆွမ်းပို့ပေးပြီး တာဝန်ယူကြတာဟာ မြေပြန့်ဒေသ တွေမှာတော့ ဓလေ့ထုံးစံ တစ်ခုလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ချင်းပြည်နယ်မှ ာရှိတဲ့ တစ်ချို့သော ရွာလေးတွေမှ ာတော့ မြေပြန့်က သာသနာလာပြု တဲ့ ရဟန်းသံဃံတွေ ဟာ ဆွမ်းအတွက် ကိုယ်တိုင်ချက်ပြီး ဘုဉ်းပေးကြရ ပါတယ်။ ဒါကလည်း ချင်းပြည်နယ်မှာ သာသနာပြု တာဝန်ကျတဲ့ ရဟန်းတော်တွေအတွက် အထူးအဆန်းတော့ မဟုတ်ပါဘူး။

ချင်းပြည်နယ် တောင်ပိုင်း မြို့တွေဖြစ်တဲ့ ကန်ပက်လက်မြို့နယ်ထဲမှာဆို သာသနာပြုဌာနပေါင်း (၃၆)ဌာန ရှိပြီး မင်းတပ်မြို့နယ် ထဲမှာဆိုရင် သာသနပြု ဌာနပေါင်း (၅၀)ကျော် ရှိပါတယ်။ သာသနာပြုဌာနပေါင်း((၈၀) ကျော်ရှိတဲ့အထဲမှာ နယ်ခံ ချင်းလူမျိုးတွေ က ဆွမ်းမပို့လို့ ကိုယ်တိုင် ချက်ပြီး ဘုဉ်းပေးရ တဲ့ ရွာတွေက တော့ မြို့နယ်(၂)ခုပေါင်း (၅၀)ကျော် ရှိတာမို့ ၎င်း ရွာတွေမှာ ကျောင်းထိုင်ကြတဲ့ ရဟန်းသံဃာတွေ ကတော့ ဆွမ်းဟင်း ချက်တတ် သည်ဖြစ်စေ၊ မချက်တတ် သည်ဖြစ်စေ ချက်ပြုတ် နည်းကို သင်ယူ လေ့လာပြီး ဖြစ်သလို ချက်စားကြ ရပါတယ်

ဘုန်းကြီးကျောင်း တွေ အနေနဲ့ ဆွမ်းပို့ခြင်း မပို့ခြင်းက ဘယ်လိုကွာခြားမှုမျိုးရှိလာသလဲ ဆိုရင် ဆွမ်းမပို့တဲ့ ရွာတွေက သံဃာတော်တွေဟာ ဆွမ်းကွမ်း ချက်နေရတာ နဲ့တင်ကို မနက်ပိုင်း တစ်ခုလုံးဟာ ကုန်မှန်းမသိ ကုန်သွားပါတယ်။ ရွာသူရွာသား တွေကလည်း ဆွမ်းမပို့တော့ ကျောင်းကို အရောက် အပေါက် နည်းပြီးဗုဒ္ဓဘာသာ ရဟန်းသံဃာတွေ နဲ့ ထိတွေ့ခွင့် နည်းပါးတာ ကြောင့် လုံလောက် တဲ့ ခင်မင်ရင်းနှီးမှု၊ လုံလောက်တဲ့ ကြည်ညိုလေးစား မှုလည်း နည်းပါးလှပါတယ်။

ဒကာဒကာမများက ဆွမ်းပို့တဲ့ ရွာတွေမှာ ကြတော့ သံဃာတော်တွေ အနေနဲ့က ‘ဪ…ဒီရွာထဲက ဒကာဒကာမတွေ လှူဒါန်းတဲ့ ဆွမ်းကွမ်းကို အမှီပြုပြီး ငါ အသက်ရှင် ရပ်တည် နေရတယ်။ ငါ့အပေါ်မှာ ဒကာဒကာမ တွေရဲ့ ကျေးဇူးတွေ ရှိ တယ်။ ဒါကြောင့် ငါ နေချင် သလို နေဖို့ မသင့်ဘူး။ ငါ လုပ်ချင်တာ လုပ်ဖို့ မသင့်ဘူး။ငါ့အပေါ် ကျေးဇူးရှိလို့ သူတို့အပေါ်ကိုလည်း ပြန်ပြီး ကျေးဇူးပြုနိုင်ရင် ကောင်းမှာပဲ” ဆိုတဲ့ အတွေး တွေ ဟာ ရဟန်းတစ်ပါးရဲ့ စိတ်ကို ပိုပြီး ပီသ စေပါတယ်။

ဆွမ်းမပို့တဲ့ ရွာတွေမှာကျ ရဟန်းတွေနဲ့ ဒကာဒကာမ တွေဟာ သိကျွမ်းမှုမရှိပဲ ခပ်စိမ်းစိမ်း ဆိုတော့ ကျေးဇူးဆိုတာ လည်း သိပ်ပြီး မရှိလှ သလိုပါပဲ။ ကျေးဇူးတွေ နည်းပါး တော့ တစ်ဖက်နဲ့ တစ်ဖက် ထောက်ထားငဲ့ညှ ာစရာတွေလည်း သိပ်မလိုကြ လို့ ခပ်စိမ်းစိမ်း ဟာ ခပ်စိမ်းစိမ်းပဲ နေခဲ့ကြပါတယ်။ တစ်ဖက်နဲ့ တစ်ဖက် ကျေးဇူးတရားလေး တွေ အပြန်အလှန်ရှိမှ သာလျှင် နေရထိုင်ရ တာလည်း ပိုပြီး ပျော်မွေ့ စရာ ကောင်းမယ် ထင်ပါတယ်။

Credit