မြန်မာပြည် ထဲက ဆန်တွေ သိန်းပေါင်း(၈)သောင်းဖိုးလောက် လိမ်သွားတဲ့ တရုတ်ကုမ္ပဏီ

Posted on

မြန်မာ-တရုတ် နယ်စပ်မြို့ဖြစ် တဲ့ မူဆယ်မြို့မှာ ဂိုဒေါင်တစ်ခု ကိုငှားရမ်းအမှီပြုထားတဲ့ တရုတ်ကုမ္ပဏီ တစ်ခု က မြန်မာပြည် တစ်ဝှမ်းလုံးက ဆန်တွေ ကို ပွဲစားတွေ အား ဆန်တစ်အိတ် ၅၀၀ ပွဲခပေး ကာ ဈေးကောင်းပေးပြီး ကောက်ခိုင်း ပါသည် ။ စပါးပေါ်ချိန် စပါးဈေး ဆန်ဈေး ကျတဲ့ အချိန်မှာ စပါးရှား ဆန်ရှားတဲ့ အချိန်ထက် ဈေးတွေ က မိုးပေါ်မြောက်နေတော့ တစ်ခုခု ပဲ လို့ထင်မိပါတယ်

အဆိုပါ တရုတ်ပိုင် ကုမ္ပဏီက လာသွင်း သမျှ ဆန်တွေ ကို မူဆယ် ဂိုဒေါင်ကြီး မှာ သိုလှောင် ထားပြီး တရုတ်ပြည် ကို ကားတွေနဲ့ နေ့ ည မဆိုင်း သယ်ပို့ တယ် ၊ ရန်ကုန် မန္တလေး မှ လာသော ဆန်ကား တွေကို လည်း မူဆယ် မှ တရုတ်ကို တိုက်ရိုက်ပို့ ခိုင်းတယ် ၊ မြန်မာဆန်ကုန်သည် တွေ ကလည်း တရုတ်ကုမ္ပဏီ က ဆန်တွေ ကို ဈေးကောင်းကောင်း နဲ့ ဝယ်နေတယ် ဆိုပြီး အားတက်သရော ပို့လိုက်ကြ တာ ဆန်တွေ အားလုံးလည်း ကုန်ရော တရုတ်ကုမ္ပဏီ လည်း မျက်လှည့်ပြ သလိုပဲ ပျောက်သွားပါလေရော

သိလိုက်ရတာကတော့ မြန်မာ ဘက်ခြမ်း မှာ တရုတ် ကုမ္ပဏီ ရဲ့ ပိုင်ဆိုင်မှု က သိန်း(၁)သောင်းဖိုးလောက်ပဲ ရှိတယ် ၊ တရုတ်က ငွေမချေဘဲ ကျန်တဲ့ ဆန်ဖိုး က သိန်း (၈) သောင်းကျော်ဖိုး တောင် ရှိတယ် ၊ မန္တလေး နဲ့ ရန်ကုန်က ဆန်ကုန်သည် ကြီးတွေ အများဆုံး အလိမ်လိုက် ရပါတယ် ၊ ကိုယ့် မြန်မာ အချင်းချင်းဆို အကြွေး မရောင်းပေးချင်ကြဘူးလေ ၊ ပထွေး တရုတ်ကြတော့ ဟိုက ငါးစာချလိုက်တာ ယုံပြီး ငါးမျှားချိတ်မမြင်ကြပဲ အကြွေးပေးလိုက် ကြတာ ပြောင်ပါရော

တရုတ်က မြန်မာကို လိမ်လို့ ကောင်းလိုက်တာတဲ့ ၊ နောက်တပတ်ဆို ဆန်ဈေး တွေ မဟားဒယား ပြန်ကျတော့ပါမယ် ၊ တော်ပါသေးရဲ့ ၊ သတိပြုကြဖို့လိုအပ်မယ်ထင်လို့ပြောရခြင်းပါ မြန်မာပြည် ထဲကို တရုတ် ကုမ္ပဏီတွေ ဝင်လာတာ တရားဝင်လား ဆိုတာ အရင်စုံစမ်းကြည့်ကြပါဦး။

Zawgyi

ျမန္မာ-တ႐ုတ္ နယ္စပ္ၿမိဳ႕ျဖစ္တဲ့ မူဆယ္ၿမိဳ႕မွာ ဂိုေဒါင္တခု ကို အမွီျပဳထားတဲ့ တ႐ုတ္ကုမၸဏီ တစ္ခုက ျမန္မာျပည္ တစ္ဝွမ္းလုံးက ဆန္ေတြ ကို ပြဲစားေတြ အား ဆန္တစ္အိတ္ ၅၀၀ ပြဲခေပး ကာ ေဈးေကာင္းေပးၿပီး ေကာက္ခိုင္း ပါသည္ ။ စပါးေပၚခ်ိန္ စပါးေဈး ဆန္ေဈး က်တဲ့ အခ်ိန္မွာ စပါးရွား ဆန္ရွားတဲ့ အခ်ိန္ထက္ ေဈးေတြ က မိုးေပၚေျမာက္ေန ၍ တစ္ခုခုေတာ့ လို႔ထင္မိပါတယ္

အဆိုပါ တ႐ုတ္ပိုင္ ကုမၸဏီက လာသြင္း သမၽွ ဆန္ေတြ ကို မူဆယ္ ဂိုေဒါင္ႀကီး မွာ သိုေလွာင္ ထားၿပီး တ႐ုတ္ျပည္ ကို ကားေတြနဲ႔ ေန႔ ည မဆိုင္း သယ္ပို႔ တယ္ ၊ ရန္ကုန္ မႏၲေလး မွ လာေသာ ဆန္ကား ေတြကို လည္း မူဆယ္ မွ တ႐ုတ္ကို တိုက္ရိုက္ပို႔ ခိုင္းတယ္ ၊ ျမန္မာဆန္ကုန္သည္ ေတြ ကလည္း တ႐ုတ္ကုမၸဏီ က ဆန္ေတြကို ေဈးေကာင္းေကာင္း နဲ႔ ဝယ္ေနတယ္ ဆိုၿပီး အားတက္သေရာ ပို႔လိုက္ၾက တာ ဆန္ေတြ အားလုံးလည္း ကုန္ေရာ တ႐ုတ္ကုမၸဏီ လည္း မ်က္လွည့္ၿပ သလိုပဲ ေပ်ာက္သြားပါေလေရာ

သိလိုက္ရတာကေတာ့ ျမန္မာ ဘက္ျခမ္း မွာ တ႐ုတ္ ကုမၸဏီ ရဲ့ ပိုင္ဆိုင္မႈ က သိန္း(၁)ေသာင္းဖိုးေလာက္ပဲ ရွိတယ္ ၊ တ႐ုတ္က ေငြမေခ်ဘဲ က်န္တဲ့ ဆန္ဖိုး က သိန္း (၈) ေသာင္းေက်ာ္ဖိုး ေတာင္ ရွိတယ္ ၊ မႏၲေလး နဲ႔ ရန္ကုန္က ဆန္ကုန္သည္ ႀကီးေတြ အမ်ားဆုံး အလိမ္လိုက္ ရပါတယ္ ၊ ကိုယ့္ ျမန္မာ အခ်င္းခ်င္းဆို အေႂကြး မေရာင္းေပးခ်င္ၾကဘူးေလ ၊ ပေထြး တ႐ုတ္ၾကေတာ့ ဟိုက ငါးစာခ်လိုက္တာ ယုံၿပီး ငါးမၽွားခ်ိတ္မျမင္ၾကပဲ အေႂကြးေပးလိုက္ ၾကတာ ေျပာင္ပါေရာ

တ႐ုတ္က ျမန္မာကို လိမ္လို႔ ေကာင္းလိုက္တာတဲ့ ၊ ေနာက္တပတ္ဆို ဆန္ေဈး ေတြ မဟားဒယား ျပန္က်ေတာ့ပါမယ္ ၊ ေတာ္ပါေသးရဲ့ ၊ သတိျပဳၾကဖို႔လိုအပ္မယ္ထင္လို႔ေျပာရျခင္းပါ ျမန္မာျပည္ ထဲကို တ႐ုတ္ ကုမၸဏီေတြ ဝင္လာတာ တရားဝင္လား ဆိုတာ အရင္စုံစမ္းၾကည့္ၾကပါဦး။