မင်္ဂလာပွဲတစ်ခုသို့ ကိုယ်ဝန်ဆောင် ဇနီးသည်(၆)ယောက်နှင့် အတူ တက်ရောက်ခဲ့သည့် အမျိုးသား(ရုပ်သံ)

Posted on

အနောက်အာဖရိက နိုင်ငံတစ်ခုဖြစ်တဲ့ Nigerian နိုင်ငံ Lagos မြို့ရဲ့ nightclub အကြီးစားတစ်ခုကို ပိုင်ဆိုင်ဖွင့်လှစ်ထားတဲ့ Pretty Mike ဆိုတဲ့ အမျိုးသားတစ်ဦး ဟာ သူ့ရဲ့ ရင်သွေးငယ်လေးတွေ လွယ်ထားရတဲ့ ကိုယ်ဝန်ဆောင် ဇနီး (၆) ယောက်စလုံးနှင့် အတူတကွ မင်္ဂလာဧည့်ခံပွဲတစ်ခုကို တက်ရောက် လာခဲ့ပြီး ၎င်းအဖြစ် အပျက်ဟာ လူမှုကွန်ယက် Instagram မှာ နာမည်ကြီး ဂယက်ထသွားခဲ့ပါတယ်။

အဆိုပါ နိုက်ကလပ် ပိုင်ရှင် အမျိုးသား ဟာ သူတို့ တက်ရောက်ခဲ့တဲ့ မင်္ဂလာပွဲအခမ်းအနား မှာ သူ့ရဲ့ ကိုယ်ဝန်ဆောင် ဇနီး(၆)ယောက် ကို တန်းစီ ခိုင်းပြီး တစ်ယောက်ချင်းစီ ကို မိတ်ဆက်ပေးခဲ့ပါ သေးတယ်။

Pretty Mike က သူ့ရဲ့ ဇနီးသည် (၆)ယောက်နဲ့ အတူရိုက်ထားတဲ့ သူ့ရဲ့ဓာတ်ပုံကို Instagram ပေါ်မှာတင်ပြီး လှည့်စားခံရတာ မဟုတ်ဘဲ သူတို့ရဲ့ အကောင်းဆုံးဘဝမှ ာသာ နေထိုင်နေတာပါ လို့လည်း ဆိုခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ် (၉)လပိုင်းလောက်ကလည်း Mike ဟာ မင်္ဂလာဝတ်စုံ ဝတ်ထားတဲ့ သတို့သမီး (၅)ယောက်နဲ့ အတူတွ ရိုက်ထားတဲ့ ပုံတင်ခဲ့ပြီး သူ့ရဲ့ရည်းစားဟောင်း (၂)ယောက် နဲ့ လက်ရှိရည်းစား (၃)ယောက် ကို တစ်ပြိုင်တည်း လက်ထပ်ဖို့ က သူ့ရဲ့အိမ်မက် ပါလို့ ဆိုထားပါသေးတယ်။

သို့ပေမယ့်လည်း ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်း က Mike ဟာ မင်္ဂလာပွဲတစ်ခုသို့ ကောင်မလေးတွေ ကို ခွေးလို ချိန်းကြိုးတွေနဲ့ ချည်ပြီး တက်ရောက်ခဲ့တာ ကြောင့် အရေးယူခံခဲ့ရ ပါသေးတယ်။ လက်ရှိအချိန်မှာတော့ အင်တာနက် အသုံးပြုသူတွေကြားမှာ Mike ဟာ ရှုးသွပ်နေ ပြီး လူတွေရဲ့အာရုံစိုက်မှု ကို သက်သက်လိုချင်လို့သာ အခုလို လုပ်နေတာဖြစ်ကြောင်း ဝေဖန်မှုတွေ ရှိနေကြပါတယ်။

Mike ဟာ သရုပ်ဆောင်နဲ့ လူရွှင်တော် Williams Uchemba ရဲ့မင်္ဂလာပွဲကို လည်း တက်ရောက်ခဲ့ ဖူးပါ သေးတယ်။ Mike က သူ့ဇနီးတွေနှင့်ခုလို အတူတကွ ယှဥ်တွဲပြီး သွားလာနေတာဟာ ရူးသွပ်မှုကြောင့်လား သူ့ရဲ့စိတ်ကူးကို တမင်အကောင်အထည်ဖော် နေလားဆိုတာကို တော့ မည်သူမှ တတ်အပ် မပြောနိုင်ကြပါဘူး။ Credit

Zawgyi

အေနာက္အာဖရိက နိုင္ငံတစ္ခုျဖစ္တဲ့ Nigerian နိုင္ငံ Lagos ၿမိဳ႕ရဲ့ nightclub အႀကီးစားတစ္ခုကို ပိုင္ဆိုင္ဖြင့္လွစ္ထားတဲ့ Pretty Mike ဆိုတဲ့ အမ်ိဳးသားတစ္ဦး ဟာ သူ႔ရဲ့ ရင္ေသြးငယ္ေလးေတြ လြယ္ထားရတဲ့ ကိုယ္ဝန္ေဆာင္ ဇနီး (၆) ေယာက္စလုံးႏွင့္ အတူတကြ မဂၤလာဧည့္ခံပြဲတစ္ခုကို တက္ေရာက္လာခဲ့ၿပီး ၎အျဖစ္အပ်က္ဟာ လူမႈကြန္ယက္ Instagram မွာ နာမည္ႀကီးသြားခဲ့ၿပီး အဆိုပါ နိုက္ကလပ္ ပိုင္ရွင္ အမ်ိဳးသား ဟာ သူတို႔ တက္ေရာက္ခဲ့တဲ့ မဂၤလာပြဲအခမ္းအနား မွာ သူ႔ရဲ့ ကိုယ္ဝန္ေဆာင္ ဇနီး(၆)ေယာက္ ကို တန္းစီ ခိုင္းၿပီး တစ္ေယာက္ခ်င္းစီကို မိတ္ဆက္ေပးခဲ့ပါ ေသးတယ္။

Pretty Mike က သူ႔ရဲ့ ဇနီးသည္ (၆)ေယာက္နဲ႔အတူရိုက္ထားတဲ့ သူ႔ရဲ့ဓာတ္ပုံကို Instagram ေပၚမွာတင္ၿပီး လွည့္စားခံရတာ မဟုတ္ဘဲ သူတို႔ရဲ့ အေကာင္းဆုံးဘဝမွ ာသာ ေနထိုင္ေနတာပါ လို႔လည္း ဆိုခဲ့ပါတယ္။ လြန္ခဲ့တဲ့ ႏွစ္ (၉)လပိုင္းေလာက္ကလည္း Mike ဟာ မဂၤလာဝတ္စုံ ဝတ္ထားတဲ့ သတို႔သမီး (၅)ေယာက္နဲ႔ အတူတြ ရိုက္ထားတဲ့ ပုံတင္ခဲ့ၿပီး သူ႔ရဲ့ရည္းစားေဟာင္း (၂)ေယာက္ နဲ႔ လက္ရွိရည္းစား (၃)ေယာက္ ကို တစ္ၿပိဳင္တည္း လက္ထပ္ဖို႔ က သူ႔ရဲ့အိမ္မက္ပါလို႔ ဆိုထားပါေသးတယ္။

သို႔ေပမယ့္လည္း ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္တုန္း က Mike ဟာ မဂၤလာပြဲတစ္ခုသို႔ ေကာင္မေလးေတြ ကို ေခြးလို ခ်ိန္းႀကိဳးေတြနဲ႔ ခ်ည္ၿပီး တက္ေရာက္ခဲ့တာ ေၾကာင့္ အေရးယူခံခဲ့ရ ပါေသးတယ္။ လက္ရွိအခ်ိန္မွာေတာ့ အင္တာနက္ အသုံးျပဳသူေတြၾကားမွာ Mike ဟာ ရႈးသြပ္ေန ၿပီး လူေတြရဲ့အာ႐ုံစိုက္မႈ ကို သက္သက္လိုခ်င္လို႔သာ အခုလို လုပ္ေနတာျဖစ္ေၾကာင္း ေဝဖန္မႈေတြ ရွိေနၾကပါတယ္။

Mike ဟာ သ႐ုပ္ေဆာင္နဲ႔ လူရႊင္ေတာ္ Williams Uchemba ရဲ့မဂၤလာပြဲကို လည္း တက္ေရာက္ခဲ့ ဖူးပါ ေသးတယ္။ Mike က သူ႔ဇနီးေတြႏွင့္ခုလို အတူတကြ ယွဥ္တြဲၿပီး သြားလာေနတာဟာ ႐ူးသြပ္မႈေၾကာင့္လား သူ႔ရဲ့စိတ္ကူးကို တမင္အေကာင္အထည္ေဖာ္ ေနလားဆိုတာကို ေတာ့ မည္သူမွ တတ္အပ္ မေျပာနိုင္ၾကပါဘူး။

Mia (Mckzone Daily)